ဒီခေါင်းစဉ်လေးကို အားရင်ရေးပေးပါလို့ မငုံပြောထားတာကြာပေါ့ ….
ခုမှရေးဖြစ်တာတော့ ဆောရီးပါ မငုံရေ …
မသိမသာနဲ့ပြင်သင့်တာတွေကတော့ အများကြီးပဲရှိတာပေါ့ … သိသိသာသာပြင်သင့်တာလေးတွေး ချရေးကြည့်မယ်နော် …
၁။ အစွဲအလမ်းအရမ်းကြီးလွန်းတာပါ …. အစွဲအလမ်းကြီးလွန်းတော့ ခံစားရတာတွေများတယ်လေ … ကိုယ့်ကိုကိုယ်မကြိုက်ဆုံးအချက်ပါပဲ …
၂။ အပျင်းထူလို့ရသလောက်ထူချင်တာ … ရန်ကုန်မှာအလုပ်လုပ်တုန်းက လစာတွေတိုးပေးဖို့ Supervisor တွေက Recommend လုပ်ရတယ် … အဲ့ဒီမှာ ကိုယ်နဲ့တိုက်ရိုက် အလုပ်လုပ်ရတဲ့ Supervisor က Recommend ကောင်းကောင်းပေးတာကို တခြား Supervisor တွေက Initiation နှေးတယ်လို့ မှတ်ချက်ပေးတာခံရဖူးတယ် … Initiate လုပ်တာမြန်တာဆိုလို့ အဲ့တုန်းက ဂိမ်းဆော့တာပဲ … ကိုယ့်ဘေးထိုင်တဲ့သူက ဂိမ်းဖွင့်လိုက်တာနဲ့ ကိုယ်လဲဖွင့်ပြီးသားပဲ …. အဲ့လိုမြန်တာ …
၃။ တခါတလေ ကိုယ့်အတွက်အကျိုးမရှိမှန်းသိသိကြီးနဲ့ လုပ်ချင်ရင် စိတ်အလိုလိုက်ပြီး ဆက်လုပ်တာ … ဥပမာအနေနဲ့ပြောရရင် တညလုံးမအိပ်ပဲ ချတ်တာမျိုး၊ ဂိမ်းဆော့တာမျိုး၊ တညလုံး ရုပ်ရှင်တစ်ကားပြီး တစ်ကားကြည့်တာမျိုးတွေပေါ့ …
၎။ နောက်ပြီး ဖုန်းခတွေဈေးကြီးမှန်းသိလျက်နဲ့ ကိုယ်ဖုန်းခေါ်ချင်ရင် Oversea ကို တိုက်ရိုက်ခေါ်ပြီး ကိုယ်ပင်ပင်ပန်းပန်းရှာထားတဲ့ လုပ်ခတွေဖြုန်းပစ်တာမျိုး …..
၅။ အားနာတတ်တာလဲ မကြိုက်ဘူး … တော်ရုံမဟုတ်ဘူး … ကိုယ်က အားမနာသင့်ဘူးလို့တွေးပြီးလုပ်လိုက်မိရင်တောင် တွေးပြီး အားနာတတ်ပြန်သေးတာ .. အဲ့အကျင့်လဲပြင်ရမယ် … မုန်းလွန်းလို့ …
လောလောဆယ်တော့ အပြင်သင့်ဆုံးတွေက ဒီ(၅)ချက်ပဲစဉ်းစားလို့ရသေးတယ် … မငုံကျေနပ်မယ်ထင်ပါတယ်နော် ….း)
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
12 Comments:
အမ ရေလာဖတ် တယ် ... အမ ပျော်မနေနဲ.
ကိုတလနွန်ကြီး အမ ကို ထပ်တဂ် ထားသေးတယ်
အဟက် အဟက်
သိတယ် .. သိတယ် .. အဲ့ဒါကြီးရေးဖို့ခက်နေတာ ...း(
ကျနော်နဲ့တူတယ်
အပျင်းကိုရသလောက်ကိုထူချင်နေတာ တကယ်တကယ်
အင်းအမ အကျင့်ကိုသိလိုက်တော့
ဆောင်ရန်ရှောင်ရန်တွေ မှတ်သွားပြီ
အဟီး
ဆိုလိုတာက ဒီနေ့ ကစပြီး လိမ္မာတော့မယ်ပေါ့...
ဟုတ်လား...
ပထမဆုံးပြောချင်တာလေးက ကျေးဇူးပါ။မအားတဲ့ကြားကနေ ရေးပေးလိုက်တာလေး ကျေးဇူးနော်။။သိပ်မဆိုးပါဘူး..:))
လိမ္မာတော့နော်။oversea callတွေသိပ်မခေါ်တော့နဲ့:P
ဒီနေ့ ကစပြီး ညညကျဂိမ်းဆော့သော ရုပ်ရှင်တစ်ကားပြီး တစ်ကားကြည့်သော ကလေးဆိုး(မှားလို့ ) လူကြီးဆိုးမကြယ်ပြာ သည် လိမ္မာတော့မည်ဟုကြားသိရပါသည်။ ဒူ ဝေ ဝေ....
စတာနော် :) စိတ်မဆိုးကြေး
ခင်မင်ခြင်းနှင့်
တလနွန်
၅ခုလုံး ပြင်ဖို့ ခက်မယ်ထင်တယ် ညီမလေး၊ ဖြေးဖြေးပြင်ကြည့်ပါနော်
အစ်မရေ လာဖတ်တ၇် ။ ဘာတွေပြုပြင်ပြောင်းလဲရဦးမလည်း ။ လုပ်သင့်တာလုပ်ထိုက်တာတွေအားလုံးကို လုပ်လိုက်ပါ ။ ပျင်းတရ်ဆိုတာ နာမည်သာဆိုးတာ တစ်ကယ်တမ်းကျ နေရလွန်ကောင်းနော့် ။
(ကိုရဲ)
မကြယ်ပြာရေ..
ဒီလိုရှိတဲ့အကြောင်းရော..
အလွဲတွေရောဖတ်သွားပြီ...
ခင်မင်စွာဖြင့်
သီဟသစ်..
အစ်မကြယ်ပြာရေ ပြင်သင့်တဲ့အကြောင်းအရာလေးတွေ ဖတ်သွားတယ်နော် အဆင်ပြေပျော်ရွှင်နိုင်ပါစေခင်ဗျာ
တူတဲ့အချက်တွေများတယ်။ ချတ်တင်ဝင်တာကလွဲရင်ပေါ့။
မကောင်းတာကို မကောင်းမှန်းသိနေရင် ပညာရှိဖြစ်ခါနီးပြီ။ ကျင့်ကြံအားထုတ်လိုက်ရင် ရှယ်ဖြစ်သွားမယ်။
Post a Comment