ခင်ဗျားတို့ခံစားဖူးလား?
တစ်ယောက်စိတ်ထဲ တစ်ယောက်ခိုဝင်ရင်း
ကြင်နာရင်းနဲ့ နာကျင်နေရတယ်။
ဖိုင်တွဲလေးတွေ တန်းစီလိုက်ရင်
မင်းကနောက်ဆုံး
ဒါပေမယ် အချစ်ဆုံးလို့ တော့ ကိုယ်မသုံးဘူး။
ခေါင်းစဉ်မဲ့ အရာပေါင်းများစွာ ဖွဲ့စည်းမှုကို
မင်းဆိုရင်ကော ဘယ်လို နာမည်တပ်မလဲ?
ငါတို့ အတွက် တမိုးနှောင်းပြန်ပြီ တဆောင်းသစ်ပြန်ပြီလို့ကြွေးကြော်ချင်ရင်တောင်
နာရီတွေမသိအောင် ခပ်တိုးတိုးလေးပဲ
တကယ်က အချိန်မဲ့ဇုန်တစ်ခုထဲ လွင့်မျောပစ်လိုက်ချင်တာ။
တဖျစ်ဖျစ်မြည်နေတဲ့ နှလုံးခုန်သံတိုင်းရဲ့ အဖျားခတ်တုန်ခါမှုမှာ
မင်းနာမည်တွေ အတိုင်းသားကြားရတယ်။
ငါနှလုံးခုန်နေသရွေ့ ငါ့နှလုံးသားထဲမင်းနေပါ။
ထွက်ခွာခွင့်မရှိစေရ။
ခင်ဗျားတို့ခံစားဖူးလား?
တစ်ယောက်စိတ်ထဲ တစ်ယောက်ခိုဝင်ရင်း
ကြင်နာရင်းနဲ့ နာကျင်နေရတယ်။
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
0 Comments:
Post a Comment