အကျိုးမပါပဲနဲ့တော့ ဘာအကြောင်းမှဖြစ်လာစရာမရှိဘူး
လှေနံဓါးထစ်မှတ်ရင် ဓါးရာကြီးကျန်ခဲ့တာပဲအဖတ်တင်မယ်
လောကကြီးမှာ မထူးဆန်းတာတွေကချည်း ထူးဆန်းသွားတတ်ကြတာ
သိပ်တော့လဲ မထူးဆန်းတော့ပါဘူး ….
ဟုတ်တယ် မဟုတ်လား???
မျှော်လင့်ခြင်းဆိုတာတွေကို စွန်တစ်ကောင်လိုသာ လွှတ်တင်ထားလိုက်စမ်းပါ
သိပ်စိတ်မပူနဲ့ သူက သူ့စားကျက်သူရှာလိမ့်မယ်
လိုအပ်လာရင်သာ ကြိုးလေးကို တော့တော့ပေး
မင်းမျော်လင့်ချက်တွေက မင်းကို အလှပဆုံးပျံသန်းပြလိမ့်မယ်။
သတ်သတ်မှတ်မှတ်တို့၊ နှစ်နှစ်ကာကာတို့၊ ထာဝရတို့ဆိုတဲ့စကားတွေ
လုပ်မနေနဲ့ သုံးမကောင်းဘူး ….
မမြဲခြင်းဆိုတာကပဲ အမြဲဆုံးအရာဆိုတာ လက်ခံမိတဲ့ခဏ
လူတစ်ယောက်နဲ့ တစ်ယောက် ချည်နှောင်ဖို့က
မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းတည်းပဲလိုတာ။
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
2 days ago
0 Comments:
Post a Comment