တစ်နေ့မှာ ကျွန်မရယ်၊ ကျွန်မသူငယ်ချင်းရယ် အလုပ်ကပြန်တော့ အသိတစ်ယောက်အိမ်ကိုသွားကြတယ် … အဲ့ဒီကပြန်တော့ ဆင်မလိုက်အဝေးပြေးကားဂိတ်ထဲကနေ (၃၄) ဒိုင်နာကားစီးပြီးပြန်ရင် ကျွန်မအိမ်နားကမှတ်တိုင်ကိုရောက်တယ်လေ… ပြီးတော့ ဂိတ်စဆိုတော့ ထိုင်စရာကလဲရတယ် …. ကိုယ်တွေကလဲ ထမင်းဂျိုင့်ကတစ်ဘက်ဆိုတော့ ထိုင်ရမှ အဆင်ပြေမှာ .. မဟုတ်ရင် ဒိုင်နာကားကသိတဲ့အတိုင်းပဲ မြန်ကမြန်နဲ့ ဆန်ကောထဲကဇီးဖြူသီးဖြစ်မှာလေ …စပါယ်ယာကတော့ “ဟိုရောက်မယ် … ဒီရောက်မယ်” အော်ပြီး လာသမျှလူတွေကို အတင်းတွန်းထိုးတင်နေတာပဲ … ကျွန်မလဲ တက်ရော ကားလဲမထွက်သေးပဲနဲ့ စပါယ်ယာက နောက်ကကပ်လိုက်လာတယ်လေ … ဘယ်သူတက်တက်မလိုက်လာပဲနဲ့ ကိုယ်တက်မှလိုက်လာတော့ “ငါ့ကိုများ …. ကားခမပေးပဲ အလကားစီးမယ့်သူကျနေတာပဲ ” ဆိုပြီးတော့ ရှက်လဲရှက်၊ စိတ်လည်းနည်းနည်းတိုသွားတာပေါ့ … ဒါပေမယ့် ထုံးစံအတိုင်းလှည့်မကြည့်ပါဘူး … ကျွန်မလှည့်မကြည့်ရင် သူပြန်ဆင်းသွားမယ်ထင်တာပေါ့ … သုံး လေး ငါး လှမ်းလောက်လှမ်းတဲ့ထိ ပြန်မဆင်းတော့ ကျွန်မကလဲ ဘာလဲလို့ မေးမလို့ ရုတ်တရက်ပြန်လှည့်လိုက်တာပေါ့ … အဲ့ဒီတော့ မှ အဖြစ်မှန်ကိုသိတယ် …
ကျွန်မကိုင်တဲ့ စတီးနှစ်ဆင့်ဂျိုင့်ရဲ့ ဂိုင်းက နည်းနည်း အပြင်ကိုကားနေတယ်လေ … အဲ့ဒီ ဂိုင်းက ကျွန်မကားပေါ်စတက်ကတည်းက စပါယ်ယာရဲ့ခပ်တိုတိုပုဆိုး အောက်နားစကို ချိတ်ပြီးသယ်လာမိတာကိုး …. ဟီး …. ကိုယ်ရွှေစပါယ်ယာကလဲ အဲ့ဒါကိုမပြောပဲ သူ့ပုဆိုးလေးကို တင်းတင်းဆုပ်ကိုင်ပြီး ဒီအတိုင်းလိုက်လာတယ်လေ …. တော်သေးတာပေါ့ ဂျိုင့်ကိုတအားမဆွဲလိုက်မိလို့ … ဆွဲများဆွဲလိုက်လို့ကတော့ မြင်မကောင်း ရှုမကောင်းတွေဖြစ်တော့မယ် …. ဘာလို့မပြောလဲဆိုတော့ အားနာလို့တဲ့ … ဟား ဟား ဟား
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
13 Comments:
အဟား အမ တို ့ကေတာ့
လုပ်လိုက်ရင် အဟတ်
တွေး ပြီးရီနေတာ ဆောင့်များဆွဲလိုက်လို့ ကတော့လို့ 
မတွေးဝံ့စရာ
မတွေးဝံ့စရာ .... မတွေးဝံ့စရာ... ဟီး
ပေါက်ပေါရှာရှာ ကြယ်ပြာရယ်...
တော်သေးတယ်ပေါ့...
ဟူးးးး
ကြယ်ပြာတို့ကတော့ လုပ်လိုက်ရင် တွပ်ပီသေနတ်အတိုင်းဘဲ။ မရှောင်နဲ့။ ရှောင်ရင်ထိနေဦးမယ်ဆိုတာလေ။ ထင်တာနှင့်လက်တွေ့ ဆန့်ကျင်ဘက်တွေချည်းဘဲ။ ဟား ဟား။
ရယ်စရာကောင်းလို့ ရယ်သွားပါတယ်။
နောက်လဲ ကားပေါ်က ဟာသလေးတွေ ဖတ်ချင်ပါသေးတယ်။
အမ လည်းနော် ဖြစ်လိုက်ရင် အဆန်းကြီးပဲ။
တွေးပြီး ရယ်ရတယ် အဟတ်
ခင်မင်ခြင်းနှင့်
တလနွန်
ဖြစ်ရမယ် အမ ကတော. ... တော်သေးတယ်
အမနဲ.တွေ.ရင်တော. ပုဆိုးဝတ်မလာတော.ဘူးကြောက်လို.
ဟီးးးးးးးးးးးး
တော်သေးတာပေါ့ မကြယ်ပြာရယ် ဇွတ်မဆွဲမိလို့ ဟီး၂
:D
တော်သေးတာပေါ့
ဟားဟား မတွေ့ဝံ့စရာပါလား ရယ်ရတယ် အမရေ
အဆင်ပြေပျော်ရွှင်ပါစေဗျာ
နောက်တခါ ထပ်ပြောမယ် ။ အဲလိုကို ဖြစ်နေရမယ် ။ :P
ကြယ်ပြာရေ..
အရေးအသားက ပေါ့ပေါ့ပါးပါးနဲ့ မိုက်တယ်..
ကျန်တာလေးတွေ ဆက်ဖတ်ဦးမယ်..
ကိုရင်နော်
သဲထိတ်ရင်ဖိုစရာပါလား....။
ကံကောင်းလို့...
အားနာရင်ခါးပါတတ်တရ်ဆိုတာ ဒါမျိုးနေမှာ ငါ့အစ်မရေ ။ တွေးရင်း သူ့အဖြစ်ကိုမြင်ယောင်ကြည့်တော့ ဟိဟိဟိဟိ
(ကိုရဲ) ထမင်းစားခါနီးမန့်သည် ။
Post a Comment