
ကောင်လေးရေ
မထင်မှတ်ခဲ့ဘူးကွယ် …
တခဏတာလေးနဲ့တင်
တစ်ဘ၀စာတွယ်တာသွားမိမယ်လို့လေ ….
စိတ်ကူးတွေကိုရွက်လွှင့်လိုက်တော့
တိုက်နေတဲ့လေတွေထဲမှာတောင်
မင်းစကားလုံးတွေကမျောလွင့် ……..
သာယာခြင်းဆိုရင်တောင်
လွင့်ပြယ်သွားမှာကြောက်လို့
ဖန်ပေါင်းချောင် စိတ်နှလုံးထဲမှာ
ခပ်ဖွဖွ ထည့်သိမ်းထားပါရစေ ……
ခဏလေး……………….နော်
မတွေးလိုက်ပါနဲ့ ….
မျက်လုံးလေးခဏမှိတ်လို့
တိတ်တိတ်လေးနေလိုက်ပါ ….
ငါတို့စိတ်ဝိဥာဉ်တွေ
အတောင်ပံကွန့်မြူးနေတုန်း ….
တာရှည်ခံချင်ပါတယ်ဆိုမှ ….
ပွင့်ခွင့်လေးတောင်မရလိုက်တဲ့
ငါတို့ရဲ့ အချစ်ပန်းပင်လေး ….
အမြစ်ကနေတော့ မနှုတ်လိုက်ပါနဲ့ …
ပျိုးထောင်ချိန်မကြာသေးပေမယ့်
ငါလေ…… နှမြောလွန်းလို့ပါ …..
ရေးချိန် - ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၀၈
Yosemite National Park - 1
-
Yosemite Valley, El Capitan, The Ahwahnee hotel, Merced river
July 19, 2026.
Yosemite valley
El Capitan
Yosemite Falls
The Awahnee hotel
16 hours ago
3 Comments:
ကောင်လေး သို့ ဆိုတဲ့ ကဗျာလေးက နုညံ့စွာနဲ့ ဆွေးဆွေးလေးပဲ ပွင့်ခွင့်မရတဲ့ အချစ်ပန်းလေးအတွက်တော့ စိတ်မကောင်းဖြစ်မယ်တယ်။ ရေပုံမှန်လောင်းပေါ့ အစ်မရေ့ ပွင့်လာလိမ့်မယ်း)
ခံစားလွယ်တဲ့ စိတ်အစဉ်ရဲ့ ပွင့်အန်ထွက်လာတဲ့ စာသားနုနု လေးတွေက ကဗျာလှလှ လေးတွေ ကိုဖြစ်တည်စေခဲ့တာမို့ ဖတ်လို့ပျော်စေတယ်။
ခံစားချက်ကို ကူးစက်စေခဲ့တယ်။
နှစ်မြောစေခဲ့တယ်။
http://winzaw-mdy.blogspot.com
တစ်ခဏတာလေးနဲ့တင် တစ်ဘ၀စာတွယ်သွားမိတယ်
ကောင်းတယ် အမရေ အဆင်ပြေပါစေဗျာ
Post a Comment