ဒီအဟောလေးက ဘယ်နှစ်ခုနှစ်မှာ ကိုယ့်ကံကဘယ်လိုဖြစ်မလဲဆိုတာ တွက်ကြည့်တာမျိုးပါ။
သိချင်တဲ့နှစ်ကို ကြိုတွက်လို့ရသလို ကျန်ခဲ့တဲ့နှစ်တွေကိုလဲတွက်ကြည့်လို့ရပါတယ်။
ဒီအဟောလေးကို ၂၀၀၂ ခုနှစ်လောက်တုန်းက စာအုပ်တစ်အုပ်ကနေဖတ်မိပြီး စိတ်ဝင်စားလို့ကူးရေးထားမိပါတယ်။ စာအုပ်နာမည်မမှတ်မိတော့တဲ့အပြင် မူရင်းရေးသားသူဘယ်သူမှန်းလဲ မှတ်မထားမိလိုက်ပါဘူးရှင်။ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ယူဆလို့ ကျွန်မသူငယ်ချင်းများကို ဝေမျှလိုက်ပါတယ်။
တွက်ချက်ပုံက ဒီလိုပါ ….
သူငယ်ချင်းတို့ရဲ့ မွေးရက်၊ မွေးလ နဲ့ သိချင်တဲ့နှစ်ကို ချရေးပြီး ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းလိုက်ပါ။ ဥပမာ ……
မွေးရက် + မွေးလ + သိလိုသောနှစ်
၂၄ + ၇ + ၂၀၀၉
(၂+၄) + ၇ + (၂+၀+၀+၉)
၆ + ၇ + ၁၁ = ၂၄
ရလာတဲ့အဖြေ ၂၄ ကိုလည်း ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ ….
၂ + ၄ = ၆ ….
ဒါဆိုရင် ၆ ဂဏန်းအတွက်အဟောကို သွားဖတ်ရမှာပါ …. သူငယ်ချင်းတို့နားလည်မယ်လို့မျှော်လင့်ပါတယ်။
၁ ဂဏန်း။ ။ ထူးခြားသောတက်လမ်းရှိမည်။ အပြောင်းအလဲရှိမည်။ လုပ်ငန်းသစ်အောင်မြင်မည်။ တစ်ကြိမ်မှမလုပ်ဖူးသေးသည်များလုပ်ကိုင်အောင်မြင်မည်။ အလုပ်နေရာ၊ အိမ်နေရာအပြောင်းအလဲရှိမည်။ ဘ၀အတွက်အရေးပါသော ခြေလှမ်းများစတင်ရမည်။ အိမ်ဆောက်၊အိမ်ပြင်ခြင်းရှိမည်။ အဟောင်းရပ်၍အသစ်စတင်မည်။
၂ ဂဏန်း။ ။ ခရီးနှင့်ပတ်သတ်သောကံကောင်းသည်။ လူမျိုးကွဲ၊လူမျိုးခြား အကျိုးပေးသည်။ ချစ်သူ၊ခင်သူ၊ သံယောဇဉ်ရှိသူများနှင့် ခေတ္တခွဲရကိန်းရှိသည်။ အိမ်တွင်းရေးညံ့သည်။ ရန်အတိုက်အခံကြားမှတိုးတက်မည်။ ကြန့်ကြာနေသောရပိုင်ခွင့်များပြန်လည်ရရှိမည်။ ပြည်ပခရီးကြံစည်ပေါ်ပေါက်အောင်မြင်မည်။
၃ ဂဏန်း။ ။ အထူးကောင်းသည်။ ရည်မှန်းထားသည်များ အောင်မြင်မည်။ ပြန့်ကျဲနေသောစီးပွားများ စုစည်းမိမည်။ စိတ်ရှုပ်စရာများကင်းစင်သည်။ အလုပ်တိုးတက်မည်။ စုပေါင်းလုပ်ငန်းလုပ်၍ကောင်းသည်။ဝင်ငွေတိုး ရာထူးတိုးမည်။ ပညာရေးအထူးကောင်းသည်။ ငွေကြေးကံကောင်းသည်။
၎ ဂဏန်း။ ။ အလွန်ငွေကုန်များသည်။ မိမိကိစ္စမဟုတ်ဘဲအလုပ်ပို၊ ကိစ္စပိုများကြုံမည်။ စိတ်ပင်ပန်းပြီး အောင်မြင်မည်။ ယှဉ်ပြိုင်၍ အနိုင်ရမည်။ ပညာ၊သင်တန်းနှင်ပတ်သတ်သော ကိစ္စများကြုံမည်။ ထူးခြားသောတိုးတက်မှုများရမည်။ ငွေစုဆောင်းရန်ခက်မည်။ နာမည်ကျော်ကြားမည်။
၅ ဂဏန်း။ ။ အလွန်စိတ်ရှုပ်ရမည်။ စိတ်ပန်းလူပန်းဖြစ်မည်။ လူယုံဒုက္ခပေးတတ်သည်။ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်သည်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး၊ မေတ္တာရေးတွင်အညံ့ရှိသည်။ ငွေကြေးကိစ္စ၊လူမှုရေးကိစ္စအညံ့ရှိသည်။ အမှုပြဿနာများတတ်သည်။ အထင်လွဲခံရခြင်းများကြုံမည်။
၆ ဂဏန်း။ ။ အထူးကောင်းသောအနေအထားရှိသည်။ လိုလားချက်များ အောင်မြင်မည်။ မေတ္တာရေးကောင်းမည်။ ကိုယ်တိုင်တွင်၎င်း၊ မိသားစုတွင်၎င်း အလှုမင်္ဂလာကိစ္စများကြုံမည်။ စုပေါင်းတွဲဖက်လုပ်သော ကိစ္စများမှ အောင်မြင်မှုကောင်းစွားရနိုင်သည်။ ကျန်းမာရေးအညံ့ရှိသည်။ မိတ်ကောင်း၊ဆွေကောင်း၊ အကြီးအကဲ အကူအညီရတတ်သည်။
၇ ဂဏန်း။ ။ ထူးခြားသောအပြောင်းအလဲနှင့် တက်လမ်းပေါ်ပေါက်မည်။ လူမျိုးကွဲ၊ ကပြားများ အကျိုးပေးသည်။ နေရာအပြောင်းအလဲနှင့်တက်လမ်းပွင့်မည်။ ငွေကြေး၊ လုပ်ငန်းကိစ္စများ စနစ်တကျလုပ်ကိုင်၍ကောင်းသောအနေအထားရှိမည်။ လိမ်ညာခံရမည်။ ပြည်ပခရီးကံအထူးကောင်း၏။ မိဘ အကြီးအကဲ ကျန်းမာရေးညံ့သည်။ ခြံ၊ကား၊အခန်း အဟောင်းထွက်၍ အသစ်ဝင်မည်။
၈ ဂဏန်း။ ။ အထူးကောင်းသည်။ စိတ်ပျော်ရွှင်ရမည်။ ရည်မှန်းထားသည်များ စနစ်တကျလုပ်၍တိုးတက်မည်။ လုပ်အားကြောင့်သာမက ကံကြောင့်ငွေဝင်မည်။ ဘက်စုံကောင်းမည်။ လိုလားချက်များပြည့်စုံမည်။ ထူးခြားသောတိုးတက်မှုများ သေချာပေါက်ရမည်။ ထီပေါက်ငွေရမည်။ အိမ်တွင်းရေးညံ့သည်။ ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မည်။
၉ ဂဏန်း။ ။ အညံ့ရှိသည်။ သွေးထွက်သံယိုဖြစ်တတ်သည်။ လုပ်နေသောလုပ်ငန်းများရပ်တန့်မည်။ လမ်ကြောင်းဟောင်းရပ်၍ လမ်းသစ်ပေါ်သောအနေအထားရှိမည်။ ငွေကြေးကံ၊ လုပ်ငန်းကံ အနှောက်အယှက်ရှိမည်။ စိတ်ရှုပ်စရာများ တခုပြီးတခုပေါ်မည်။ မှန်းထားသည်နှင့်လက်တွေ့ကွာခြားသော အခြေအနေရှိမည်။ ခက်ခဲသောပြဿနာများထိပ်တိုက်တွေ့မည်။ အရှုံးပေါ် ငွေကုန် စိတ်ရှုပ်ရမည်။
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
8 Comments:
သယ်ချင်း
၉ နံပါတ်ကျတယ်။ တစ်ခုမှလည်း မကောင်းဘူး။ ဗေဒင်ဖတ်ပြီးရင်တော့ အညံ့တွေများနေရင်
ယတြာလေး ဘာလေး ချေရမှာပေါ့။
ယတြာလေးတော့ ထပ်လုပ်အုန်းလေ။
စိတ်ကြိုက်ဖတ်သွားပါတယ်။
ရှမ်းလေးရေ
ကြယ်ပြာကြားဖူးတာက အညံ့တွေသိပ်များရင် ဘုရားရင်ပြင်တော်ပေါ်မှာ တံမြက်စည်းလှည်းပါတဲ့ … လှည်းနေတဲ့အခိုက်မှာလည်း ကိုယ်ကသန့်ရှင်းအောင်ပြုလုပ်ပေးလို့ ဘုရားဖူးတွေ သန့်သန့်ရှင်းရှင်းဘုရားဝတ်ပြုကြရပါစေလို့ ရည်ရွယ်ပြီးလုပ်ရင် အညံ့အဆိုးတွေပျောက်တယ်တဲ့ …..
နောက်ယတြာတစ်ခုကတော့ ကြယ်ပြာကိုယ်တိုင်ပေးတဲ့ယတြာပါ …ဒ ဗေဒင်တစ်ခုခုဖတ်ပြီးလို့ မကောင်းတာတွေများရင်ဖြစ်ဖြစ် ကောင်းတာတွေများရင်ဖြစ်ဖြစ်
စိတ်ထဲသိပ်မထားပဲ လောကမှာအမြဲတမ်းအကောင်းချည်းပဲမရှိဘူး … အကောင်းအဆိုး ဒွန်တွဲနေတတ်တယ်ဆိုတာ နှလုံးသွင်းထားရင် ယတြာချေတာထက်ကောင်းတဲ့ စိတ်အေးချမ်းမှု့ကိုရစေနိုင်ပါတယ်။
အမ်.....ကျနော်
25+1+2+0+0+9
7+1+11=19
1+9=10
အဲ့တာကျ ဘီလိုလုပ်မလဲ ပါလည်းမပါဘူးး လုပ်တာလွဲနေလားမသိး(
၁၀ ရတော့ ဆက်ပေါင်းလေ ၁ + ၀ ဆိုတော့ ၁ ကို ကြည့်ရမှာလေ မောင်မျိုးရဲ့
ညီမလေးရေ.. ရန်ကုန်က ပြန်ရောက်ပြီလား...အတော်မှ ပျော်ခဲ့ရဲ့လား.. ရန်ကုန် အတွေ့အကြုံရှင်းပါဦး.. :)
အမကတော့ ၆ ရပြီး ဆရာက ၈ ရတယ်... ဗေဒင်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားတယ်... :)
အမရေ .
သမီးက ကောင်းဘူးတော့ . အမ ပေးတဲ့ ယတြာကိုပဲ နှလုံးမူပြီး နေလိုက်တော့မယ် .
လက်တည့်စမ်းသွားတယ်။ ခုလိုမျှဝေပေးတာ ကျေးဇူးနော်။
Post a Comment