လူမှန်းသိတတ်စကတည်းက
မသိလိုက် မသိဘာသာနဲ့
အတ္တတစ်စင်းကို ကျောပိုးခဲ့မိတယ် ….
အဲ့ဒီအချိန်ကစလို့ပေါ့
သူက ငါ့ကို
ရယူလိုမှုတွေနဲ့ ဆွဲဆောင်တယ် …
ဒုက္ခတွေနဲ့ စစ်ခင်းစေတယ် …
မောဟတွေနဲ့ တွေဝေစေတယ် …
အချစ်တွေနဲ့ လောင်မြိုက်စေတယ် ..
ဝမ်းနည်းမှုတွေနဲ့ ပူဆွေးစေတယ် …
ရွေးချယ်မှုတွေနဲ့ ဗျာများစေတယ် ….
အောင်မြင်မှုတွေနဲ့ နှစ်သိမ့်တယ်
တခါတလေတော့လဲ ပျော်ရွှင်မှုတွေနဲ့ ကခုန်စေပြန်တယ် …
ဒုက္ခတွေကြုံပြန်တော့ “ဆိုးလိုက်တဲ့ကံ” လို့
ခပ်တိုးတိုးတစ်မျိုး ခပ်ကျယ်ကျယ်တစ်ဖုံ
ညည်းတွားမိတယ် …
ဟော .. သုခဖြစ်နေပြန်တော့လဲ
အရာအားလုံးမေ့လို့
မြင်မြင်တကာတိုင်း သာယာနေသလိုလို ….
တကယ်တော့ အတ္တက ငါ့ကို
လှုပ်ရှားအောင်၊ တက်ကြွအောင်
မငြီးငွေ့အောင်၊ ရိုးမသွားအောင်
မမြဲတာတွေကို မြဲသယောင်ယောင်ထင်အောင်
ငါမပိုင်တာတွေနဲ့ ငါ့ကို မြူဆွယ်ခဲ့တာပါ ….
ငါနဲ့ ငါ့အတ္တ
နှစ်ကိုယ့်တစ်စိတ်ဖြစ်လွန်းတော့လဲ
ခွဲမရ ခွာမရနဲ့ ဒီသံသရာထဲ ၀ဲလှည့်ရင်း
သူစေရာနောက် တကောက်ကောက်လိုက်လို့
ရုန်းထွက်လို့မရသေးတာ ခုချိန်ထိပါပဲ ……
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
10 Comments:
မှန်လိုက်လေ အမ ရယ် . လူဟာ ဒီ အတ္တ ဆိုတာကြီးက ထိန်းချုပ်နေတာကို ခံထားရတဲ့ စက်တပ်ယဉ် တစ်စီးလိုပါပဲ .
သယ်ရင်းရေ ..
လူဆိုတဲ့ သတ္တ၀ါဟာ အတ္တကောင်ရယ်ပါ။
နောက်ပြီး သံသရာဆိုတဲ့ ဘ၀သေးသေးထဲမှာ တက်လိုက်ဆင်းလိုက် ဖြစ်နေလေရဲ့ ..
(တရားသဘောလေးနဲ့ ရှုပါ)
ခင်မင်လျက်နဲ့
အမရေ လူတိုင်းမှာ အတ္တရှိနေကြတာဘဲ..နည်းတာနဲ့ များတာဘဲ ကွာတာပါ..
အဆင်ပြေပါစေဗျာ
အမရေ ရေးထားတာလေး ကောင်းပါတယ် လူတိုင်းမှာ အတ္တဆိုတာရှိကျတာပဲလေ နည်းတာနဲ့ များတာပဲ ကွာတာပါနော်။ အားပေးလျက်ပါ အမရေ။
လူဆိုတာလည်း တကယ်တော့ အတ္တရဲ့ သားကောင်ပါပဲ အစ်မရယ် သားကောင်ဆိုမှတော့ လောကဓံမုဆိုးနဲ့တွေ့ပေမပေါ့ ။
Sis yay,
Very nice one. I really like it!
All the best!
ညီမလေးရေ.. အိမ်အသစ်လေးက လှလိုက်တာ.. အမလည်း template အသစ် ပြောင်းချင်တာ ပြောင်းလိုက်ရင် ပျက်သွားမလား ဆိုပြီး ဘာမှ မ ကလိရဲဘူး.. ဒီ template လေး ပိုကြိုက်တယ်..
ဟော.. ပြောရင်း ဆိုရင်းတောင် ကိုယ့်ရဲ့ အတ္တတွေ ပါသွားသလားပဲ.. :D ဟုတ်တယ် ညီမရေ.. တခါတလေ ကိုယ့်အတ္တကို ကိုယ်တိုင် မမြင်မိဘူး..
ကြိုက်တယ် ဆိုတာနဲ့ မလုံလောက်ပေမယ့် အဲဒါပဲပြောတော့မယ်...အရေးအသားရော အဓိပ္ပါယ်ပါ ကောင်းတယ်...မှန်လည်း မှန်နေတယ်...သိသိနဲ့တိုးတဲ့ မီးထဲမှာ အဲဒီအတ္တမီးက အဆိုးဆုံးပဲ...
တမင်ရုန်းထွက်စရာ မလိုပါဘူးလေ . . .
ဘယ်သူ့ကိုမှ မထိခိုက်မိသ၍
ပျော်မွေ့ သလို လူပီသနိုင်ပါတယ်။
(ကဗျာဖတ်ရင်း စိတ်ထဲပေါ်လာတာတွေ ပြောသွားတယ်)
စိတ်ထဲပေါ်သလိုရေးနိုင်ပါတယ် ရွှန်းမီေ၇ ...း)
Post a Comment