အထီးကျန်ဖို့ဆိုတာ
တကူးတက လုပ်ယူစရာမလိုအောင်
ငါ့အိမ်ပြန်ချိန်ကတိတ်ဆိတ်လွန်းတယ် ...
ဝါကျင့်ကျင့်မီးရောင်အောက်က
ဝါရောင်သန်းနေတဲ့ လမ်းဝါလေးရေ
ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာကိုလေးစေတဲ့ငါ
တစ်လှမ်းချင်း ချက်ကျ လက်ကျ လျောက်နေတဲ့အခိုက်
လမ်းဝါလေးက တိတ်တဆိတ်နေပေးလေ့ရှိတယ်
ဓါတ်တိုင်လေးတွေ ကလဲ ငိုက်မြည်းလို့ပေါ့ ...
ဝမ်းသာအားရ ကြိုဆိုတာဆိုလို့ ၀ါ၊စိမ်း၊ နီပြောင်းနေတဲ့ မီးပွိုင့်လေးပဲရှိတယ်။
တချက် တချက် လက်သွားတဲ့ ကားမီးရောင်တွေအောက်မှာ
အနည်းငယ်ထူတဲ့ မျက်ခုံးနှစ်ခု စုကပ်ပြီး မှုန်ကုပ်ကုပ်မျက်နှာပေးကို တွေ့ရင်
အဲ့ဒါ အထီးကျန် အိမ်ပြန်နေတဲ့ လူသားတစ်ယောက်ဆိုတာ
တချက်လောက် သတိရပေးလိုက်ပါ .....
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
0 Comments:
Post a Comment