Credit to blog.nus.edu.sg
“အင်း …. သံယောဇဉ် …. သံယောဇဉ် ”
သက်ပြင်းကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း သောက်လက်စ ကော်ဖီပူပူကို အလျင်စလို တစ်ကျိုက် မော့ချလိုက်တယ်။
လည်ချောင်းထဲ စီးမျောသွားတဲ့ ကော်ဖီအရသာကို ချိုသလား ခါးသလား မသိလိုက်မိချေ။
ဖြက်ကနဲ ကျမရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စ တွဲလွဲခိုလာတယ်။
ကော်ဖီသကြားလုံးလေးတစ်လုံးကို ကျမနှုတ်ခမ်းဝအထိ တယုတယ ခွံ့ကျွေးခဲ့တဲ့သူ့ရဲ့ ကြည်စင်တဲ့ အပြုံးက စွဲမက်စရာ။ ပြီးတော့ သကြားလုံးခွံလေးတွေကို သူ့ဒိုင်ယာရီစာအုပ်ကြားထဲ ခပ်ဖွဖွ ညှပ်သိမ်းလိုက်တယ်။
ဒါ ကျမနဲ့ပတ်သတ်တဲ့ အမှတ်တရ တွေကို သူငယ်ချင်းဘ၀ကတည်းကခုချိန်ထိ သိမ်းဆည်းနေကျနည်းလမ်းတစ်ခုပါ။
သူ့လှုပ်ရှားမှုတိုင်းကို မပျင်းမရိ တမေ့တမော လိုက်ငေးနေတဲ့ ကျမ ကို လှည့်ကြည့်ပြီး ကျမဆံပင်တွေကို အသာအယာဆွဲဖွလိုက်ရင်း လှစ်ကနဲပြုံးလိုက်တယ်။
သူပြုံးလိုက်တိုင်း မျက်လုံးလေးတွေကပါ အရောင်တောက်ပြီးလိုက်ပြုံးသွားတာလေးကိုလေ ကျမ ချစ်လိုက်တာ။
သူနဲ့ ကျမရဲ့ ရွှေရောင်နေ့ရက်တွေထဲမှာ ဘတ်စ်ကား ကြပ်ကြပ်တိုးစီးခဲ့တာတွေလဲ ပါရဲ့၊
အဓိပတိလမ်းမှာ လမ်းလျောက်ခဲ့တာလဲပါရဲ့၊ ရောင်စုံကျောင်းသူ၊ကျောင်းသားတွေကို လိုက်ငေးရင်းလဲ ပျော်ခဲ့ဖူးတာတွေလဲ ပါရဲ့ … ကံ့ကော်ပန်းလေးတစ်ပွင့် ကျမခေါင်းပေါ် ပန်ပေးခဲ့တာလဲပါရဲ့ ….
ဂန္ဓ၀င် သစ်ပုပ်ပင်ကြီးကို မှီပြီး ချစ်ခွန်းသီခဲ့တာတွေလဲပါရဲ့ ….
ရေတမာပင်အောက်ထိုင်ပြီး မင်းလူဝတ္ထုတွေကို နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဖတ်ခဲ့ရတာတွေလဲပါရဲ့ ….
ကျမတို့နှစ်ယောက်အတွက် အမှတ်တရဆိုတာ တိုက်လာတဲ့ လေပြေညင်းလေးတွေက အစ
ခြေလှမ်းအောက်က ရွက်ခြောက်ကြွေလေးတွေ အဆုံး သိပ်သိပ်သည်းသည်းပါဝင်ခဲ့ကြတယ်။
.
.
.
.
.
.
“ ဟဲ့ အမေကြီး တစ်ယောက်တည်း ပြုံးလို့ပါလား ဟ … ဘာတွေ များ သဘောကျနေတုန်း”
ဆက်ကနဲ တုန်သွားတဲ့ ကျမ လက်ကကော်ဖီခွက်ပါလွတ်ကျပါလေရောလား။
“အမယ်လေး … ပူလိုက်တာတော် …. အဖေကြီးကလဲ အလန့်တကြား …..”
သူ ….. အပြေးကလေး ဖြေညှင်းစွာလှမ်းလာပြီး ကျမလက်က ကော်ဖီပူတွေကို တယုတယ ပွတ်သုတ်ပေးလိုက်တယ်။
တွန့်နေတဲ့ အရေးအကြောင်းတွေ ကြားက ကြည်စင်တဲ့ အပြုံးတွေ သူ့နှုတ်ခမ်းမှာ တွဲလွဲခိုနေတုန်း။
လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး သူ နဲ့ ကွမ်းယာသည်လေးကျမ ခုတော့ ကျောင်းထဲမှာ
လက်ဘက်ဆိုင်လေးတစ်ဆိုင်အခြေတည်လို့ ကျမတို့ရဲ့ အမှတ်တရတွေလဲ ဝေစည်ဆဲ၊
မပြောင်းလဲတဲ့ ချစ်ခြင်းတွေလဲ တိုးပွားဆဲ ….
သံယောဇဉ်တွေလဲ တနေ့ထက် တနေ့ ခိုင်မာဆဲ ……..
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
12 Comments:
တိုတိုလေးနဲ့ အဝေးကြီးကိုရောက်အောင် ခေါ်သွားနိုင်တဲ့စာလေးပဲ... ချစ်စရာ... <3
တော်တော်နောက်တဲ့ ကြယ်ပြာ။း)
အမှန်က ဒုတိယအပိုဒ်ကြီးက ရောကြိတ်လိုက်တာ မဟုတ်လား။း)
ဖတ်ပြီးပြုံးပြုံးလေး ခံစားရမိတယ်
tagာထးတယ်ညီမငယ်ကြယ်ပြာရေ
အစ်မသက်ဝေ အာဘွား...
ရောမကြိတ်ပါဘူး သူကြီးရယ် ...... ပြောချင်တာက ခိုင်မြဲတွယ်နှောင်တတ်တာလေးကို ပေါ်လွင်ချင်တာပါ
မဂျက်ဘလော့ကိုသွားတာ မဂျက်စာတွေကို ဖတ်လို့ရဘူး။တာ့
ချစ်စရာလေးဖြစ်အောင် ရေးတတ်တယ်...
သံယောဇဉ်ကြိုးတစ်မျှင် ရေကိုဓါးနဲ့ဖြတ်ရင်သာပြတ်မယ်.. သူ့ကိုဖြတ်ဘို့မလွယ်ဘူး မို့အိရေ... ကြာလေခိုင်မြဲလေ...
လာဖတ်သူတွေ ဖတ်ပြီးမန့်ပေးသွားသူတွေကို အရမ်းကျေးဇူးတင်ပါတယ်။
နောင်ကိုလဲ ကြိုးစားပြီး ကောင်းအောင်ရေးပါ့မယ်။
ဇွန် ရောက်ခဲ့တယ် ကြယ်ပြာ။ မတွေ့ဖြစ်တာ ကြာပြီနော်။
စာတိုတိုလေးပေမယ့် ကြယ်ပြာလိုပဲ ချစ်ဖို့ကောင်းလို့ ပြုံးရတယ်။း)
လေးဖြူရဲ့သံယောဇဉ်သီချင်းလေးကိုသတိရသွားလို့တိုးတိုးဆိုညည်းရင်းအလည်တစ်ခေါက်ရောက်ခဲ့ပါတယ်
ချစ်စရာကောင်းတဲ့စာလေး...။ chicken soup ထဲကဖတ်ဖူးခဲ့တဲ့ အနှစ်ခြောက်ဆယ်မှ ငယ်တုန်းက ရည်းစားရပြီး ဘိုးဘွားရိပ်သာမှာပြန်ဆုံတဲ့အဖိုးအဖွားနှစ်ယောက်ကို အမှတ်ရမိတယ်..း)
ကြယ်ပြာလေးရေ
ဘာပဲရေးရေး ရတယ်လေ ကိုယ်အားသန်တာရေးပေါ့နော် ဘာအကြောင်းလို့မှ သူတိ့ခေါင်းစဉ်မပေဒဘူး....
ပစ်တော့သဘောကျတယ်..
ဖဘ မှာတော့ဖတ်ပြီးပြီ
အခုထပ်လာဖတ်တာ..
ခင်မင်လျှက် ပစ်ပစ်
ငြိမ့်ငြိမ့်လေးနဲ့ သဘောကျရင်း ပြုံးလိုက်မိတယ် ... :)
Post a Comment