နီရဲရဲနှုတ်ခမ်းနီကို မဆင်မြန်းထားတဲ့
အင်္ကျီနီဝတ် အလင်္ကာမလေးရေ
နှောင်ဖွဲ့ခြင်းမကင်းတဲ့အလွမ်းတစ်ခု
ရသမမြောက်တာ မဆန်းလှဘူးပေါ့ကွယ်။
အချစ်တစ်ခုအတွက်
ဘ၀တစ်ခုစာလွမ်းပြပစ်ဖို့ မတောင်းဆိုရက်ပါဘူး
ခပ်နက်နက်တစ်ချက်သာ ပြုံးပြလိုက်စမ်းပါ
ဒီရင်တစ်ခုလုံး ပန်းဖူးတွေ အလိုလိုပွင့်စေမယ်ကွဲ့။
ကိုယ့်အကျင့်အတိုင်း
အလွန်အကျူးဆိုတဲ့ အရာကြီးကို ခပ်ဝေးဝေးမှာပစ်ထားရဲ့နဲ့
မင့်ကို လွမ်းတဲ့အလွမ်းတွေက တောင်ပုံယာပုံ
ထွန်ယက်စိုက်ပျိုးလို့တောင် ကုန်နိုင်မယ်မထင်ဘူး။
အလင်္ကာမလေးရေ
ဘယ်လိုပြောရမလဲကွယ် တမြေ့မြေ့ဆိုတဲ့စကားနဲ့
တငွေ့ငွေ့လှိုက်စားနေတဲ့အချစ်တွေကိုလေ
မင်းရဲ့ နုညက်တဲ့နှုတ်ခမ်း စိတ်ကူးနဲ့ ခပ်ဖွဖွနမ်းရင်း
ငါ့ကောင်းကင်မှာ ညဆိုတာ ကင်း၊ အမြဲ လင်းနေခဲ့တာ ကြာပေါ့ကွယ်။
၂၀၊မတ်၊၂၀၁၄
Cherry Blossom in Central Park - 2
-
၂၀၂၆ ဧပြီ ၁၂ တနင်္ဂနွေနေ Central Park ထဲလမ်းသွားလျှောက်တယ်။ ချယ်ရီပန်း၊
ပန်းတွေပွင့်နေတာ အရမ်းလှတယ်။
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၂၆။
3 hours ago
0 Comments:
Post a Comment