
တခါတုန်းက မြေကွက်လေးတစ်ကွက်ရှိတယ်တဲ့ …. အဲ့ဒီမြေကွက်ကလေးကို ပိုင်ရှင်တွေက သေချာမပြုမပြင်ထားတော့ သူ့ခမျာ ခြံစည်းရိုးလေးတွေလဲ ပျက်၊ အနီးအနားက လူတွေကလဲ ဖြတ်လမ်းလိုသဘောထားပြီး ဖြတ်ကြ သွားကြ လာကြနဲ့ပေါ့ ၊ ကြက်တွေ ငှက်တွေကလဲ သူတို့ အစာရှာရာနေရာလို သဘောထားပြီး မြေကွက်လေးအပေါ် ထင်တိုင်းကြဲနေကြတယ်တဲ့ …. ဒီတော့ မြေကွက်လေးက “ငါဟာ လောကကြီးအတွက် ဘာမှ အကျိုးမပြုနိုင်တဲ့အရာ တစ်ခုပါလား” ဆိုပြီး စိတ်မကောင်းဖြစ်နေသတဲ့လေ ….
တစ်နေ့မှာတော့ မြေကွက်ကလေးရဲ့ပိုင်ရှင်တွေက မြေကွက်ကလေးကိုစောင့်ရှောက်ဖို့ ခြံလုပ်သားကြီးတစ်ယောက်လက်ကို အပ်လိုက်သတဲ့ …. လုပ်သားကြီးက ခြံစည်းရိုးလေးကို ခိုင်ခိုင်ခံ့ခံ့လေးပြင်ကာပြီး မြေကွက်လေးကို မြေဆီ မြေသြဇာပြည့်တဲ့ မြေကွက်လေးတစ်ကွက်ဖြစ်အောင် စတင်ဖန်တီးပါလေရောတဲ့ … မြေကွက်ကလေးကတော့ သူ့ရင်ဘတ်ပေါ်မှာ ဘာပင်လေးတွေများစိုက်မလဲဆိုပြီး ရင်ခုန်မျှော်လင့်နေတာပေါ့ … အဲ့လို လုပ်သားကြီးက ပြုပြင်ပြီးတဲ့နောက် မြေကွက်လေးပေါ်မှာ ပန်းပျိုးပင်လေးတွေစိုက်သတဲ့ … မြေကွက်လေးကတော့ ပျော်နေရှာတာပေါ့လေ … ပြီးတော့ ဆုံးဖြတ်ချက်လဲ ချလိုက်သတဲ့ .. သူ့ရင်ဘတ်ပေါ်က သူချစ်တဲ့ ပျိုးပင်လေးတွေ အကောင်းဆုံးရှင်သန်ဖူးပွင့် နိုင်ဖို့ သူအစွမ်းကုန်ကြိုးစားမယ် ဆိုပြီးတော့ပေါ့ ….
ဒီလိုနဲ့ပဲ မြေကြီးကသူဆုံးဖြတ်ထားတဲ့အတိုင်း ပန်းပင်လေးတွေ အမြစ်ခိုင်မာစေဖို့၊ အာဟာရပြည့်စေဖို့ သူ့မှာရှိတဲ့ အစွမ်းတွေနဲ့ ပံ့ပိုးလိုက်တာ ပန်းပင်လေးတွေမှာ လှပတဲ့ရောင်စုံအပွင့်လေးတွေ ငွားငွားစွင့်စွင့်၊ ရနံ့လေးတွေကလဲ သင်းထုံလို့ ဖူးပွင့်လာလိုက်ကြတာ မြေကွက်လေးမှာ ပျော်လွန်းလို့ နေစရာနေရာတောင်မရှိသလို ခံစားရသတဲ့ … ပန်းပွင့်လေးတွေကလဲ မြေကွက်လေးရဲ့ သူတို့အပေါ်ထားတဲ့ စိတ်စေတနာကိုသိလေတော့ အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ဝတ်မှုံလေးတွေ၊ သူတို့ရဲ့ပွင့်ဖတ်လေးတွေ၊ သူတို့ရဲ့အရွက်လေးတွေကို မြေကွက်လေးပေါ် ခြွေချပေးကြတယ်လေ ….သူတို့တစ်ပင်လုံး လဲဖြိုချပေးဖို့ကျတော့လဲ မဖြစ်နိုင်ပြန်ဘူးလေ … ဘာလို့လဲဆိုတော့ သူတို့ အလုပ်က အကောင်းဆုံးဖူးပွင့်ပြီး ကောင်းကင်ကြီးကို မျှော်ကြည့်ဖို့မဟုတ်လား ….
မြေကွက်လေးကတော့ ပန်းပင်လေးတွေဆီက ဘာဆိုဘာမှပြန်မမျှော်လင့်ခဲ့ပါဘူး … သူ့စေတနာကို အသိအမှတ်ပြုတာနဲ့တင်ကျေနပ်ရောင့်ရဲနေနိုင်တယ်ဆိုတာ ပန်းပင်လေးတွေလဲ ရိပ်မိမယ်ထင်ပါတယ် … သူတို့ခြွေချပေးတဲ့ အရာလေးတွေကနေ မြေသြဇာပြန်လုပ်ပြီး အပင်လေးတွေ ဆက်လက်ရှင်သန်ဖို့ပဲ သူစိတ်ဝင်စားသတဲ့လေ … အပင်လေးတွေ ပျော်နေမယ်ဆိုရင်ကိုပဲ လောကကြီးမှာ အကြီးမြတ်ဆုံး အရာတစ်ခုလိုမျိုး သူ့ကိုယ်သူ ဂုဏ်ယူကျေနပ်နေသတဲ့ …. မြေကွက်လေးက ခြံလုပ်သားကြီးကို ခပ်တိုးတိုးပြောလိုက်တယ်တဲ့ “လုပ်သားကြီးခင်ဗျာ … ခင်ဗျားကြောင့် ကျုပ်ချစ်တဲ့ပန်းပင်လေးတွေကို အကောင်းဆုံးဖူးပွင့်ဝေဆာနိုင်အောင်ဖန်တီးပေးနိုင်ခဲ့လို့ ကျုပ်က ခင်ဗျားကို သိပ်ကျေးဇူးတင်ပါတယ် …” တဲ့ ….
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ …. လောကကြီးမှာရော ကိုယ်ချစ်တဲ့သူဆီက ဘာမှပြန်မမျှော်လင့်ပဲ သူပျော်ရွှင်ဖို့လုပ်ပေးနေရတာနဲ့တင် ကျေနပ်နေတတ်တဲ့ မြေကွက်လေးလို လူတွေရှိမယ်လို့ထင်ကြလားဟင် ??????
မှတ်ချက်။ ။ပုံလေးကို www.earthfriendlybouquets.com ကယူပါတယ် ...
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
2 days ago
9 Comments:
သိပ်ရှိတာပေါ့..တကယ်မိုက်တယ် အမရေ
အမရော မြေကြီးလို လူမျိုးတစ်ယောက်ဘဲလား
အဆင်ပြေပျော်ရွှင်ပါစေဗျာ
အကြာကြီးနေမှ တစ်ခါရေးတာတွေ့ လို့  အမိအရလာခဲ့တယ်ဗျာ...
ဥယျာဉ်မှုးကောင်းဖို့ လဲ အများကြီးလိုတာပေါ့... ဟုတ်ဘူးလား...
တစ်ဦးမေတ္တာတစ်ဦးမှာပေါ့ဗျာ.....။
ကြယ်ပြာရေ..ကိုလူထွေးပြောသလိုပဲ..ဥယျာဉ်မှူးကောင်းဖို့လဲ အများကြီးလိုသေးပါတယ်။
ပျော်ရွှင်ပါစေ။။
ထင်တာပဲ ။ :D
ရိုးရိုးလေးနဲ့  ဆန်းသဗျ ။ အစ်မရော ပန်းပင်လေးလား မြေကွက်လေးလား ။ တခုခုပဲ ... ။ :P
မြေကွက်လို လူမျိုး က ပန်းပင်ရဲ့  သိတတ်မှု နားလည်မှု
တွေအပေါ် မူတည်ပြီး ကွဲပြားသွားနိုင်မယ်လို့ ထင်ပါတရ်။ အမရေ တွေးထားတာ ရေးထားတာ
အရမ်းကောင်းတရ်။
ခင်မင်ခြင်းနှင့်
တလနွန်
ရှိတော့ ရှိတယ် ၇ှားတယ်ပေါ့ ညီမရေ
လောကကြီးမှာရော ကိုယ်ချစ်တဲ့သူဆီက ဘာမှပြန်မမျှော်လင့်ပဲ သူပျော်ရွှင်ဖို့လုပ်ပေးနေရတာနဲ့တင် ကျေနပ်နေတတ်တဲ့ မြေကွက်လေးလို လူတွေရှိမယ်လို့ထင်ကြလားဟ
ရှိတော့ရှိပါတယ် အမ နည်း၂တော့ရှားမယ်ထင်တယ်နော်...
ဥယျာဉ်မှူး ၊ မြေကွက် နဲ့ ပန်းပင်မှာ ဘယ်သူအနစ်နာခံခဲ့သလဲ ။
(အရူးလေး)
Post a Comment