
(Image from www.julienna.com/pictures/2001pictures.htm)
ရန်ကုန်ဆောင်းကတော့ ထုံးစံအတိုင်း သိပ်မအေးလှပါဘူး ….
ကလေးတွေကတော့ ဒီဇင်ဘာမှာကျောင်းပိတ်ရက်တွေနဲ့မို့လို့ ပျော်ရွှင်နေကြပေမယ့် ကျွန်မလို(၁၀) တန်းကျောင်းသူ/သားတွေကတော့ ပျော်နိုင်မယ်မထင်ဘူး … အတန်းတင်ကြီးက တဖြေးဖြေးနီးလာတော့ ပြေးပြေးလွှားလွှားနဲ့ပဲ ကျူရှင်တွေတက်လိုက်၊ စာကျက်လိုက်နဲ့ပေါ့ … အလှအပဆိုလဲ မခံစားနိုင်ပါဘူး … ကောင်လေးချောချောလေးတွေမြင်ရင်တောင် လိုက်မကြည့်အားပါဘူး …. ကျူရှင်တွေက တစ်ခုနဲ့တစ်ခု နာရီဝက်လောက်ပဲကွာတာမဟုတ်လား …. ဒီတော့ အသည်းအသန် ပြေးနေရတာချည်းပဲလေ …
ဒီဇင်ဘာလက ကျွန်မအတွက် အမှတ်တရ တချို့ဖန်တီးပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ခဲ့ပါဘူး … ကျွန်မ မမျှော်လင့်တဲ့ ဒီဇင်ဘာဆာင်းတစ်ရက်မှာပေါ့ … မထင်မှတ်ပဲ သူနဲ့ဆုံခဲ့ရတယ် .. သူ့မှာထင်ရှားတဲ့ ရုပ်လက္ခဏာရှိပေမယ့် ကျွန်မ စိတ်ဝင်စားတဲ့ပုံစံမျိုးမဟုတ်လေတော့ ကျွန်မလဲ သတိမထားခဲ့မိဘူးလေ ….
သူနဲ့ဆုံတွေ့ပုံကလဲ ထူးခြားတော့ ကျွန်မသူ့ကို ဒီကနေ့ထိ မမေ့နိုင်ခဲ့ဘူးပေါ့ … သူ့အကြောင်းပြန်ပြောပြတိုင်း ကျွန်မ နာနာကျင်ကျင်ခံစားရပြီး မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရတယ် … ကျွန်မသူငယ်ချင်းတွေထဲက တချို့ဆိုလဲ မျက်ရည်ဝဲတဲ့အထိဖြစ်ကြရတယ် ….
ကျွန်မ (၁၀)တန်းတုန်းက ရန်ကုန်မှာ နံပါတ်(၁၂) ဟီးနိုးနှစ်စီးတွဲယာဉ်တွေ ဆွဲနေတုန်း အချိန်ပေါ့ …. ကျွန်မက အရပ်ကလည်းမရှည်လေတော့ အဲ့ဒီနှစ်စီးတွဲယာဉ်ရဲ့ အပေါ်လက်ကိုင်တန်းကို မမှီ့ တမှီလေး၊ ခြေဖျားထောက်လေကာမှ မှီတယ်လေ ….. ကျွန်မ ကျူရှင်ကပြန်လာတဲ့တစ်နေ့ နံပါတ်(၁၂) ကားကိုစီးပြီး ပြန်အလာမှာ ကျွန်မဆင်းရမယ့်မှတ်တိုင်နားရောက်တော့ ကျွန်မလဲ မမှီ့တမှီလက်တန်းကို လွှတ်ပြီး ဆင်းမယ့်အပေါက်နားက လက်ကိုင်ကို လှမ်းအကိုင်ပေါ့ … ကားက ဘာဖြစ်တယ်မသိပါဘူး ဘရိတ်ကို ဆောင့်နင်းလိုက်တယ် …. ကျွန်မလည်းကိုးယိုးကားယားနဲ့ ဘယ်ကိုမှကိုင်လို့မမှီတော့ ခြေဖျားထောက်ပြီး သွက်သွက်လက်လက်နဲ့ အပေါ်လက်တန်းကို လှည့်မကြည့်ပဲကိုင်လိုက်မိတယ် … ကျွန်မလက်က လိုရာမရောက်ပဲ လေထဲမှာတန်းလန်းကြီးဆိုတာရယ်၊ လက်ညှိုးလေးအေးသွားတာရယ်ကို တစ်ပြိုင်နက်ခံစားသိရှိလိုက်တဲ့ တခဏ၊ ကားကလဲ အရပ်၊ ကျွန်မကလဲလှည့်အကြည့် …. အဲ့ဒီမှာသူနဲ့တွေ့တော့တာပေါ့ …. အဟင့် … ကျွန်မလက်ညှိုးလေး ဘ၀ပျက်နေပုံများ … သူဆိုတဲ့ ကျွန်မတို့ရပ်ကွပ်ထဲမှာ နွားနို့ရောင်းတဲ့ အသားမည်းမည်းကုလားလေးရဲ့ နှာခေါင်းပေါက်ကျယ်ကျယ်ထဲကိုမှ တည့်တည့်ကြီးကို ၀င်နေတော့တယ်လေ …. ကျွန်မလေ ရင်တွေတုန်လာပြီး ရွံလိုက်တာဆိုတာလေ ပြောတောင်မပြတတ်ဘူးရယ် …. သူကလဲ အံ့သြတဲ့မျက်နှာနဲ့ စိတ်လဲမဆိုးပဲ “အဟီး” ဆိုပြီးရယ်ပြရှာပါတယ် … တစ်ကားလုံးကလဲ ပြုံးစိစိနဲ့ဝိုင်းကြည့်ကြတော့ ကျွန်မလဲရှက်ရှက်နဲ့ အမြန်ဆင်းလိုက်တဲ့သကာလ “၀ုန်း” ကနဲ ဆိုပြီး ကားခြေနင်းရဲ့ အောက်ဆုံးထစ်ကို ဖင်ထိုင်ရက်လေးကျသွားတယ် … ဖိနပ်က သားရေ ခြေညှပ်ဆိုတော့ ချော်ကျတာလေ…. တင်ပါးတစ်ခုလုံးနာကျင်သွားပေမယ့် ဘတ်စ်ကားမှတ်တိုင်ကလဲ လ္ဘက်ရည်ဆိုင်ဆိုတော့ အိမ်ကိုပဲ ခပ်သုတ်သုတ်ပြေးရတော့တာပေါ့ ….
ဒါကြောင့်ကျွန်မပြောပြပါတယ် … ကျွန်မတို့ ဆုံတွေ့ပုံက ထူးခြားတယ်လို့၊ ပြန်ပြောတိုင်း နာနာကျင်ကျင်ခံစားရပြီး မျက်ရည်ကျတယ်လို့လေ…. (ရယ်ရလွန်းလို့ပါ)
ဒီဇင်ဘာလက ကျွန်မအတွက် အမှတ်တရ တချို့ဖန်တီးပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ခဲ့ဘူးရယ် ……
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
5 Comments:
အမ်.......ချစ်သူကောင်လေးနဲ့ ဇတ်လမ်းကလေးလားလို့  ကုလားလေးနဲ့  ဘာမှန်းလည်းမသိဘူး အတည်ပေါက်ကြီးနဲ့း)
အာာာာာာာာာာာာ...
ငါ့အစ်မတော့ စွံပြီမှတ်နေတာ။
ကုလားကြီးနဲ့..... :(
ဆိုးသွမ်း
ဟား..ဟား.. ဖြစ်မှ ဖြစ်ရလေ.. .. အဲ.. ကြယ်ပြာရယ်...။ အိမ်ရောက်တော့ လက်ကို ဆပ်ပြာနဲ့  သေချာဆေးလိုက်ရဲ့လား..။
အာ ... သေချာဆေးတာပေါ့ မလေးရ .... မဆေးပဲနေပါ့မလားလို့ .... :P
အဟားးးး
ငါ့ညီမတို့ စွံပုံကတော့...
တော်သေးတာပေါ့ လက်သည်းအရှည်မထားတတ်လို့ ...
ဖြစ်ပုံပျက်ပုံရယ်ရတာအပြင် တင်ပြပုံလည်း ကောင်းပါတယ်... နောက်ဒါမျိုးလေးတွေ ရေးပါဦး...
Post a Comment