
သူမက မိန်းကလေးပေမယ့် ယောက်ျားလေးနှစ်ယောက်ကြားကြီးပြင်းလာခဲ့သူ ... သူမကစားသော ကစားနည်းများအားလုံးနီးပါးက ယောက်ျားလေးများကစားသော ကစားနည်းများ …. ဂေါ်လီပစ်၊ ဂျင်ပေါက်၊ ဘောလုံးကန်၊ အံစာလှိမ့်၊ ပြေးတမ်းလိုက်တမ်း စုံတကာကိုစိနေတာပဲလေ … သူမ ငယ်ငယ်ကပုံရိပ်က အင်မတန် ပေချောင်ချောင်နိုင်သောပုံရိပ် … ဂျစ်ကန်ကန်နဲ့ ဘယ်နေရာမှာ ဘာကစားနေလဲ သူမ မပါဘူးဆိုတာမရှိသလောက်ပဲ ….
သူမတို့ငယ်ငယ်က ကြွေပန်းကန်စိအကွဲတွေကို ထောင်ပြီးဂေါ်လီနဲ့ပစ်လေ့ရှိတယ် … တချို့ကတော့ ပိုက်ဆံထောင်ပြီးပစ်ကြတယ် ….. ဒါပေမယ့် သူမကတော့ ပိုက်ဆံနဲ့ဘယ်တော့မှပစ်လေ့မရှိဘူး ….ဒီကစားနည်းကစားဖို့ ကြွေပန်းကန်စိအကွဲတွေလိုပြီလေ … ကြွေပန်းကန်စိပစ်တဲ့အချိန် ကိုယ့်မှာ အဲ့ဒါတွေများများရှိလို့ကတော့ ကိုယ်ကခပ်မော့မော့နဲ့ဝင်ပစ်လို့ရသကိုး … ဒီတော့သူမကဘာလုပ်သလဲဆိုတော့ နောက်ဖေးလမ်းကြားတကာ လမ်းကြားလှည့်ပြီး အိမ်တကာက ပျက်စီးသွားလို့ပစ်ထားတဲ့ ပန်းကန်အကွဲတွေလိုက်ကောက်တော့တာပေါ့ … အကွဲတွေရလာရင် သူမအိမ်ရှေ့မှာချပြီး အပိုင်းအရွယ်တော်အသေးလေးတွေရအောင်ထိုင်ခွဲ … ပြီးရင် အိတ်တစ်အိတ်ထဲစုထည့် …. ပြီးရင် အဲ့ဒီအထုပ်ကြီးခါးမှာချိတ်ပြီး လမ်းတကာလှည့်ပစ်တော့တာပဲ …. သူမက လက်လဲ အတော်ဖြောင့်တယ် … ဂေါ်လီပစ်ရင် နိုင်တာများတယ် … သူမမှာ ဂေါ်လီတွေဆိုလဲ အိတ်ကြီးနဲ့တစ်လုံးရှိတယ် …. အမေက အဲ့လိုတွေဆော့တာသိပ်မကြိုက်သလို၊ နောက်ဖေးလမ်းကြားထဲဝင်တာလဲမကြိုက်ဘူးလေ …
ဘယ်ကြိုက်ပါ့မလဲ အဲ့ဒီခေတ်ရဲ့နောက်ဖေးလမ်းကြားတွေက အမှိုက်ပုံသာသာရယ် … ညစ်ပတ်နံစော်နေတာလေ …. ပြီးတော့ အကွဲတွေရှမှာ၊ ပုလင်းကွဲစူးမှာ၊ အကောင်ပလောင်တွေကိုက်မှာ အမေကစိုးရိမ်သေးတယ် … နောက်ပြီးတော့ ကောက်လာသမျှအကွဲတွေကို သူမက အိမ်ရှေ့မှာဒီအတိုင်းထားထားပစ်ခဲ့တတ်တာကိုး …. အမေကသိပ်အသန့်ကြိုက်တဲ့သူ … သူမက အမေလှဲကျင်းထားတဲ့ အိမ်ရှေ့ကိုညစ်ပတ်အောင်လုပ်သူ … သူမက ဆော့ပြီဆိုရင် မိုးမမြင်၊လေမမြင် … ခေါ်မကြား၊ အော်မကြား … သိပ်ကြောက်ရတဲ့ အမေခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဆော့တာ … ပြန်လာရင်လည်း အတီးခံရတာလဲ ခဏခဏ …. ဘယ်လောက်ရိုက်ရိုက် နောက်နေ့ရောက်ပြန်တော့လဲ သူမကိုကြွေပန်းကန်စိအထုပ်ရယ်၊ ဂေါ်လီထုပ်ရယ်နဲ့ ယောက်ျားလေးတွေနဲ့အပြိုင် ဂေါ်လစ်ပစ်နေတာကို မြင်ရပြန်ရော …. ကဲ ….. သူမနဲ့ ဂေါ်လီပြိုင်ပစ်ကြမလားဟေ ……
မှတ်ချက်။ ။ပုံလေးကို ဒီက http://www.britannica.com ယူပါတယ်။ ပြီးတော့ပုံက ဂေါ်လီပုံမတွေ့လို့ တွေ့တဲ့ပုံထဲက ဂေါ်လီနဲ့တူတာရွေးထားတာပါ။
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
16 Comments:
ဂေါ်လီဆိုတာ နားမှာ အပေါ် ၃-၄ ပေါက်ဖောက်ပြီး နားကပ်ပန်ထားတဲ့ ကောင်လေးတွေကို ပြောတာလား။ (စတာ)
ပို့စ်အသစ်လေး လာဖတ်တယ်။
သူမဆိုတာ ကြယ်ပြာပဲလား ..
ညီမလေးတို့ အိမ်ကို တစ်ခါ ရောက်ဖူးတယ်.. အဲဒီတုန်းက အိမ်က သန့်ရှင်းနေတာပဲ.. အဲဒါတော့ သတိထားမိလိုက်တယ်.. :)
ယောင်္ကျားလေးတွေ ကြားထဲမှာ ကြီးပြင်းလာရတာဆိုတော့ အဲဒီလိုမှ မဆော့ရင် ဆော့ဖို့ အဖော်မရှိဘူးနော်.. အမကိုတော့ အကိုက ပေးမဆော့ဘူးလေ.. အမ ပါရင် မကစားတော့ဘူး.. အဲဒီတော့ တစ်ယောက်တည်း ဓားတစ်ချောင်းယူပြီး အရွက်တွေ ထိုင်လှီးတော့တာပဲ.. ပြီးရင် အသုပ်စုံရောင်းတိုင်း ကစားရတယ်.. ဘယ်သူမှလည်း ၀ယ်မယ့်လူမရှိပါဘူး.. :D
သေချာတယ်... ဂေါ်လီပြိုင်ပစ်ရင်တော့ အမပဲ ရှုံးမှာ.. :)
မမ ညီမလေးပြိုင်မယ်
ယောက်ျားလေးလုပ်တာ အကုန်လုပ်တယ်တယ်။
တကယ်ပြောတာ
ရှမ်းလေးရေ .... ဟုတ်ပါဘူးအေ .... ဂေါ်လီဆိုတာ လှိမ့်ပြီးကစားတဲ့ အလုံးလေးတွေကိုပြောတာလေ ... သူမဆိုတာ ကြယ်ပြာမှ ကြယ်ပြာအစစ်ကြီး ဟဲ ဟဲ ... လာဦးမယ်ပေါက်ကရ ကစားနည်းတွေ ...
မနုရေ ...
ဟုတ်တယ် အစ်မ ... မေကြီးက အရမ်းသန့်ရှင်းတာ ... သမီးက မေကြီးခြေဖျားတောင်မမှီဘူး .. ဒါပေမယ့် ခုဒီရောက်တော့လဲ သန့်ပါတယ် ... ခုတော့ ကိုယ်တိုင်သန့်ရတာပေါ့ အစ်မရယ် ... သမီးလည်းအသုတ်စုံလုပ်ရောင်းတယ် အစ်မ ... ဟီး ... အငယ်ကောင်က ၀ယ်စားတယ် ... သမီးဘာကစား ကစား အကုန်လိုက်ကစားတယ် အငယ်ကောင်ကလေ ...
ညီမလေးဒိုင်ယာရီ ...
တကယ်ပြိုင်မှာလား .... အပြင်မှာတွေ့ရင် ပြိုင်ပစ်မယ်လေ. ....
အဟိ..ဂေါ်လီပစ်ဖို့.လာခေါ်တာပါ။
လူစုံနေပြီ။မြန်မြန်လာ
လာပြီ လာပြီ မငုံရေ ... ခဏလေးစောင့်နော် .... ဂေါ်လီယူဦးမယ် ...း)
ပစ်ပါဘူးအေ ။ ကြောက်လို့ လက်ဖြောင့်သတဲ့ ။ တို့ကတော့ ဂေါ်လီပစ်ပြိုင်ဘူး မိုက်ရင်လာခဲ့ သားရေပင်ပစ်ပြိုင်မယ် ဟဟ ။
မကြီးရေ စတာနော် .......:P
(ကိုရဲ)
အမ က ၃ယောက်ကြားမှာ ကြီးလို့ ဂေါ်လီ လာပြိုင်ပစ်တယ်၊
မောင်လေးကိုရဲရေ ...
ဂေါ်လီပဲပြိုင်ပစ်မယ်လေ....း)
မကောင်းကင်ပြာ ...
အစ်မလဲ ငယ်ငယ်က ယောက်ျားလေးကစားနည်းတွေကစားဖူးတာပေါ့နော် ...
ဂေါ်လီပစ်တာ ၀ါသနာပါတယ် မကြယ်ပြာ ဟီး၂
ညီမလေးရေ
ဂေါ်လီပြိုင်မလား၊ ဂျင်ပေါက်ပြိုင်မလား ဟဟား
မမလည်းငယ်ငယ်က မင်းမနိုင်လေး ဖြစ်ခဲ့တယ်
ဂိုဏ်းတူညီအစ်မလုပ်လို့ရပြီ။
ပျော်ရွှင်ပါစေ။
လွတ်လပ်ပျော်ရွှင်စွာရေးသားထားတာကို တွေ့ရတော့ ငယ်ဘ၀လေးကို သတိရမိတယ်။
အမရေ...
လူတွေ လူတွေက ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် ငယ်ဘ၀လေးတွေကိုတော့ တပ်မက်ကြစဲနော်...
အမ ပျော်ရွှင်ပါစေဗျာ...
ညီမလေးပန်းကဗျာရေ …
ဂျင်ရောပေါက်တတ်သလား ညီမလေး
အစ်မညခင်း .. ဂေါ်လီကော၊ ဂျင်ကော Expert ပဲအစ်မရေ .. ဘောလုံးလဲကန်တယ် အဟဲ …
မောင်လေးချမ်းမြေ့ရေ … ဆုတောင်းပေးလို့ကျေးဇူးပါနော …
ညီမက စိန်ခေါ်တယ်ပေါ့။ အကိုက ဂေါ်လီပစ်မှာ ဆရာတစ်ဆူနော်။ ဟဲ ဟဲ ကြောက်သွားပြီလား။ ပြိုင်ရဲသေးရဲ့လား။
ပျော်စေရွှင်စေ စတာပါ ညီမရယ်။ ပျော်ရွှင်စွာ ဆက်လက်ဘလော့ခ်ဂင်းနိုင်ပါစေကွယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အဟဲ ... မကြောက်ပါဘူး အစ်ကိုရာ ...ကိုယ့်ထက်ပိုကျွမ်းလို့ရှိရင်တော့ အစ်ကိုနဲ့ကြိုးပဲပြိုင်ခုန်မယ်လေ.... ဘယ်လိုလဲ ဟီး ဟီး
ဇော်ဝင်ထွဋ်တို့  မင်းမင်းလတ်တို့  ဆိုထားတဲ့ ဂေါ်လီမလေးဆိုတာ သူ့ ကိုပြောတာဖြစ်မယ်...
Post a Comment