စိတ်ကူးတွေ ခပ်ပါးပါးနဲ့
တယောက်တည်းနေချင်ချိန်တွေမှာ
စကားသံတွေက နှောက်ယှက်တယ် ....
ကြည့်လဲမသိ ပြောလဲမနာ
မကြားယောင်ဆောင်လဲမရ
အခါခါ စိတ်ပျက်ရပေါင်းလဲများပြီ ....
ထပ်ခါ ထပ်ခါဖွင့်တဲ့ဓါတ်ပြား
ကိုယ့်အတွက် ဟောင်းသွားပေမယ့်
သူ့အတွက်တော့ သစ်နေတုန်းပဲ ....
ကိုယ့်ဖိစီးမှု့နဲ့ကိုယ်
ရုန်းကန်နေကြပါတယ်ဆိုမှ
ဘာလို့ နားလည်မှု့ တစ်မှုန်စာလောက်တောင်မရှိကြတာပါလိမ့် ....
ကြာတော့လဲ
ငါ့နားတွေ၊ မျက်စိတွေတောင်
ကောင်းလျက်နဲ့ကန်းကုန်ကြပြီ ......
မှတ်ချက်။ ။ သူများနဲ့တူတူနေရတဲ့အခါတွေမှာ ကိုယ့်ကြောင့်သူတစ်ပါး စိတ်မဆင်းရဲစေချင်သလို၊ သူများကြောင့်လဲ ကိုယ်စိတ်မညစ်ချင်ပါဘူး ... အသွင်မတူတဲ့အခန်းဖော်နဲ့တူတူ နေခဲ့ရတုန်းက စိတ်ညစ်လို့ရေးထားဖူးတဲ့ ကဗျာတစ်ပုဒ်ပါ ....
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
5 days ago
0 Comments:
Post a Comment