ကျွန်မတို့ ငယ်ငယ်က BMX ဆိုတဲ့စက်ဘီးစတန့်ထွင်ပြီးစီးတဲ့ ဗီဒီယိုကားလေး ကလေးတွေကြားမှာ တော်တော်လေးနာမည်ကြီးတဲ့အချိန် ကျွန်မတို့ရပ်ကွက်မှာလဲ စက်ဘီးယဉ်ကျေးမှု့တစ်ရပ်ထွန်းကားခဲ့ပါတယ် …. ညနေဆိုရင် အပျိုတွေအရွယ်စုံက အလှပြင်ပြီး စက်ဘီးစီးထွက်ကြသလို လူပျိုတွေအရွယ်စုံကလဲ မျက်စိအစာကျွေးကြ၊ လိုက်ကြောင်ကြနဲ့ ကျွန်မတို့ရပ်ကွက်ရဲ့ လမ်းမကြီးတစ်လျှောက် စက်ဘီးများနဲ့ပြည့်နေတတ်ခဲ့ပါတယ် ….
ကျွန်မကလည်း စက်ဘီးစီးရတာ သိပ်ပျော်တာပေါ့ ….. ညနေဆိုရင် သနပ်ခါးဖုံဖုံလေးလူး(အပျိုတွေလိုမပြင်တတ်တော့) ကျွန်မသူငယ်ချင်း အစ်မကြီးနဲ့ စက်ဘီးစီးထွက်လေ့ရှိပါတယ် …. အဲ့ဒီလိုနဲ့တစ်နေု့ ကျွန်မရဲ့ ကလေးသာသာအရွယ်(၅တန်းအရွယ်ပါ)နဲ့ ကလေးမသာရုပ်လေးကို ကျွန်မထက်အသက်အနည်းငယ်သာကြီးသော( ၆ တန်းအရွယ်) ကောင်လေးတစ်ယောက်က ဘယ်လိုကနေ ဘယ်လိုသဘောကျသွားလဲမသိ တကောက်ကောက်လိုက် စကားပြောပါလေရောရှင် ….
တွေ့တိုင်းတကောက်ကောက်လိုက်စကားပြောတဲ့ အဲ့ဒီကောင်လေးက တစ်နေ့မှာ ကျွန်မ ကာတွန်းစာအုပ်အငှားဆိုင်သွားတုန်း လမ်းမှာတွေ့တော့သူကကျွန်မစက်ဘီးရှေ့ကရပ်ပြီး ၊ စက်ဘီးလက်ကိုင်ကို ဖမ်းဆွဲ ရည်းစားစကားပြောပါလေရော …. ကျွန်မက ရှက်ရမယ့် အစား စိတ်ထဲက “ အောင်မယ် … ဒီကောင် ငါ့စက်ဘီးလက်ကိုင်ကို ဆွဲပစ်လိုက်တာများ မတော် ငါလဲရင်ဒုက္ခ၊ ငါ့ကိုအရှက်ကွဲအောင်လုပ်တယ်” ဆိုပြီး စိတ်တွေလှိမ့်တိုလာရော ….. စိတ်နဲ့တစ်ထပ်တည်း လက်ကပါ သူ့ပါးပေါ်ဖြောင်း ကနဲရောက်သွားလိုက်တာများ မြန်သလားမမေးနဲ့ …. ပြီးတော့ ကျွန်မလည်း စက်ဘီးနင်းပြီး ထွက်ပြေးပါလေရော … ကျွန်မစိတ်ထဲတော့ ဟိုခမျာ ကြောင်ပြီးကျန်ရစ်ခဲ့မယ်ထင်နေတာ ……
တကယ်တော့ သူက ကျွန်မနောက်ကိုပြေးလိုက်ပြီး ဆိုင်ရှေ့ကရပ်စောင့်နေပါလေရော …
“၀မ်းနည်းပက်လက်လုပ်ရက်လေခြင်း” ဆိုတဲ့ မျက်နှာပေးနဲ့များထင်လို့လားဟင် ….
ဝေးပါ့ရှင် …. ကျွန်မကို ချစ်ပုံများ …. လက်ဝါးကို လက်သီးနဲ့ထိုးထိုးပြီး ဒေါသအချောင်းလိုက်ထွက်နေတဲ့ရုပ်နဲ့ ဆိုင်အပြင်က စောင့်နေတာရှင် ….. ကျွန်မလဲ သူ့ပုံစံမြင်ပြီးတော့ ဆိုင်အပြင်မထွက်ရဲတော့ဘူး ဖြစ်နေတာပေါ့ …. ဒါပေမယ့် ကျွန်မက အမေ့ကို နာရီဝက်ပဲကြာမယ်ပြောထားတော့ အဲ့ဒီထက်လဲပိုမနေရဲဘူး …. အမေဆူမှာ ကိုပိုကြောက်တယ်လေ.. ..
နောက်ဆုံးတော့ သတ္တိခဲ ကျွန်မတစ်ယောက်ဆိုင်ပြင်ထွက်လာရတော့တာပေါ့ ….
ဆိုင်ပြင်ရောက်တာနဲ့ ဟိုကောင်လေး ကျွန်မဘေးရောက်လာပြီး ကျွန်မကို နပမ်းလုံးပါလေရော ။ ကျွန်မကလဲ အစ်ကိုတစ်ယောက် နဲ့မောင်တစ်ယောက်ကြားမှာနေတာဆိုတော့ ပေါက်တဲ့နဖူးလဲ မထူးတော့ပြီမို့ ပြန်ပြီး နဘမ်းလုံးတာပေါ့ ဘယ်ရမလဲ …. သူတစ်ပြန်၊ ကိုယ်တစ်ပြန်နဲ့ ဆိုင်ရှေ့ ကတ္တရာလမ်းပေါ်မှာ လှိမ့်ပြီးနဘမ်းလုံးကြတာများ လူကြီးတွေဝင်ဆွဲမှ ရပ်တော့တယ် ….
နောက်ဆုံးရလဒ်က ကျွန်မ ပါးရိုးပေါ်မှာ သူ့လက်သည်းနဲ့ခြစ်မိလို့သွေးထွက်သွားတယ် …
ပြီးတော့ ကတ္တရာလမ်းပေါ်လှိမ့်လိုက်ရလို့ ဒူးတွေ၊ တံတောင်တွေကွဲသွားတယ် ….
ဒါပေမယ့်နောက်ပိုင်းလမ်းမှာတွေ့ရင် ကျွန်မကို “ရန်သူတော်၊မိတ်ဆွေကြီး” လို့ မကြားတကြားပြောတာကလွဲရင် ကျွန်မနောက်မလိုက်ရဲတော့ပါဘူး ….
မှတ်ချက်။ ။ သူနဲ့ချတုန်းက သူ ကရာတေးသင်တန်းတက်ခါစဆိုတာမသိပါဘူး။ နောက်တော့ ၀တ်စုံကြီးနဲ့ အိမ်ရှေ့ကဖြတ်လမ်းသလားမှသိတာ။ ကံကောင်းတာက သူကခါးပတ်အဖြူမို့ ကျွန်မသိပ်မထိခိုက်ဘူးထင်ပါရဲ့။း)
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
6 Comments:
ကိုယ်တွေ့လေး လာဖတ်တယ်.. ကောင်းတယ်
http://winzaw-mdy.blogspot.com/
အမရေကြည့်ကျက်လုပ်ဦးနော်hero လုပ်မယ်ဆိုလည်းနောက်ကိုခါးပတ်ကဘာအရောင်လဲလို့အရင်မေးထားဦး ဟီး
ဟဟ ရေးတက်ပဗျာ..အမ လည်းသင်ထားတယ်နဲ့တူတယ်နော် နပန်းသတ်ပညာ ဟီးဟီး
:P ကောင်းပါတယ်
ကြောက်နေရပါလား
နပန်းတောင် ပြန်လုံးလိုက်သေးတယ်။
နပန်းလုံးနေတာ စိတ်ထဲက မြင်ယောင်
ကြည့်လိုက်ဦးမယ်။း)
ဆိုးသွမ်း
တိန်... ကြောက်နေရပါလား..
ဟိုကောင်လေး... လက်သရမ်းချက်ကလဲ ပေါင်မှာ ခြစ်ရာတောင်ဖစ်တယ်။
ဒွတ်ခ..
:P
အမောင်ပိစိ မျက်မှန်တပ်ဖတ်ကွဲ့ ... ဘယ်နှယ့်ပေါင်မှာတုန်း ... ပါးရိုးပေါ်လို့ရေးထားတာပါကွယ် ... ဒွတ်ခ ..
Post a Comment