တ၀က်တပျက်နဲ့တော့
အလင်းစတွေလာလာချပြမနေနဲ့
အမှောင်မှာ ကျင့်သားရနေတော့ မျက်စိကျိန်းတယ် …
နေ့ဆိုနေ့၊ ညဆိုည ပြတ်သားတာပဲကောင်းတယ်
ဟိုမရောက် ဒီမရောက်ဆိုတာ ဘယ်နေရာမှာမှ မကောင်းဘူး
အဲ့လိုပဲ ဟိုရောက် ဒီရောက်တိုင်းလဲ မကောင်းဘူး …
အတိအကျသိရင်လဲ တိတိပပလိုက်နာလိုက်
ဒါမှမဟုတ်ရင် တိတိပပသာ ဆန့်ကျင်ပစ်လိုက်
လူတွေ ကောင်းချီးပေးလိမ့်မယ် (သို့) ၀ိုင်းမြှောက်ပေးကြလိမ့်မယ်
သံယောဇဉ်ဆိုတာ ဆံပင်ရှည်တွေလို ညှပ်ပစ်လို့ကောင်းတဲ့အရာ မဟုတ်ဘူး
ကျိုးတိုးကျဲတဲ ဖြစ်ရင်တော့ အရုပ်ဆိုးမှာအသေအချာပဲ
တခါတလေလဲ ကိုယ့်ကိုကိုယ် တရားချမိတယ်
အပြည့်အ၀ရပြီး ဆုံးရှုံးလိုက်ရတာတွေထက်
ဘာမှမရပဲ အပိုင်သိမ်းလိုက်နိုင်တာတွေကို မြင်အောင်ကြည့်ဖို့။
ကြယ်ပြာ
မတ်လ ၂၆ ရက်၊ ၂၀၁၄
နေ့လည် ၁၂း၁၃
Cherry Blossom in Central Park - 2
-
၂၀၂၆ ဧပြီ ၁၂ တနင်္ဂနွေနေ Central Park ထဲလမ်းသွားလျှောက်တယ်။ ချယ်ရီပန်း၊
ပန်းတွေပွင့်နေတာ အရမ်းလှတယ်။
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၂၆။
1 week ago
1 Comment:
တ၀က်တပျက်နဲ့တော့
အလင်းစတွေလာလာချပြမနေနဲ့
အမှောင်မှာ ကျင့်သားရနေတော့ မျက်စိကျိန်းတယ် …
နေ့ဆိုနေ့၊ ညဆိုည ပြတ်သားတာပဲကောင်းတယ် -----ဟုတ်တာပေါ့အတွေးလေးလှတယ်ညီမရေ
Post a Comment