ပုံစံမကျမှုတွေထဲ ပုံစံကျမှုတစ်ခုကို နှစ်မြုပ်ကြည့်လိုက်သောအခါ
မျှော်လင့်ချက်တွေက မျက်လုံးတွေထဲမှာ သူတစ်လူ ငါတစ်မင်းနဲ့ အချင်းများကြတယ် …..
ဖြက်ကနဲလက်သွားတဲ့ အလက်က ဘယ်အထိ အရွေ့ရှိမလဲဆိုတာ
ကာယကံရှင်ကလွဲလို့ ဘယ်သူသိနိုင်မလဲ?
ငါ၊ သူတစ်ပါး …. အရောင်လက်ပုံချင်းတူရင်တောင် ရသချင်းကွဲလိမ့်မယ် …
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းဟာ
ဖြစ်နိုင်ပါတယ်ဆိုတဲ့ သက်သေမဲ့ စကားအများကြားမှာ တလူးလူး တလိမ့်လိမ့် ……
ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ကြုံမှဆိုတာ လူတွေ မှတ်မိပုံမရကြဘူး ……
သို့မဟုတ် သိကြပုံမရဘူး ….
ဘာဖြစ်ချင်တယ်ဆိုတာ အရင်မမေးပဲနဲ့
ဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ အဖြေအတွက်
စိတ်ပျက်ခြင်းတွေသာ တရိပ်ရိပ်တက် ……………
၂၂၊ အောက်တိုဘာ၊ ၂၀၁၃
ညနေ၂း၄၄ မိနစ်
2 Comments:
ကဗျာကောင်းလေးပဲ...ဒါပေမယ့် တစ်ခုအကြံပေးပါရစေ...“ သလဲ ” လို့ မရေးဘဲ “ သလည်း ” လို့ ရေးထားတော့ ကဗျာကို ဖတ်ရတာ ရသနည်းနည်း ပေါ့သွားသလို ဖြစ်နေသလိုပဲ...
ဟုတ် .. ခုတလော လဲ နဲ့ လည်း ရောနေတယ် ဦးဟန်ကြည်..ထောက်ပြပေးတာ ကျေးဇူးပါ။
Post a Comment