
(Image from http://www.partyrama.co.uk, http://www.olga-art.info)
ကိုကြီးရေ ဒီနေ့ နင့်ရဲ့ (၃၂) နှစ်ပြည့်မွေးနေ့နော် …. ငါ ပထမ မေ့နေတာဟ …. မနေ့ညက ငါနဲ့ ငဖြိုးလေး အိမ်ကိုဖုန်းဆက်တော့မှ နင့်မွေးနေ့ကိုရုတ်တရက်သတိရလိုက်တာ … ငါနင့်အတွက် မွေးနေ့လက်ဆောင်မ၀ယ်ရသေးဘူးကိုကြီးရ …. နင်ဘာလိုချင်တာလဲဆိုတာငါသိတယ်နော် ….
ငါ နောက်မှဝယ်ပေးမယ်ဟာ … နော် …. ကိုကြီးရေ နင်က ငါ စိတ်ညစ်တာတွေပြေစေဖို့ဆိုပြီး နေ့တိုင်း ဘုရားရှိခိုး၊ မေတ္တာပို့ပေးတယ်တဲ့လား … ကျေးဇူးတင်ပါတယ်ကိုကြီးရာ …. အဲ့ဒါလေးတွေကြောင့်လဲ ငါနင့်ကိုချစ်တာဟ … သိလား ….
မိသားစုကို သိပ်ချစ်တတ်တဲ့ ကိုကြီး …
အမေ နေမကောင်းလို့ တစ်ချက်လောက် စုပ်သပ် သံလေးကြားလိုက်တာနဲ့ အချိန်မရွေးချက်ခြင်းပြုစုပေးတတ်တဲ့ကိုကြီး ….
အဖေ့မျက်နှာရိပ်ကြည့်ပြီး အလိုက်တသိ နင်းနှိပ်ပေးတတ်တဲ့ ကိုကြီး ….
ငါနဲ့ငဖြိုးလေး အပေါ်မှာ အစ်ကိုလိုရော၊ အစ်မလိုပါစောင့်ရှောက်ပေးတတ်တဲ့ ကိုကြီး ….
ငါ့ကိုသိပ်ချစ်တဲ့ ကိုကြီး ….
နင့်ရဲ့ ဒီမွေးနေ့က စလို့ အသက်ရှည်သလောက် ကျန်းမာပါစေ ….
ကျန်းမာသလောက် စိတ်ချမ်းသာပါစေ ….
ဖြစ်ချင်တာနဲ့ ဖြစ်နေရတာ တထပ်တည်းကျနိုင်ပါစေ …
တထပ်တည်းမကျခဲ့ရင်လဲ ဖြစ်နေရတဲ့အပေါ် အကောင်းဆုံးလမ်းလျှောက်နိုင်ပါစေ ….
နင့်ရဲ့ ချစ်သူ “ခိုင်လေး” နဲ့ ထာဝရပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ ….
ငါ့ကိုလဲ ဒီအတိုင်းထက်မပိုရင်တောင် မလျော့ပဲဆက်ချစ်နိုင်ပါစေ လို့ ငါ ဆုတောင်းပေးပါတယ် ….
နင့်ရဲ့ညီမလေး
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
2 days ago
10 Comments:
××++==
ကိုကြီးရေ
ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်စေဖို့
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
မွေးနေ့ကစပြီး
စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ ..
(ခေတ်မီအောင် ၀င်ပွားပါ၏)
သယ်ချင်းရေ ...
ကိုကြီးအတွက် ဆုတောင်းပေးတာ ကျေးဇူးပါ ....း)
ညီမလေး ကိုကြီးနဲ့ အမ ကိုကြီးက မွေးလ တူတာပဲ... အသက်တော့ ကွာတယ်.. အမကိုကြီးက ၃၆ ပြည့်တာ.. ညီမလေး ကိုကြီးသာ ဒီဆုတောင်းလေး ဖတ်မိရင် ၀မ်းသာမှာပဲ..
ညီမလေး ကိုကြီးလည်း မွေးနေ့မှာ ပျော်ရွှင်ကျန်းမာပါစေလို့ ဆုတောင်းပေးသွားတယ်နော်.. :)
ဟုတ်လားအစ်မ ... အစ်မနဲ့သမီးနဲ့တူတာများတယ်နော် .. မောင်နှမ သုံးယောက်ရှိတာရော သမီးတစ်ယောက်တည်းဖြစ်နေတာရော တူတယ် ...
အစ်မရေ ကိုကြီးက ဘလော့ဖတ်လို့ရမှာမဟုတ်ဘူး .. ခုမှအင်တာနက်စသုံးတတ်ခါစရှိသေးတယ် ... Screen Shot နဲ့ ပုံလုပ်ပြီး မေးလ်တော့ပို့ပေးလိုက်ပြီ အစ်မ ... ခဏနေရင် ဖုန်းလှမ်းဆက်မှာ မေးလ်သွားဖတ်ဆိုပြီးတော့လေ ....း)
ဆုတောင်းပေးလို့ကျေးဇူးပါ အစ်မ ...
အကိုကို ချစ်တဲ့ညီမ ညီမကို ချစ်တဲ့အကို ဒီမောင်နှမ ဒီမွေးနေ့ကစ ကျန်းမာပျော်ရွှင်ပြည့်စုံသော ဘ၀တွေကို ပိုင်ဆိုင်နိုင်ပါစေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကြယ်ပြာလေး ရဲ့ ကိုကြီး Happy Birthday ပါလို့
ကိုမိုးမြင့်တိမ်တောင်းပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်ရှင် ...
ကောင်းကင်ပြာလေးရေ .. ဆုတောင်းပေးလို့ကျေးဇူးပါနော် ...
မကြယ်ပြာရဲ့ ကိုကြီးတစ်ယောက် ပျော်ရွှင်ချမ်းမြေ့သော ဘ၀ ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ကိုကြီးရေ ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများ (တည်ရှိနိုင်သောရုပ်ခန္ဓာ မပျက်စီးသ၍) ထိ ပျော်ရွှင်ချမ်းမြေ့ပါစေ ။ ညီမလေးကိုယ်စား ဟဟ ။
စတာနော် မကြီး ။
(ကိုရဲ)
မမကြယ်ပြာ
ညီမလေးမှာ အကိုဆိုတာ လုံးဝ မရှိခဲ့ဘူး
ငယ်2က ပူဆာဘူးတယ် အကိုဝယ်ပေးဖို့
ညီမလေးကျောင်းသွားတိုင်း ဒါငါ့အကိုလို့ တစ်ယောက်2ကို လက်ညှိုးထိုးပြချင်ခဲ့တာ
မမစာသားလေးတွေဖက်ပြီး ညီမမှာ အကိုရှိခဲ့ရင်
သူလည်း ညီမလေးကို ချစ်မှာပဲနော်
အကိုကြီးတစ်ယောက်ပျော်ရွှင်ပါစေလို့ ဒီနေရာကနေ ဆုတောင်းပေးခဲ့ပါတယ် ။
Post a Comment