မနေ့တနေ့ကတင်
တိမ်ညိုတွေ ထမ်းပိုးထားတဲ့ ကောင်းကင်ဟာ
ပြိုမယောင်နဲ့ ညို့ ….
ပြောင်းလဲမှုဆိုတာ အကြိုအကြား ဂရုစိုက်မှုတွေကနေ
ခပ်စိပ်စိပ်သို့ ….
ဘ၀ဆိုတာ စီးဆော စီးနေသလို ….
တိတိပပ တည်မြဲတာဆိုလို့ မမြဲခြင်းတရားတစ်ခုတည်းဆိုတဲ့နောက်
ကောင်းကင်ကြီးကျကွဲမလား …
မြေကြီးတွေ ပျံတက်သွားမလားရယ်လို့
မကြောင့်ကြဖြစ်တော့တဲ့အခါ
စိတ်တွေဟာ မေတ္တာခြုံလို့ လုံလွန်းလှတယ်။
Friday, May 23, 2014
" အပြောင်းအလဲ "
Posted by ကြယ်ပြာ at 8:36 AM
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
Subscribe to:
Post Comments (Atom)
2 Comments:
ငြိမ်သက်ခြင်း မှာ ...
စိတ် အစုံ ဟာ တန့်နေတယ် ...
မေတ္တာခြုံထားရင် အားလုံးလုံခြုံပြီး ငြိမ်းချမ်းမှာ အသေအခြာပါဘဲ။
Post a Comment