Saturday, June 20, 2009

ကိုယ်ဘာသာကိုယ်လုပ် .....

ဒီပုံလေးက သူငယ်ချင်းတွေဆီကတဆင့်ရတဲ့ ပုံလေးပါ ... ရယ်ရလို့ သူငယ်ချင်းတွေကို ရှဲလိုက်ပါတယ် ...


.

Wednesday, December 17, 2008

ပိုနေမြဲ၊ ကျားနေမြဲ ....

A newly wedded girl was being welcomed at her husband's home in a traditional manner. She was asked to give a little speech.

She addressed as follows: "My dear family members, I thank you for welcoming me in my new home and family", she said "Firstly, with my presence I would not want to create any inconveniences by my being here. I mean that I don't want you all to change your way of life, your routine."

"What do you mean my child?" asked the head of the family. "What I mean dad is: Those who used to wash dishes must carry on washing them. Those who used to do the laundry must carry on doing it. Those who cooked shouldn't stop on my account. Those who used to clean should clean."

As for me, I am here just to control your son.

Tuesday, December 9, 2008

ကလေးအတွေး


ဒီပုံလေးတွေကို သူငယ်ချင်းရဲ့ဖော်ဝဒ်မေးလ်ထဲကရတာပါ။ သူတို့လေးတွေ တွေးပြီး ဖြေထားတဲ့ အဖြေလေးတွေကိုဖတ်ရင်း ကျွန်မ ရယ်မောရသလို သူငယ်ချင်းတွေကိုလဲ ရယ်မောပျော်ရွှင်စေချင်လို့ မျှဝေလိုက်ပါတယ်ရှင်။ ပြုံးပျော်နိုင်ကြပါစေ။













Tuesday, December 2, 2008

လယ်သမားနှင့်ဂြိုလ်သား


တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်သားတစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး
လစ်တော့တာပဲ"

တစ်ရက်၊ နှစ်ရက်မမြင်ရဘူး ....


နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး
အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း
မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။
သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ
စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ
တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊
ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..
သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"