ကျွန်မရဲ့ ဒီပို့စ်လေးက ဖတ်သူတွေအဖို့ မင်္ဂလာတစ်ပါးမဟုတ်တာတော့ အသေအချာပါပဲ … ဘာလို့လဲဆိုတော့ နာရေးအကြောင်းလေးဖြစ်နေလို့ပါ …. ဘာရယ်မဟုတ် ကျွန်မရေးချင်စိတ်လေးပေါ်လာလို့ ရေးမိပါတယ် … ဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားမယ့် သူငယ်ချင်းတွေကို တင်ကြိုတောင်းပန်ပါတယ်နော …
နှစ်သစ်မှာပဲ သူငယ်ချင်းရဲ့ မောင်လေးနာရေးနဲ့စတိုးခဲ့တယ် … ဆုံးသွားတာက သင်္ကြန်အတက်နေ့က …....
သင်္ဂြိုလ်တာက ဒီနေ့ပေါ့ ….ဒီနေ့တနေကုန် ကတ်စကပ် နဲ့ မန်ဒိုင်းမှာ အချိန်ကုန်ခဲ့တယ် … ခန္ဓာကိုယ်ကို ရန်ကုန်ပြန်ပို့ဖို့စီစဉ်ပေမယ့် နှစ်မကူးခင်ဆုံးပြီး နှစ်ကူးပြီးချိန်မှာပို့မှာမို့ မြန်မာပြည်ဘက်က လက်မခံပါဘူးတဲ့ … ဒီတော့ ဒီမှာပဲ သင်္ဂြိုလ်ဖို့စီစဉ်ရပါတယ် … ဒါပေမယ့် နိုင်ငံရပ်ခြားမှာဆုံးပြီး စနစ်တကျ လူလိုသူလို နာရေးလေးဖြစ်မြောက်သွားတာတော့ ကျွန်မ၀မ်းသာမိပါတယ် …
သူတို့အလုပ်က လိုက်ပို့သူတွေ Shuttle Bus လေးစင်းစာရှိပါတယ် … တစ်ယောက်တစ်လက်နဲ့ ၀ိုင်းကူညီလိုက်ကြတာ ကျွန်မသူငယ်ချင်းဘာမှတောင်သိပ်လုပ်လိုက်စရာမလိုခဲ့ပါဘူး ….
သူ စင်္ကာပူရောက်တာ ၆ လကျော်လေးပဲရှိပါသေးတယ် … သူ့အစ်မ (ကျွန်မသူငယ်ချင်း) က ကျွန်မနဲ့တစ်အိမ်တည်းနေသူပါ … သူမဆုံးခင် သုံးရက်လောက်အလိုက ကျွန်မတို့အိမ်ကိုလာပြီး ချက်ပြုတ်စားသောက်နေပါသေးတယ် …. ပထမ လေဖြတ်သွားလို့တဲ့ ဆေးရုံမှာတင်လိုက်ရတယ်လို့ ဖုန်းဝင်ပြီး မကြာခင်မှာတင် ဆုံးသွားပြီးဆိုတဲ့ဖုန်းဝင်လာတာပါ … နောက်ရင်ခွဲစစ်ပြီးတော့ သိရတာကတော့ နှလုံးသွေးကြောပိတ်သွားတာတဲ့ … ကျွန်မစိတ်ထဲ “အိုး….. မြန်လိုက်တာ ...အသက်မှ ၂၇၊ ၂၈ လေးရှိသေးတယ်” ဆိုပြီး စိတ်မကောင်းဖြစ်မိပါတယ် ..…
ပြီးတော့ ဖြက်ကနဲ ကျွန်မမေ့နေတဲ့အရာလေးကို သတိရသွားပါတယ် … လူတိုင်း တစ်နေ့သေရမယ်ဆိုတာကိုတော့ သိကြပြီးသားပါ … ဒါပေမယ့် ကိုယ်နဲ့အဝေးကြီးလိုပဲ စိတ်ထဲသိပ်မထားတတ်ကြပါဘူး … ကြိုတင်ပြင်ဆင်မှုဆိုတာလဲ လုပ်မထားတတ်ကြပါဘူး … ကျွန်မရော … ကျွန်မသေရင်ပါသွားမယ့်အရာတွေ ဘာတွေ ဘယ်လောက်ထိလုပ်ထားသလဲလို့ ပြန်ဆန်းစစ်မိပါတယ် …. ခေါင်းထဲမှာလဲ ကဗျာလေးတစ်ပိုင်းတစ်စပေါ်လာမိပါတယ် …
ငါသည် မုချသေရမည် …
အချိန်ပိုင်းသာလိုတော့သည် …
အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစား အားထုတ်ပါမည် …..
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
13 Comments:
တစ်နေ့တော့ ကိုယ်လည်းကြုံမယ်ဆိုတာ
သိတော့ သိပါတယ်။
စိတ်မကောင်းပါဘူး။ မကြယ်ပြာရေ။
သေသူလည်း ကောင်းရာသုဂတိလားပါစေလို့
ပြုခဲ့တဲ့ကုသိုလ်တွေနဲ့ အမျှဝေပါတယ်။
အပေါ်က ကျွန်တော်ရေးတာပါ။ နာမည်မပါလို့။
ဆိုးသွမ်း
စိတ်မကောင်းဖြစ်ရပါတယ်။
တစ်နေ့ ကိုယ်တို့တတွေလဲ ကြုံတွေ့ရမယ်ဆိုတာ သိပေမဲ့ မေ့လျော့နေကြတယ်နော်။ သေခြင်းဆိုတာ နေရာအချိန်ခါမရွေး ရောက်ရှိခေါ်ဆောင် သွားတတ်ကြတယ်နော်။
သေဆုံးသူ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။
ကြောက်လန့် စရာပါပဲ မကြယ်ပြာရယ်...
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ လဲ အဆိုရှိတယ်မဟုတ်လား...
နှစ်သစ်မှာ တရားရစရာ တစ်ခု မျှဝေပေးတယ်ဆိုတော့ မင်္ဂလာတစ်ခုပဲပေါ့ဗျာ...
ခင်မင်တဲ့သူ တစ်ယောက် ငယ်ငယ်ရွယ်ရွယ် နဲ့ ရပ်ဝေးမှာ ဆုံးပါးတယ် ဆိုတော့ မကြယ်ပြာ မပြောနဲ့ အစ်မလည်း စိတ်မကောင်းပါဘူး။
ကုသိုလ်ကောင်းမူ့ လုပ်ပြီး အမျှ အတန်းဝေပေး ရမှာပေါ့ ညီမရယ်။
ဝိညာဉ် ထင်လင်း ၊ ဖြစ်တည်ခြင်းကား
သေခြင်းနောက်ဆုံး ၊ ရှိချေ၏ .....
တွေ့ဆုံပေါင်းသင်း ၊ ချစ်ခင်ခြင်းကား
ကွေကွင်းနောက် ဆုံး ၊ ရှိချေ၏ ............. တဲ့
မကြယ်ပြာရေ.
27 28 ဆိုတာ ဒီလိုရောဂါတွေ မရှိတတ်သေးဘူး ထင်နေတာနော်..
ကြောက်စရာ တရားစရာပဲ..
အမရေ
တရားရစရာပါပဲ မသေခင်လေးမှာ ကုသိုလ်တွေလုပ်
စိတ်ကောင်းကောင်းထားရင်းနဲ့ ပဲ ရင်ဆိုင်ကြတာပေါ့
စိတ်မကောင်းစွာဖတ်သွားတယ် ညီမရေ၊ ကိုလဲ ဒီလမ်းသွားရမယ်ဆိုတာ သိထားပေမဲ့ မေ့နေမိတာ တကယ်ပါ၊ အမ မောင်လေးဆို လဲ ခုထိ ရှိတယ်လို့ဘဲ ထင်နေမိတုန်းလေ
့ပို့လေးဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်
နောက်ပြီးတော့လည်း သတိတရားလေးတခုရလာတယ်
ပို့စ်ခေါင်းစဉ်လေးပေါ့ မသေခင်လေးမှာ.....
ဒီလိုပါပဲ ကြုံရဖူးပါတယ်။ကျွန်တော် ချစ်ခင်ရတဲ့ မိတ်ဆ္ဂေတစ်ယောက်၊နေ့မြင်ညပျောက်၊စက္ကန့်ပိုင်းလေးပါပဲ။
စိတ်မကောင်းမဖြစ်ပါနဲ့ခင်ဗျာ။ဒါတ္ဂေဟာ အမှန်တရားတ္ဂေပါ။အားလုံးအတ္ဂက် .....
လင်းကြယ်ဖြူ
စိတ်မကောင်းစရာပါပဲဗျာ ။ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားမှ ............
အား... အခုတလော နာရေးသတင်းတွေပဲ ကြုံနေရတယ်။ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ လူတွေဖြစ်ပေမယ့် မကြယ်ပြာတွေးသလို ကျွန်တော်လည်း တွေးမိတယ်။
ဘာမှကို မလုပ်ရသေးဘူး၊ မသေခင်လေးမှာ လုပ်သွားချင်တာလေးတွေရော....
ဘာသာရေးရော....
ဟူး!!!!
Post a Comment