မေကြီးဒီတစ်ပတ် မျက်စိပြတာ အဆင်ပြေမပြေ သိချင်လို့ ဒီမနက်အိမ်ကို ဖုန်းဆက်ဖြစ်တယ် … အမေနဲ့ဖုန်းပြောတော့ အမေက
“သမီးရေ … မေကြီးမျက်စိ မြင်တော့မြင်လာရတယ်၊ အရှင်းတော့မမြင်ရဘူး၊ လူတွေကို ကြည့်ရင် ကွေ့ကွေ့ကောက်ကောက်တွေပဲမြင်ရတယ် ဒါပေမယ့် တစ်ဘက်က ကောင်းသေးတာပဲ စိတ်မပူနဲ့”
“မေ .. .ဆရာဝန်က ဘာပြောလဲ”
“သွေးကြောပေါက်တာကနေဖြစ်တဲ့ အမာရွတ်တွေက မျက်ကြည်လွှာမှာ ကပ်နေတယ်တဲ့ .. အဲ့ဒါတွေဖယ်ထုတ်ပစ်ရင် မျက်ကြည်လွှာကို ဆွဲဖြဲသလိုဖြစ်မယ်ဆိုတော့ ပြန်မကောင်းနိုင်တော့ဘူးလို့ ဆရာဝန်ကပြောတယ်”
“အစကပြောတော့ လေဆာသုံးခါပစ်ပြီးရင် ပြန်မြင်မယ်ဆို”
“၀ဋ်ကြွေးပါလို့ပေါ့ သမီးရယ်.. ဘယ်တတ်နိုင်မလဲ ..”
“မေ … မျက်ကြည်လွှာလဲလို့မရဘူးလား ဟင် …”
“သမီးရယ် မျက်ကြည်လွှာလဲတယ်ဆိုတာ လွယ်တာမှမဟုတ်တာ … လှုတဲ့သူရှိဦးမှ .. မေကြီးတစ်ဘက်မြင်နေရသေးတာပဲ … ဆီးချိုကလဲ ရှိနေတော့ မေကြီးကတော့ မျက်စိမခွဲချင်ဘူး”
“သမီးကတော့ မျက်ကြည်လွှာလဲလို့ရရင် လဲလိုက်စေချင်တယ် …ဆရာဝန်ကို မေးကြည့်ပါလား မေကြီးရယ် ”
“အေး… အေး … မေကြီးကိုနောက်တစ်လခွဲနေရင် လေဆာထပ်ပစ်ဖို့ချိန်းထားသေးတယ် .. အဲ့ဒီကျမေးလိုက်မယ် သမီး”
ပြီးတော့ ဖေကြီးနဲ့ စကားနည်းနည်းပြောပြီးဖုန်းချလိုက်ဖြစ်တယ် … စိတ်ထဲမှာတော့ အတွေးတွေအများကြီးကျန်ခဲ့တယ် ..
မေ မျက်စိမခွဲချင်တာ သမီးသိတယ် … ခွဲရင်ကောင်းသွားမယ်လို့လဲ မေကြီး မယုံကြည်ဘူးလေ … သမီးမေ့မျက်စိကို အကောင်းတိုင်းဖြစ်စေချင်တယ် … မေ့အသက်က ၅၀ တောင်ပြည့်သေးတာမဟုတ်ဘူး … မေ မသေခင် သက်ရှိထင်ရှား ရှိနေချိန်လေးမှာတော့ ဘာချွတ်ယွင်းချက်မှ မရှိပဲ ဘ၀ကိုဖြတ်သန်းသွားစေချင်တယ် မေကြီးရယ် … သမီးဘာလုပ်ပေးနိုင်မလဲ ဟင် …. သမီးဘာလုပ်ပေးရမလဲ … မေကြီးကတော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ပေမယ့် သမီးစိတ်မကောင်းဘူးမေကြီးရယ် … ဖြစ်နိုင်ရင် သမီးရဲ့မျက်ကြည်လွှာကိုတောင် မေကြီးအတွက်ပေးချင်ပါတယ် … မေကြီးရဲ့နောက်ထပ်မျက်စိတစ်ဘက် ထပ်မထိခိုက်ပါစေနဲ့လို့ သမီး ဆုတောင်းပါတယ် ...
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
14 Comments:
မမကြယ်အမေ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်
ခွဲလိုက်ရင် အဆင်ပြေသွားမှာနော်
အင်း ... အစ်မလဲ ခွဲလိုက်ရင် အဆင်ပြေသွားမယ်ထင်တာပဲ ...အမေက မခွဲချင်တာအားသန်နေတော့ ပြောရခက်တယ် ....း(
အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဗျာ
လူကြီးဆိုတော့လည်းခွဲစိတ်တာတွေကို ကြောက်တာဖြစ်မှာပါ အမေ့အတွက်မျက်ကြည်လွှာလဲလို့ရရင်လဲချင်ပါတယ်ဆိုတဲ့စိတ်ဓါတ်ကိုတော့ လေးစားပါတယ်
ဖတ်ရတာ စိတ်မကောင်းဘူး ကြယ်ပြာရေ။ တကယ်ကို စိတ်မကောင်းဖြစ်မိတာပါ။
ဆီးချိုရောဂါရှိရင် အနာကျက်ခဲတယ်တဲ့။ ဒါကြောင့် ဆီးချိုအခံရှိတဲ့သူတွေကို ဆရာဝန်တွေကလဲ သိပ်မခွဲစိပ်ပေးချင်ကြဘူး။ မျက်ကြည်လွှာလဲတာကတော့ အနာကျက်တာ မကျက်တာနဲ့ ဆိုင်သလား ကျနော်မသိပါဘူး။
ဘာဘဲဖြစ်ဖြစ် ကြယ်ပြာလေးရဲ့  မေမေ နေကောင်းကျန်းမာပြီး တစ်သက်လုံး အလင်းဓါတ်ကို ရပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။
ခင်မင်လျက်။
အမရေ ကိုမောင်ဆီ သွားရင်းအမဆီ ၀င်လာတာပါ...
စိတ်မကောင်းဘူးဗျာ...အမ အမေ အဆင်ပြေပါစေလို.ဆု
တောင်းပေးပါတယ်ခင်ဗျာ...ခွဲဖိုကိစ္စတော. အမချော.မော.
ပြောပေါ. ... လူကြီးတွေက အသက်ကြီးရင်ကလေးလိုပြန်လုပ်တတ်
တော. အမ ချော.မော.ြော့ကြည်.ပါ...အောင်မြင်ပါစေဗျာ..
အာ၊ မကြယ်ပြာ ကျနော်တစ်ခု အကြံပြုချင်တယ်ဗျာ့။ မကြယ်ပြာ အမေ့မျက်စိနဲ့ပတ်သက်လို့ပေါ့။ တကယ်လို့မကြယ်ပြာအမေ့မျက်စိဟာ အခုတိုင်းမခွဲပဲထားရင် ကြည့်ရရှုရတာ အဆင်ပြေဖို့ခက်မယ်။ မျက်ကြည်လွှာအစားထိုးကုသတာ ကျနော်တို့ဆီမှာရှိပါတယ်။ သီတဂူဆရာတော်ကြီးတည်ထောင်ထားတဲ့ စစ်ကိုင်း သီတဂူဆေးရုံကြီးဟာ ဗုဒ္ဓဘာသာဝင်တွေသာမက၊ ခရစ်ယန် မူစလင်ဘာသာဝင်တွေလဲ လာရောက်ကုသခံယူကြပါတယ်။ အဲဒီဆေးရုံကြီးမှာ နှစ်စဉ် ဆယ်လပိုင်းလောက်ကနေ နောက်တစ်နှစ် နှစ်လပိုင်းလောက်အထိ မျက်စိအထူးကုအစီအစဉ်ရှိတယ်။ ယူကေ၊ အမေရိက၊ ဘယ်လ်ဂျီယန်၊ စင်ကာပူ နဲ့ မလေးရှား စတဲ့ နိုင်ငံတွေဆီက မျက်စိအထူးက ပါရဂူကြီးတွေကိုယ်တိုင် လာရောက်ကုသခွဲစိပ်ပေးပါတယ်။ ကျနော်က အဲဒီမှာအတော်ကြာကြာအလုပ်လုပ်ခဲ့ဖူးလို့ ကောင်းကောင်းသိပါတယ်။ ကျနော်သိရသလောက် အဖိတ်အစင်လုံးဝမရှိပါဘူး။ ဆေးရုံမှာ မျက်စိကုသရေးအတွက် လိုအပ်တဲ့ကိရိယဆာပလာတွေကို အပြည့်စုံဆုံးဖြစ်အောင်ဖြည့်ဆည်းထားပါတယ်။ နောက်ပြီး ကြယ်ပြာ့အမေက အသက်ငါးဆယ်ကျော်ဆိုတော့ အများကြီးငယ်ပါသေးတယ်။ အသက်ရှစ်ဆယ်အရွယ်အဖွါးကြီးတွေတောင် လာရောက်ခွဲကြတာရှိတယ်။ သူတို့မျက်စိလဲ ပြန်ကောင်းသွားကြတာပဲ။ နောက်ပီး အပြင်ဆေးရုံဆေးခန်းတွေမှာလို ခွဲစိပ်ခလဲ အများကြီးမယူပါဘူး။ ပိုက်ဆံတတ်နိုင်တဲ့လူတွေဆီကဆို ရေရှည်ဆေးရုံတည်တန့်စေရေးစရိတ်အဖြစ် ငါးသောင်းကျပ်ပဲယူပါတယ်။ ဆင်းရဲသားတွေဆီကဆို မယူပါဘူး။ မကြယ်ပြာစိတ်ဝင်စားရင် ကျနော်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တွေ ပေးလိုက်ပါ့မယ်။ အတိအကျသိရအောင် အဲဒီမှာ စုံစမ်းကြည့်ပါ။
အုပ်ချုပ်ရေးနှင့် ပြန်ကြားရေးဌာနဖုန်းနံပါတ်။ ၀၉၅-၀၇၂-၂၁၃၁၀
ဒေါက်တာမိမိခင် (မျက်စိဆရာဝန်မကြီး)
၀၉၉၀၆၁၀၉၉/၀၉၈၀၃၂၂၆၆
အဲဒီဖုန်းနံပတ်တွေ လှမ်းစုံစမ်းနိုင်ပါတယ်။ ဒေါက်တာမိမိခင်ဆီလဲမေးလို့ရပါတယ်။ ဆရာမက နေ့လည် ၂-နာရီကနေ ၃-နာရီအထိ၊ ညနေ ၆-နာရီကနေ ည ၉-နာရီအထိ အားတတ်ပါတယ်။ သူအားရင် စိတ်ရှည်လက်ရှည်ဖြေလိမ့်မယ်။ မအားရင်တော့ အငေါက်ခံရလိမ့်မယ်း)
အုပ်ချုပ်ရေးဆောင်မှာတော့ ဘုန်းဘုန်းတွေပဲရှိပါတယ်။ သိလိုသမျှကို သူတို့က ကောင်းကောင်းဖြေကြားပေးပါလိမ့်မယ်။ အဆင်ပြေပါစေ။
ကိုမင်းထက်ပေးတဲ့အကြံမဆိုးဘူး ကြယ်ပြာ...
အသက်ငါးဆယ်ဆိုတာ ငယ်ငယ်လေးပဲရှိသေးတာ..
အမေကို တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင်တော့ ဆီးချိုမတက်အောင် အမြဲတမ်းဆင်ခြင်နေဖို့  သတိပေး..
အစားအသောက် အနေအထိုင် ဆင်ခြင်နိုင်ရင် ဆီးချိုဆိုတာ ရောဂါမဟုတ်ပါဘူး..
အကောင်းဆုံးကတော့ ဆီးချိုရောဂါသည်တွေရဲ့ ဆောင်ရန် ရှောင်ရန်တွေကို ကိုယ့်ဖာသာကိုယ် လေ့လာပြီး အမေကို နားလည်အောင် ရှင်းပြပေါ့...
ဒီလိုနည်းနဲ့ လဲ ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ပေးလို့ ရတာပါပဲ...
ဘာလို့ လဲဆိုတော့ မျက်စီရောဂါ အကောင်းအဆိုး အခြေအနေက ဆီးချိုအတက်အကျပေါ်မှာလဲ မူတည်နေနိုင်တာကိုးးး
မရေ......
ရောက်တယ်နော်
မမစာတွေဖတ်ပြီးစိတ်မကောင်းဘူး
မမရေ.....အစဉ်ပြေပါစေလို့ 
မြူးလဲဆုတောင်းပေးပါတယ်
မကြယ်ပြာရဲ့ အမေမျက်စိ အမြန်ဆုံး ကောင်းပါစေရှင်
ကိုမင်းထက်အကြံပေးတာကို အိမ်ကို ပြောပြလိုက်ပါပြီ .. ပြီးတော့ ကိုလူထွေးပြောသလိုလဲ အမေ့ကို အမြဲသတိပေးနေပါတယ် .. ဆီးချိုနဲ့ပတ်သတ်တဲ့စာအုပ်လဲဝယ်ဖတ်ပါတယ် .. အမေ့အတွက် ဆီးချိုတိုင်းတဲ့စက်လဲ ၀ယ်ထားပေးပါတယ် ... ကြယ်ပြာကတော့ ဖုန်းနဲ့ပဲ သတိပေးနိုင်တာပါ .. အနီးကပ်တော့ မပြုစု မစောင့်ရှောက်နိုင်ပါဘူး ... မေကြီးနားမှာ ဖေကြီးနဲ့ အစ်ကိုပဲ ရှိတာလေ .... သူတို့ကတော့ ဂရုစိုက်ကြပါတယ် ... အမေက ခုတော့ အစားအသောက်အနေအထိုင် အရမ်းဆင်ခြင်ပါတယ် ... ပြီးတော့ ဆုတောင်းပေး စိတ်ပူပေးတဲ့သူငယ်ချင်းများအားလုံးကို အရမ်းကျေးဇူးတင်ပါတယ် ...
မကြယ်ပြာရဲ့ အမေ ကြည်လင်ရှင်းလင်းစွာ ပြန်မြင်နိုင်ပါစေ ဆုတောင်းပေးပါတယ်..
မကြယ်ပြာ အလုပ်ပြန်ဝင်နေပြီ ဖြစ်ကြောင်းသိရ၍ ၀မ်းသာပါသည်..
Congratulations.
ဆုတောင်းပေးပါတယ်နော်
ဆီးချိုကလည်းရှိတယ်ဆိုတော့ ဘယ်လိုလုပ်ရင်ကောင်းမယ်မသိဘူး
ကျန်းမာပျော်ရွှင်ဖို့ဆုတောင်းပေးပါတယ်နော် ..
မကြီးရေ စာဖတ်ရင်း (တစ်ကယ်တမ်းက Game ဆော့ရင်း ရောက်လာပါတရ် ) ။ စိတ်မကောင်းပါဘူး ။ မိဘကိုသိတတ်တဲ့ သားသမီးတိုင်း ကိုယ်စိတ်ချမ်းသာမှာပါတဲ့ ။ မကြီးကံကောင်းမှာပါ ။ အမြဲအားပေးနေတဲ့ ...
မောင်လေး (ကိုရဲ)
အကြံပေးတဲ့ ကိုမင်းထက်ကိုလည်း ကျေးဇူးတင်ကြောင်း မကြီးကြယ်ပြာကိုယ်စား ပြောကြားလိုက်ပါရစေ ။ မကြီးမောင်လေးတစ်ယောက်အနေနဲ့ ကိုယ့်အစ်မ အလုပ်ပြန်ရတာကိုလည်း ၀မ်းသာကြိုဆိုကြောင်းနဲ့ အရင်က မောင်လေးငရဲ ရေ အစ်မပြန်ရတော့မယ်ကွယ်နဲ့ပြောခဲ့တာတွေလည်း ပျောက်ကင်းလို့ ထပ်တူ ပျော်ရွှင်ကြောင်း ဟောင်းဟောင်းဟောင်း (ငရဲ ဂိမ်းဆော့ရင်း လက်ကမြင်းသည် )
Post a Comment