
စိတ်ကူးနဲ့မြင်ယောင်
လက်တွေ့ဘ၀မှာတော့
ကိုယ့်တူးရွင်းကိုယ်ဆောင်လို့
ကိုယ့်လမ်းကိုယ်ဖောက်ရတယ် .....
တ၀မ်းတခါးအတွက်နဲ့
ဦးဏှောက်တွေပန်းဖျားဖျားတာတောင်
နေသာရဲ့လားလို့
တစ်ခွန်းမှ ဟန်လုပ်ပြီးမမေးခဲ့မိဘူး .........
ကြိုးမဲ့စွန်တစ်ကောင်လို
ဝဲချင်ရာဝဲလိုက်ချင်ပေမယ့်
ဒီနေ့တွေ အဓိပ္ပါယ်ရှိစေဖို့
အဇ္ဈတ္တရဲ့ သွားလမ်းတွေကို
အဓမ္မ ပိတ်ထားပစ်လိုက်တယ် .........
မျှော်လင့်ချက်နဲ့ မနက်ဖြန်တွေအတွက်
ဒီနေ့ရဲ့ ပျော်ရွှင်မှုတချို့ကို
ခပ်ပါးပါး မျိုချပြီး
မနက်ဖြန်ပေါင်းများစွာကို ကျော်ဖြတ်နေဆဲ ……….။။
မှတ်ချက်။ ။ ပုံလေးကို ဒီက (https://www.artanddesignonline.com) ယူပါတယ်။
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
4 days ago
10 Comments:
(ဘ၀)တဲ့
အက္ခရာ ၂ လုံးထဲမို့လို့ ခက်ခဲနေတာ
အက္ခရာ ၄ လုံးဆို ရေစုန်မျှောမလားပဲနော်။
မျက်ရည်နဲ့ သောကရောပြီး ရေးထားတဲ့
ကဗျာလေး ဖတ်သွားတယ် သယ်ချင်း ...
ဆင်ဆင်ပြေပါစေ ..
ပန်းခင်းလမ်းဆိုတာကို
စိတ်ကူးနဲ့မြင်ယောင်
လက်တွေ့ဘ၀မှာတော့
ကိုယ့်တူးရွင်းကိုယ်ဆောင်လို့
ကိုယ့်လမ်းကိုယ်ဖောက်ရတယ် .....
ဖောက်တော့ဖောက်နေတာပဲ ဘယ်ေ၇ာက်လို့ေ၇ာက်မှန်း မသိသေးဘူး
ရေးထားတာ တွေ က ပြင်းတယ်
အဆင်ပြေပါစေ အမရေ
အမရေဘ၀သမားဆိုတာလေးကကောင်းမှကောင်းနော်
ဘဝသမား ကဗျာလေးထဲကအတိုင်းပါပဲ
အပြင်မှာလည်း “ပန်းခင်းလမ်းဆိုတာကို
စိတ်ကူးနဲ့မြင်ယောင်”
အင်း...လက်တွေ့ဘ၀မှာတော့ တူရွင်းတောင်မကဘူး
ရှိသမျှလက်နက်တွေထုတ်သုံးပြီးတော့
ကိုယ့်လမ်းကိုယ်ဖောက်နေရတယ်ဗျာ
အမ အဆင်ပြေပျော်ရွှင်ပါစေ
အားလုံးက ဘ၀ထဲက ဘ၀သမားတွေပါအမရေ...
တစ်ခါတလေလည်း တွေးမိတယ်.. ပင်ပန်းလိုက်တာလို့.. . ငွေတွင်းနက်တယ် ခေါ်မလား မသိဘူးနော်.. ပင်ပန်းလိုက် ပျော်ရွှင်လိုက် စိတ်တိုလိုက် ငိုလိုက် ရီလိုက်နဲ့ပဲ တနေ့ပြီး တနေ့ ကုန်ဆုံးသွားပြန်တာပဲ.. ဒီလိုပဲပေါ့ ညီမလေးရေ.. တို့တွေက ဘ၀သမားတွေပဲဟာ.. အလှသမား မဟုတ်ဘူး.. :D
ရှမ်းလေး၊ဟန်လေး၊တလနွန် ... ဆုတောင်းပေးတာကျေးဇူးပါ ...
ညီမလေးကောင်းကင်ပြာ ... ဘ၀တူတွေအများကြီးပဲနော် ..
ငယ်ရေ ... လာဖတ်လို့ကျေးဇူး ...
ညီမလေးပန်းကဗျာ ... ဘ၀ထဲကဘ၀သမားတွေပဲတဲ့လား ... အင်း ... အဲ့ဒါကြောင့် ကဗျာတွေအများကြီးထွက်လာတာ နေမှာနော် ညီမလေး ...
မနုရေ ... ပင်ပန်းလိုက်တာလို့ ညည်းတာတောင် ခပ်တိုးတိုးပဲညည်းရဲတယ် ... ကိုယ်ရွေးချယ်ထားမိတာကိုး ..း( အလှသမားမဟုတ်တာတော့ကြာပေါ့ အစ်မရယ် ...
လက်တွေ့ဆန်တဲ့ကဗျာလေးဖက်သွားပါတယ်
အမရေ...
သနားရမှာလား...အတုယူရမှာလား...လိုက်တွေးရင် အများကြီး ထပ်ထွက်လာသေးတယ်...ဘာပဲပြောပြော အမရေ ..ဂုဏ်ယူပါတယ်...အမရဲ့သတ္တိတွေ အတွက်လေ...
Post a Comment