တိတ်တိတ်ဆိတ်ဆိတ်ပါပဲ ပုံသေနည်းတစ်ခုစီနဲ့ဘ၀တွေပေါ့
ကိုယ်မသတ်မှတ်လဲ ပန်းတိုင်တစ်ခုစီတော့ ဘ၀က သတ်မှတ်ပေးပြီးသား …
ရယ်မလား၊ငိုမလား ပြုံးမလား၊မဲ့မလား ဆိုတာတော့ ကိုယ်တိုင်ရွေးပေါ့ ….
ဘာတွေများ ထပ်ပြီးပိုလိုချင်နေမိပါလိမ့် …
အချစ်လား …. သွားစမ်းပါကွယ် ခပ်ဝေးဝေးကို ….
လိုတော့မှ လှမ်းခေါ်လိုက်မယ် …..
ခပ်ရင့်ရင့် တစ်ချက်ပြုံးလိုက်စမ်းပါ ….
ဘ၀မှာ အားလုံးပြီးပြည့်စုံနေသလို ဘာလိုလိုပေါ့ …
အိုဗာတော့ သိပ်မဖြစ်စေနဲ့ ….
ယုံကြည်မှုလွန်ရင်လဲ နောက်ပြန်လဲတတ်သတဲ့ …
ကဲ …. တော်လောက်ပြီလေ …
မင်းအလှည့်ရောက်ပြီ ကန့်လန့်ကာရှေ့ထွက်ပြီး
အသုံးတော်ခံပေဦးတော့ ……
မှာပါရစေ ….
ခပ်နုနု အပြုံးလေးတွေတော့ ဆင်မြန်းသွားဖို့ မမေ့စေနဲ့ …..
ကြယ်ပြာ
(၁၃၊ နိုဝင်ဘာ၊ ၂၀၁၃ နံနက် ၁၀း၁၁)
2 Comments:
ခပ်ရင့်ရင့် တစ်ချက်ပြုံးဆိုတဲ့နေရာမှာ တစ်ချက်တွေသွားတယ်...အနှီလိုပြုံးတဲ့လူများကို ဦးဟန်ကြည် အင်မတန် သောက်ညင်ကတ်တာကိုးဗျ...
ဦးဟန်ကြည်
ခပ်ရင့်ရင့် အပြုံးဆိုတာ ရင့်သီးတဲ့အပြုံးဆိုတဲ့သဘောမျိုး ရေးတာမဟုတ်ပါဘူး။ မပြုံးချင်လည်း ပီပီသသ သေသေချာပြုံးလို့ ပြောချင်တာပါ။ ဟီး စကားလုံး အသုံးကောင်းတာ အဓိပ္ပါယ်တွေလွဲကုန်ပြီ။
Post a Comment