ဟိုနားကစစ်ကနဲနာ၊ ဒီနားကစစ်ကနဲကိုက်
ခပ်တိုးတိုး ညည်းငြူသံတွေကြားယောင်
သက်ပြင်းမောတွေ အခါခါချရင်း
အတွေးတွေညဉ့်နက်
အိပ်မရခဲ့တာကြာပေါ့
ထမင်းတစ်လုတ် ပါးစပ်ထဲထည့်တိုင်း
အတွေးတစ်စ ၀င်ဝင်လာတယ်
ထမင်းလုတ် ပါးစပ်ထဲရောက်ဖို့အတွက်
အဆင်ပြေပြေ သယ်လာမယ့် လက်ရယ်၊ ဟနိုင်တဲ့ပါးစပ်ရယ်
ဝါးနိုင်တဲ့သွားတွေရယ်
ရှိဖို့ တကယ်လိုအပ်တာပါ
လောကကြီးမှာ
မညီမျှတာတွေ အလဲအလှယ်လုပ်တာမြင်ရတိုင်း
ရင်ဘတ်ထဲက ကျင်နေအောင်နာတာ
သူများမပြောနဲ့ ကိုယ့်အနီးနားကလူတွေတောင်
ကိုယ်ချင်းမစာတတ်ကြဘူး
ဒီလို ဒီလိုနဲ့ပဲ
အချိန်တွေ တရွေ့ရွေ့
သွားတဲ့သူတွေ သွားကြပြီ
ကျန်တဲ့သူတွေ ကျန်ခဲ.ပြီ
ကောင်းတဲ့သူတွေ ကောင်းသွားပြီ
ဆိုးတဲ့သူတွေလဲ ဆိုးနေကြတုန်းပါပဲ
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
0 Comments:
Post a Comment