နှစ်သစ်ကို ဘုရားဖူးရင်းနှုတ်ခွန်းဆက်သလိုက်ကြရအောင်လားရှင် …
နှစ်ဟောင်းကို နှုတ်ဆက်သူတွေ …. နှစ်သစ်ကို ကြိုဆိုသူတွေနဲ့ ကျွန်မတို့ Blog ရပ်ဝန်းလေးမှာသက်ဝင်လှုပ်ရှားနေသလို ကျွန်မလည်း ဘာရယ်မဟုတ် ထိုင်ပြီး အတွေးတွေပွားနေမိပါတယ် ….
ဘာရယ်မဟုတ်ဆိုပေမယ့် တကယ်တော့ အလေးအနက်တွေးနေမိတာပါ ….
လူဆိုတာ မကောင်းမှုတွေနဲ့မွေ့လျော်တတ်တဲ့အမျိုးမဟုတ်လား … ဒါ့အပြင် ကိုယ်မကောင်းတာကိုလဲ မကောင်းမှန်း သိချင်မှသိတတ်သလို၊ သိပြန်ရင်လည်း ဖော့တွေးတတ်ကြတာကလား ….. အဲ့ဒီတော့ မကောင်းမှုတွေက လျော့သွားဖို့ထက် တိုးလာဖို့အခွင့်အလမ်းကပိုများနေတယ်လေ …..
ကျွန်မမှာလဲ မကောင်းမှုတွေများမှများပေါ့ …. ကောင်းတာတစ်ခုလျော့ချနိုင်ရင် မကောင်းတာနှစ်ခုလောက်ကပြန်တက်လာသလိုပဲ …. ဒါပေမယ့် အဆိုးထဲကအကောင်းလို့ပြောရမယ်ထင်တယ် ….. လျော့မချနိုင်ရင်တောင်မှ ကိုယ်ဘာတွေမကောင်းဘူးလဲဆိုတာကိုသိရင် ပြင်ဖို့ လမ်းစတွေ့နိုင်မယ်လေ …..
အဲ့ဒီတော့ လာမဲ့ ၂၀၀၉ အတွက် ကျွန်မချစ်သော သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဘလော့မောင်နှမများ အတွက်ကျွန်မဆုတောင်းပေးချင်တာက
နှစ်သစ်မှာ ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန်ဝေဖန်ဆန်းစစ်နိုင်သောသူတွေ ဖြစ်ကြပါစေ ….
ကိုယ့်ရဲ့မကောင်းသောအကျင့်တွေကို ကိုယ်တိုင်သိပြီး ပြုပြင်နိုင်သောသူတွေဖြစ်ကြပါစေလို့
ဆုတောင်းပေးလိုက်ချင်ပါတယ်ရှင် ….
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
5 Comments:
တန်ဖိုးရှိတဲ့ နှစ်သစ်ဆုတောင်းလေး ယူသွားပါတယ်။
နှစ်သစ်မှာ
လှပတဲ့နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ
http://winzaw-mdy.blogspot.com
ဆုတောင်းလေး က လူကြီးဆန်တယ်ဗျို့ ကျေးဇူးပါ အစ်မရေ့ နှစ်သစ်မှာ ပျော်ပါစေ။
တန်ဖိုးရှိတဲ့နှစ်သစ်ဆုတောင်လေး ယူသွားပါတယ်ဗျာအစ်မရေ။ နှစ်သစ်မှာပျော်ရွှင်ပါစေဗျာအစ်မရေ။
ညီမလေးရေ.. နှစ်သစ် ဆုတောင်းလေးပြည့်ပါစေလို့ အမက ထပ်ဆင့် ဆုတောင်းပါတယ်.. ဘာလို့လည်းဆိုတော့ အမကိုယ်တိုင်လည်း ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်တွေကို သိပြီး ပြင်ဖို့ကျတော့ ခက်နေလို့.. :)
Happy New Year 2009!!!
မနေ့က ၂၀၀၀ ခုနှစ် New Year ပုံတွေ ပြန်ကြည့်ရင်း ဂိမ်းတွေဆော့တဲ့ပုံမြင်တော့ သူငယ်ချင်းအားလုံးကို သတိရမိတယ်.. :)
ကောင်းလိုက်တဲ့ဆုတောင်းလေးအမရေ
Post a Comment