ကျွန်မဘလော့ကို အမြဲဖတ်လေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကပြောတယ် … စာအသစ်မတင်လို့တဲ့လေ … အသစ်မတင်တာ လာဖတ်တဲ့သူငယ်ချင်းတွေကို မလေးစားတာတဲ့ … အဲ့ဒါနဲ့ ကျွန်မက “မဟုတ်ပါဘူးဟယ် … ဘလော့ဆိုတာ ရေးချင်တိုင်းရေးလို့ရတာမဟုတ်ဘူး … ဖီလင်လဲလာမှ အားချိန်လဲရှိမှ” လို့ပြန်ရှင်းပြမိပါတယ် …
ကျွန်မလည်းအနည်းဆုံး တစ်နေ့တစ်ပို့စ်တော့ တင်ချင်တာပေါ့ … ခုတလော ဘလော့လည်ဖတ်လို့မရအောင်ကို အလုပ်တွေကမပြီး … အလုပ်ကြွေးတွေက တစ်ဘက်၊ စိတ်ညစ်ညူးမှုတွေကတစ်ဘက်နဲ့ တော်တော် ကသိကအောင့်ဖြစ်နေမိပါတယ် …
မနေ့ကတော့ အတူနေသူငယ်ချင်းရဲ့မွေးနေ့အတွက် အိမ်မှာ နန်းကြီးသုပ် လုပ်စားကြတယ် … ကျွန်မတို့ ငယ်သူငယ်ချင်း ၄ ယောက်ရယ် ကြီးသူငယ်ချင်း ၂ ယောက်ရယ် စုပြီး ဓာတ်ပုံတွေရိုက်ကြ၊ စကားတွေပြောကြနဲ့ မနေ့ကတော့ တော်တော်လေးပျော်ဖို့ကောင်းခဲ့ပါတယ် ..
စီဘောက်စ်ထဲမှာ သူငယ်ချင်းတွေပြောထားတဲ့ နေကောင်းလား၊ အဆင်ပြေပျော်ရွှင်ပါစေ၊ ပို့စ်အသစ်မတင်ဘူးလား စတာတွေဖတ်မိရင် စိတ်က စာရေးချင်တယ် … တခုခုပေါ့ … ဘာလေးပဲဖြစ်ဖြစ်ရေးချင်တယ် … ဟူး …. ကျွန်မတကယ်ကို စိတ်ရှုပ်နေတာပါ ….း(
စိတ်ကျနေတာတော့မဟုတ်လောက်ဘူးထင်ပါရဲ့  …. အမြန်ဆုံးအဆင်ပြေသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ … ကျွန်မပို့စ်တွေမတင်ဖြစ်ရင် စိတ်မရှိကြပါနဲ့ သူငယ်ချင်းတို့ရေ …
ကျွန်စိတ်ဆင်းရဲစရာတွေကြုံရင်လေ ကျွန်မလိုပဲ စိတ်ဆင်းရဲစရာမျိုး ကျွန်မသူငယ်ချင်းတွေမကြုံပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးဖြစ်တယ် …
သွေးချိုဆီးချိုရောဂါနှင့်သတိပြုစရာအပူလွန်ကဲခြင်းပြဿနာ
-
သွေးချိုဆီးချိုရောဂါနှင့်သတိပြုစရာအပူလွန်ကဲခြင်းပြဿနာ
ဒေါက်တာသိင်္ဂီကျော်
သွေးချိုဆီးချိုရောဂါ ရှိသူများသည် အပူလွန်ကဲခြင်းနှင့် ဆက်စပ်သော
ကျန်းမာရေြး...
4 hours ago
10 Comments:
ဟုတ်ပါတယ်ဗျာ။ ပို့စ် အသစ်တစ်ခုရေးဖို့ဆိုတာ စိတ်ထဲက တကယ်ရေးချင်စိတ်ပေါ်မှ ရေးတာကောင်းပါတယ်။ mood မ၀င်ပဲ တာဝန်ကြီးတစ်ခုလို ဖြစ်ညှစ်ရေးနေတာကမှ လာလည်သူတွေကို မလေးစားရာရောက်မှာလို့ ထင်တာပဲ။ ဘလော့ဆိုတာ ကိုယ်ခံစားရတာလေးတွေ ပြောချင်တာလေးတွေကို ရင်ဖွင့်တဲ့နေရာပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိပါတယ်။ ခံစားချက်မရှိပဲ အဖြစ်ရေးတာကိုတော့ ကျွန်တော်လည်း မကြိုက်ပါဘူး။ လာလည်တဲ့သူတွေလည်း နားလည်ကြပါတယ်။ ပို့စ် အသစ်မတင်ရကောင်းလားလို့ အပြစ်တင်ကြမှာ မဟုတ်ပါဘူး။ ဖတ်နေကြ အရေးအသားလေးကို ဖတ်ချင်ကြလို့ တိုက်တွန်းတဲ့ သဘောလေးပဲ ဖြစ်မှာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ဟုတ်တရ်ဗျို့  ။ ပို့စ်က ဖီလင်လာမှကောင်းတာ ။ ဒါတောင်ရေးနေရင်းနဲ့ တစ်ခုခုကြောင့် ဖီးလ်ပျက်သွားရင် ဆက်ရေးချင်စိတ်ကို ရှိတော့ဘူးရယ် ။ ဘာဖြစ်ဖြစ်လေ အဆင်ပြောပျော်ရွှင်ပါစေ မကြီးရေ ။
လာလည်သွားတယ် အမရေ
ခြေရာလက်ရာ မပျက်ဘူးဆိုတော့လေ
ကျွန်တော်လည်း အခုမှ ကြိုးစားရေးခါစဆိုတော့
ဖြစ်ညှစ်ရေးတဲ့ ဒုက္ခကို နားလည်တယ်ဗျာ
ရေးချင်မှ ရေးတာ အဓိပ္ပါယ် ပိုရှိမှာပါ
အမလည်း အလုပ်ထဲမှာရော အပြင်မှာရော
ပျော်ရွှင်ပါစေဗျာ...
သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ် ...
ဘလော့လေးနဲ့ ကာလတစ်ခုစာလောက်ဝေးသွားရင်လဲ ကျွန်မကို မေ့မသွားကြပါနဲ့လို့ပြောချင်ပါတယ် ...
နားလည်ပါတယ်။
တကယ့်ကိုအချိန်ပေးနိုင်မှ ရေးဖြစ်မှာပါ။
နောက် ဈာဉ်လည်း ၀င်ပါအုန်းမှ။
အလုပ်များတတ်တဲ့ သူတွေအတွက်တော့
တကူးတက ဖြစ်နေမှာအသေအချာပါပဲ။
အဆင်ပြေ ပျော်ရွှင်ပါစေ ..
ညီမလေးရေ.. နားလည်ပေးပါတယ်.. ဘာလို့လည်းဆိုတော့ ကိုယ်တိုင်လည်း ဘလော့ခ်ဘက်ကို သိပ်လှည့်မကြည့်နိုင်တော့ဘူး။ အပြင်က ကိစ္စများမြောင်တွေကို အရင်လိုက်ရှင်းနေရတာကိုး.. အလုပ်က ပိုအရေးကြီးပါတယ် ညီမရယ်။ အလုပ်ပြီးမှ စိတ်လည်း ပျော်နေတုန်းမှ စာရေးရတာ အဆင်ပြေတာပါ။ ဒါကြောင့် အချိန်အားမှ အဆင်ပြေမှသာ ရေးပါလေ။ အသစ်တက်လာတိုင်းတော့ စောင့်ဖတ်နေတာပေါ့.. ဘာမှ စိတ်ထဲမထားပါနဲ့နော်.. :)
နားလည်ပါတယ် အစ်မရေ့ ဘ၀တူတွေချင်းပဲ အကြောင်းကြောင့် အသစ်မတင်နိုင်တာ မလေးစာ တာလို့တော့ မသတ်မှတ်စေလိုပါး)
အလုပ်တွေ နည်းပြီး ပျော်ရွှင်အဆင်ပြေပါစေ အားတဲ့ အခါမှရေးပေါ့ ။
စိတ်ဆင်းရဲမှုတွေ အမြန်ဆုံးပြေပျောက်ပါစေ၊
ရှမ်းလေး၊ မနု၊ မောင်မျိုး၊ ကောင်းကင်ပြာရေ ..
နားလည်ပေးတဲ့အတွက်ရော တောင်းဆုတွေအတွက်ပါ တကယ်ကျေးဇူးတင်ပါတယ် ...
ကြယ်ပြာရေ ကျွန်တော်လည်း ဒီရက်ပိုင်း စာရေးဖို့ နေနေသာသာ စာတောင်မဖတ်နိုင်ဘူး ဒီရက်ပိုင်း။ ကိုယ်ချင်းစာပါတယ်။
Post a Comment