တိမ်စိုင်ထဲမျောလွင့် ပေါ့ပေါ့လေးဖြစ်နေတဲ့ အခိုက်လေးကို ဖြစ်စေ …..
တိတ်ဆိတ်ခြင်းကြားက သက်ပြင်းချသံ သဲ့သဲ့ ကြားမိချိန်လေးကို ဖြစ်စေ ….
စကားသံတွေကူးလူး နှလုံးသားချင်းဝတ်မှုံထုံကူးနေချိန်လေးကို ဖြစ်စေ ….
ညင်သာတိုးသက် ကိုယ့်ရဲ့နာမ်စားလေးကို “သူ” ခပ်ဖွဖွလေး ခေါ်လိုက်ချိန်ကို ဖြစ်စေ ….
ကိုယ့်နှုတ်ခမ်းထက် သူ့အနမ်းလေး ရုတ်တရက် ပွင့်သွားတဲ့အချိန်ကို ဖြစ်စေ ….
ဆန်းကြယ်လွန်းတဲ့ စိတ်ရဲ့မြန်နှုန်းတွေကို မမှီမကမ်း ဘာသာပြန်မိတဲ့ အချိန်တွေကို ဖြစ်စေ ….
ချစ်တယ်ဆိုတဲ့ စကားထက် နက်ရှိုင်းလွန်းတဲ့ ခံစားချက်တွေကို အံ့သြဘနန်းဖြစ်ရင်း ....
လွမ်းနေတယ် ………. တကယ်
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
0 Comments:
Post a Comment