လွန်ခဲ့သောမိနစ်ပိုင်းက ဖြစ်ပျက်ခဲ့သလို
အရာရာကို တသသလွမ်းတယ်။
တကယ်တော့ အချစ်ဆိုတာ
အနှေးအမြန်မရှိသလို
အသွားအပြန်လဲ သိပ်တော့မသေချာလှဘူး။
ပျော်စေချင်လို့တော့ ချစ်ခဲ့တာပါပဲ
နစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းအတွက်တော့
ဘယ်တော့မှ နောင်တမရခဲ့ဘူး။
ဝင်ခွင့်ပြုပေးပါ ….
အလွမ်းအဆွေးဆိုတာက မဖိတ်ခေါ်ပဲရောက်လာတတ်တဲ့ ဧည့်သည်။
အဲ့ဒီအတွက် အချစ်ဆိုတာ ထွက်သွားစရာမှမလိုတာ။
ရေးချိန် - မတ်လ ၁၇ ရက်နေ့
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
0 Comments:
Post a Comment