အလုပ်တွေအများကြီးပေးထားတဲ့ကြားက နောက်ထပ်အလုပ်တွေ အလုပ်တွေထပ်ထပ်လုပ်ခိုင်းတယ် ...
ဒီအလုပ်မှာက မြန်မာချည်းပဲ ၉ ယောက်ရှိတယ် ... မြန်မာတွေကို အသေခိုင်းတယ် ... ကိုယ်လုပ်ပေးလေ ပိုခိုင်းလေပဲ ... ဒီနေ့လဲ မန်နေဂျာကြီးက မေးလ်ပို့ပြီး Force လုပ်ပြန်တယ် ... ပြန်ပြောပြန်ရင်လည်းမကြိုက် ...
ပရောဂျက်ကလည်း Dead Line ကကျော်နေတာမှ ရက်ပိုင်းမဟုတ်ဘူး တစ်နှစ်ကြီးများတောင် ... ကိုယ်ရွှေမြန်မာတွေ ကံကောင်းလိုက်ပုံများ လူအမျိုးမျိုး၊ မန်နေဂျာအမျိုးမျိုးပြောင်းနေတဲ့ ဒီအရှုပ်ထုတ် ပရောဂျက်က ကိုယ်တွေအလုပ်ဝင်ချိန်မှပဲ တည်မြဲတော့တယ် ... ရှေ့ကဖားတွေ၊ ငရုတ်သီးတွေ ဖွခဲ့သမျှ ခေါင်းပေါ်လုံးလုံးကျလို့ မဟုတ်တာဖြစ်ရင် မြန်မာတွေ ဆိုတာချည်းဆိုတော့ နည်းနည်းချဉ်လာတာနဲ့ ဒီကဗျာရေးလိုက်တာ ...
“သို့ ... လူကြီးများ”
သူတို့တွေ နှိပ်စက်လိုက်ပုံများ
မဆုတ်သာ မတက်သာနဲ့
အဖြူအမည်းတောင် မသဲကွဲတဲ့ဘ၀မှာ
လုပ်သင့်တာကျ မျက်နှာလွှဲ
မလုပ်သင့်တာကျ အားတွေခဲလို့
လူတွေကို ကွန်ပြူတာအမှတ်နဲ့
ခိုင်းလိုက်တဲ့ Multi-tasking ….
စေ့စေ့တွေးပြန်တော့ ရေးရေးပေါ်
ငါတို့တွေအရေးမတော်ပုံများ
ငုံ့ခံလို့မျက်နှာရမယ်မထင်နဲ့
ဆုတ်ပြန်စရာ အခြေအနေနည်းလို့
ထောင်းမဟဲ့ ဆိုတာချည်း ….
အဟုတ်လုပ်ရင် နာမည်မထွက်
မဟုတ်လုပ်ရင်တော့ အသေဖဲ့တဲ့
လူမျိုးကြီး စလုံးသားတွေ
ပေါချောင်ကောင်း မြန်မာတွေကို
ကျပ်ကျပ်သာဒီလိုဆက်ဆံ
နောင်တစ်နေ့ရောက်ခါမှ
“အိုကွယ် … မှားပါဘိ” လို့
ဝန်ခံကာ တောင်းပန်ရမှာ
စိုးကြောက်ပါနဲ့ ………………………..
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
12 Comments:
ကောင်းလိုက်တဲ့ ကဗျာလေး.. အမ အကိုဆီကို အဲဒီကဗျာလေး ပို့ပေးဦးမယ်..
သူလည်း သူ့အလုပ်က သူဌေး ကပ်စေးနည်း ကော်တရာ အကြောင်းတွေ ပြောပြောပြီး နိုင်ငံကြီးသား စလုံးတွေဖြစ်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ မြန်မာတွေ ခိုင်းကောင်းတယ် ဆိုပြီး အမကို ပြောပြတယ်... အမအကိုက computer ဘက်ကမဟုတ်တော့ အလုပ်ရှင်က အစိုးရကို ပြတော့ လစာတစ်မျိုး တကယ်ပေးတော့ တစ်မျိုး၊ Bonus များတော့ ဝေလာဝေးပဲတဲ့.. အဲဒီလို ညီမလေးရေ.. :)
မှန်လိုက်လေခြင်း အဟားဟားဟား ခံစားချက်တူလို့လား မသိဘူး ကောင်းပါ့ဗျာ။
တူဖြစ်တဲ့ စံပါစေအုန်း
ပေဖြစ်မှ ကြောက်ပါပြီလို့အော်ရင်
ငုတ်တိုလေးတောင် မပြောနဲ့
အမြစ်ပါ နှုတ်ပစ်မှာပါ
အိုကေနော် (အားပေးရတယ် သယ်ရင်းကို)
မနုရေ ...
အစ်မက ကောင်းလိုက်တဲ့ကဗျာလေးဆိုလို့ ၀မ်းသာပီတိဂွမ်းဆီထိနေတယ် အစ်မရေ ... အလုပ်များတဲ့ကြားက အလုပ်ကို ခဏလေးပစ်ပြီး ဒီကဗျာကို စပ်ရတာ အဟီး ... အစ်မ အစ်ကိုဆီကိုလည်းပို့ပေးလိုက်ပါ အစ်မ ...း)
ှရှင်ရဲထွတ်ရေ ... ခံစားချက်ခြင်းတူပေမပေါ့ ... ငါတို့တွေက ဘ၀တူတွေကိုး ...
သယ်ချင်း .... အားပေးတဲ့အတွက်ကျေးဇူး ...း)
ဟားဟား...တကယ့်ခံစားချက်တွေနဲ့ပါလား။
မိုက်တယ်..မိုက်တယ်။
အားပေးတယ်။
ပေါက်ကွဲထားတာ မိုက်တယ်အချဉ်ပေါက်နေတာကို ငရုတ်ဆီလေးနဲ့ ဒီလိုစပ်စပ်လေးတို့စားပေးရတယ် အစ်မး)
ဆိုးသွမ်းနဲ့ မောင်မျိုးရေ ...
အားပေးတာ ကျေးဇူး ...း)
ရေးလိုက်ရတော့ပေါ့သွားတယ် တကယ် ...
ခံစားချက်တွေ ပေါက်ထွက်လာတာလေးဖတ်သွားတယ် ကောင်းတယ်ကောင်းတယ်။
ဟိုက် ပေါက်ကွဲထားပါလား ။ ဖဲ့တာဖဲ့ ဒီမှာတင် မဖဲ့နဲ့  အပြင်မှာလည်းဖဲ့ ။အားပေးတာ ။ အလုပ်ပြုတ်ရင် ကျနော့် တာဝန် ဟုတ်ဘူး ။ :D ကဗျာလေး မိုက်တယ် ။
I like ur poem ma... Carry On :P
မိုက်ပါတယ် ။ ဒါပဲပြောတတ်တယ် ။
Post a Comment