မနက်ဖြန်ကျွန်မအလုပ်ဆင်းရမယ့်နောက်ဆုံးနေ့ …. နောက်ထပ်အလုပ်သစ်တစ်ခုကလဲ အဆင်သင့်မဖြစ်သေးဘူး … ဆက်နေဖို့ရာလဲမသေချာဘူး …. ဘာမှလဲရေရေရာရာမရှိဘူး .. ဒါပေမယ့်သေချာတာတစ်ခုကတော့ မနက်ဖြန်ကျရင် နေရာဟောင်းကို ကျွန်မလက်ပြနှုတ်ဆက်ရမယ် ….
အဲ့ဒီနေရာဟောင်းလေးမှာ ရန်ကုန်မှာကတည်းက (၅)နှစ်မက လက်တွဲပြီး အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်းအချို့ရှိတယ် ..
ကျွန်မတရားစခန်းဝင်ဖြစ်အောင်တိုက်တွန်းဖူးတဲ့ သူငယ်ချင်းရှိတယ် …
ကျွန်မရဲ့ဒေါသတွေပြေလျော့သွားအောင် လုပ်ပေးဖူးတဲ့သူငယ်ချင်းရှိတယ် …
ကျွန်မစိတ်ညစ်လို့တိုင်ပင်တိုင်း အကြံကောင်းပေးတတ်တဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မကို စာနာ နားလည်ပေးတဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မရဲ့အားနည်းချက်တွေကို ထောက်ပြပေးတဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မလဲကျတိုင်း ထူမတ်ပေးတဲ့သူငယ်ချင်းတွေရှိတယ် ….
နေရာဟောင်းလေးကို နှုတ်မဆက်ချင်ပေမယ့်လည်း သေချာတာတစ်ခုကတော့ နှုတ်ဆက်ရတော့မယ် …
Yosemite National Park - 1
-
Yosemite Valley, El Capitan, The Ahwahnee hotel, Merced river
July 19, 2026.
Yosemite valley
El Capitan
Yosemite Falls
The Awahnee hotel
1 day ago
19 Comments:
ကြယ်ပြာရေ
နေရာဟောင်းကို ဘာလို့စွန့်ခဲ့တာလဲ ဆိုတာရော?
Good Luck
အားလုံး အစစအရာရာ အဆင်ပြေပါစေ
သယ်ချင်း
သူငယ်ချင်း အလုပ်ကိစ္စ သိထားတာ ကြာခဲ့ပေမယ့် အဆင်ပြေသွားပြီလို့ပဲ ထင်နေတာ။ ခုလို ကြားရတော့ အမှန်ပဲ စိတ်မကောင်းပါဘူး။ စိတ်ဓာတ် သိပ်မကျပါနဲ့။
ခင်မင်လျက်
ဝင်းဇော်
အမ ကြားရတာ စိတ်မကောင်းဘူး
ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်နေသောရက်တွေမှာ ကံကောင်း
ခြင်းသတင်းတွေ ယူဆောင်လာမဲ့ နေ့ ရက်တွေ အမြန်ရောက်ပါစေ လို့  ဆုတောင်းပေးပါတယ်...
ဘာတွေဖြစ်လဲ ညီမရေ၊ မြန်မြန်အလုပ်သစ်ရပါစေ
သူငယ်ချင်းတို့ရေ ...
နေရာဟောင်းကိုဘာလို့စွန့်ခဲ့တာလဲဆိုတော့ ခုလက်ရှိအလုပ်ရဲ့ ပရောဂျက်က မတ်လကုန်ကပြီးတယ် ... ကိုယ့်စာချုပ်ကလဲ တစ်နှစ်စေ့တယ် ... ပရောဂျက်အသစ်ကလဲမရတော့ Recession လုပ်တယ်လေ. .. အဲ့ဒီထဲပါသွားတော့ ဂလို ဂလိုဖြစ်သွားပါတယ် ... အလုပ်သစ်လဲရှာလို့မရ ... ပတ်စ်ကလဲ ၉ ရက်နေ့ကန်ဆယ်လုပ်မယ်ဆိုတော့ကာ ... အဆင်မပြေရင် ငှာနေခဏပြန်နားရမယ် ... မဟုတ်ရင် ဒီမှာက စရိတ်တက်တယ်လေ ... တတ်နိုင်ဘူးရယ် .. ကိုယ်လဲအတတ်နိုင်ဆုံးကျိုးစားတာပဲလေ ...
အစ်မရေ့ ကဗျာလေးကော ကော့မန့်လေးပါ ဖတ်သွားတယ် စိတ်မကောင်းဖြစ်မိပါတယ် အဆင်ပြေပြီး ကံကောင်းပါစေလို့ ဆုတောင်းပေးနေမယ်ဗျ ။
မကြယ်ပြာရေ အားလုံးပဲအဆင်ပြေပါစေဗျာ ဖတ်ရတာ ထပ်တူခံစားမိပါတယ် ကောင်းသောနေ့ပါ ....
အလုပ်သစ်ထပ်မရဘူးဆိုရင် နောက်လ ပထမပတ်လောက်ရန်ကုန်ပြန်ဖြစ်မယ် ထင်ပါတယ် ... ရန်ကုန်ရောက်ရင်တော့ အရင်လိုဘလော့ကိုရေးနိုင်ပါ့မလားမသေချာပါဘူး .. ဒီကြားထဲတော့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ကျိုးစားကြည့်ပါဦးမယ် ... ကျိုးသာကျိုးစားရတာ ကိုယ်မပြုပြင်နိုင်တဲ့ကံတွေကျတော့လဲမတတ်နိုင်ဘူးရယ် ... အလုပ်သစ်ပြန်ရသွားရင်တော့ အတိုင်းထက်အလွန်ပေါ့ .. မရတော့လဲ မိဘဆီ ခဏပြန်နားရတာပေါ့လေ ....
အလုပ်သစ်ရပြီးမှ မိဘဆီ ခန ပြန်ရပါစေလို့ ထပ်ဆုတောင်းမယ် ညီမလေးရေ
်အစ်မတောင်းပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်ရှင် ...
မိတ်ဆွေစစ်တွေကို စွန့် ခွာရမယ်ဆိုတော့ ကိုယ့်မိသားစုကို ထားခဲ့ရသလိုဖြစ်နေမှာပေါ့။ ထပ်တူခံစားမိပါတယ်။
စိတ်မကောင်းဘူးဗျာ..
ကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးနေပါတယ်..
မကြီးရေ စိတ်မကောင်းပါဘူးနော် ။ ကျွန်တော်တို့ကလည်း အားပေးရုံ ဆုတောင်းပေးယုံသာ ရတာပါ ။ တစ်ကယ်လက်တွေ့က မကူညီနိုင်ကြဘူးလေ ။ ဇွဲမလျှော့ပါနဲ့ ။ တစ်ချိန်ချိန်မှာ ကိုယ့်အတွက် ကံကောင်းခြင်းတွေရောက်လာဦးမှာပါ ။ အဆင်ပြေပျော်ရွှင်ပါစေနော် ။
ခင်တဲ့ (ကိုရဲ)
ကြယ်ပြာရေ..အဆင်ပြေချောမွေ့ပါစေနော်။ အားမလျော့နဲ့။ ဆုတောင်းပေးနေတယ်။
အားလုံးအမြန်ဆုံးအဆင်ပြေပါစေ အမရေ..
ဆုတောင်းပေးတဲ့သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ... စကားလုံးတွေကနေ အားတွေအဖြစ်ဖန်တီးပေးနိုင်လို့ပါ ...
ညီမလေးရေ.. အစစ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်.. တကယ်ပါ..
အစ်မရေ....
အလုပ်သစ်ရနေပြီလို့ မျှော်လင့်ပါတယ်။ ရပါစေလို့လဲဆုတောင်းပေးနေပါတယ်။
အောင်မြင်ပါစေ....
ဒီပို့စ်လေးကို ဖျက်ပစ်ဖို့ တောင်းဆိုပါတရ် ။
မကြီးမောင်လေး ငရဲ
Post a Comment