မပြန်ခင်တစ်ညအလိုက မုဆိုးတောင်ဘက်သွားတဲ့ ဆိုင်တန်းတွေရှိတဲ့ဘက်ရဲ့စောင်းတန်းမှာ နတ်ကနားပေးဖို့ လမ်းပြည့်လုနီးပါးထိုးထားတဲ့ မဏ္ဍပ် ကိုသွား ကြည့်ဖြစ်ပါတယ် …
မဏ္ဍပ်က ၀င်ပေါက်တစ်ပေါက်ပဲရှိပါတယ် … အဲ့ဒီအပေါက်က နတ်ဝင်သူတွေလာဖို့ ပိတ်မရပ်ရဘူးလို့တာဝန်ရှိသူတွေကပြောပါတယ် … မဏ္ဍပ်က ဆိုင်းတွေ၊ဘုံတွေတီးနေပါပြီ … ကျွန်မ အဲ့ဒီနတ်ဝင်ပေါက်နားကကပ်ပြီး ရပ်ကြည့်နေမိတယ် … အထဲမှာကနေတဲ့ သူတစ်ယောက်တော့ရောက်နှင့်နေပါပြီ … ဆိုင်းဝိုင်းကြီးဘေးမှာ မိုက်တစ်လုံးနဲ့ကြေငြာသူတစ်ယောက်ရှိပါတယ် … သူက အခုကုလားနတ်ကိုချော့ဖို့အလှည့်ကျလို့ ရပ်ကြည့်နေသူတွေထဲကလိပ်ပြာတူသူတွေလာဖို့ ဖိတ်ခေါ်ပါတယ်တဲ့ …. ဘယ်သူများလာမလဲလို့ ကျွန်မစောင့်ကြည့်နေမိပါတယ် … သူတို့က ၀င်မလာမချင်း ဖလားထဲမှာရေထည့်ပြီး သပြေခက်နဲ့ ပတ်ပတ်လည်ကရပ်ကြည့်နေသူတွေကိုလိုက်ဖြန်းပါတယ် … ဒါမှ လိပ်ပြာတူသူပေါ်လာမယ်ပေါ့ … အဲ့ဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ကျွန်မကို ၀င်တိုက်ပြီး ယိုင်တိ ယိုင်ထိုးနဲ့ဝင်လာပြီး ကပါတော့တယ် ။ အဲ့ဒီမှာ အထဲက နတ်ထိန်းခေါ်မလား အဘွားကြီးနှစ်ယောက်က ၀င်လာသူရဲ့ ရင်ဘတ်မှာ ပုဝါအနီစည်းပေးပါတယ် … ပြီးတော့လက်ထဲကို အမွှေးတိုင်တွေထည့်ပေးပါတယ် ... အမွှေးတိုင်တွေကိုင်ရင်းကတာ ကံကောင်းလို့အချင်းချင်းမထိုးမိတယ် ... အကကတော့မရပ်ပါဘူး … တီးလုံးက ကုလားတီးလုံးပါ … ကျွန်မစိတ်ထဲမှာတော့ ကတာ အိန္ဒိယကားတွေထဲကလို မလှဘူးလို့ တွေးနေမိပါတယ် …. ပူးရင်းနဲ့ ဆိုင်းလဲအချ လူကလဲပုံကျသွားပါတယ် … မောသွားပုံပါပဲ …
နောက်တစ်ကျော့အတွက် ခုနကလို လူထပ်ခေါ်ပါတယ် ..တော်တော်နဲ့ပေါ်မလာပါဘူး .. နောက်တော့ မိန်းမကြီးတစ်ယောက်ဝင်လာပါတယ် … သူလဲခုနကနတ်ကိုချော့ဖို့ပါပဲ … ကျွန်မလဲဘာမှသိပ်မထူးခြားလို့ ဆက်မကြည့်တော့ပဲ ခေါက်မုန့်စားမယ်ဆိုပြီး ခေါက်မုန့်ဆိုင်ကိုသွားပါတယ် … ခေါက်မုန့်ဆိုင်ဘေးကဘိနပ်အပ်တဲ့နေရာမှာ ထိုင်နေတဲ့ကလေးမလေးက ထိုင်နေရင်းနဲ့ လက်ဝါးနှစ်ဘက်ပူးပြီး နဖူးကိုရိုက်ပါတော့တယ်… ပြီးလဲ ပြီးရော ပူးရင်းနဲ့ မဏ္ဍပ်ကိုတောက်လျှောက်ပြေးသွားပါတော့တယ် … ခေါက်မုန့်ဆိုင်က ကောင်မလေးက “ဟယ် … သူလဲပူးနေပြီ၊ သားအမိနှစ်ယောက်လုံး တကယ်ပူးတာလားတော့မသိဘူး” တဲ့ ….ဒီတော့မှ ပထမပူးသူနဲ့ ဒီကလေးမ သားအမိမှန်းသိတော့တယ် … ဘုရားဖူးတွေထဲက ရပ်ကြည့်နေရင်းနဲ့ ပူးသလိုဖြစ်တာ နှစ်ယောက်လောက်ကိုလည်းတွေ့လိုက်ပါတယ် … သူတို့ကိုတော့အတူပါလာသူ တွေက ရှက်လို့ထင်ရဲ့ ပေးမကပဲ အတင်းပြန်ဆွဲခေါ်ကြပါတယ် … အဲ့ဒီတော့ မိုက်သမားက ဒါ နတ်ပွဲကိုနှောက်ယှက်သလိုဖြစ်ပါတယ်တဲ့ … တကယ်လို့ လိပ်ပြာတူတဲ့သူပါရင် ဆွဲမထားကြပါနဲ့ လွှတ်ပေးလိုက်ကြပါလို့ပြောပါတယ် …ကျွန်မကြည့်ခဲ့တဲ့ လူလေးယောက်မှာ လေးယောက်လုံးက အဲ့ဒီနားတစ်ဝိုက်ကဈေးသည်တွေပါပဲ … တကယ်ပူးလား၊ မပူးလားတော့ ကျွန်မ မသိပါဘူး … မဏ္ဍပ်ကပြန်လာတော့ ကျွန်မအတွေးထဲမှာ နတ်ပူးတာ ဘာလို့မျက်စိဖွင့်ပြီးမပူးကြတာလဲ ?
ပူးတဲ့သူတွေက အဲ့နားတစ်ဝိုက်ကလူတွေပဲဘာလို့ဖြစ်နေကြရတာလဲ ?
ပူးသလိုဖြစ်တဲ့သူတွေကရော ဘယ်လိုများဖြစ်သွားတာလဲ ?
ဝင်လာတုန်းကတော့ မတ်တပ်ကြီးဝင်လာပြီး ဆိုင်းလဲချရော ဘာလို့ပုံလဲသွားတာလဲ (အရမ်းခုန်ပြီးကတာလဲမဟုတ်ပါဘူး) ?
ပုံလဲပြီး ခဏလဲနေရော ကုပ်ချောင်းချောင်းနဲ့ ဘယ်သူ့ကိုမှမကြည့်ပဲဘာလို့ထွက်သွားတာလဲ?
အတွေးပေါင်းများစွာနဲ့ ကျွန်မ သုံးထပ်ဆောင်ကိုဘယ်လိုပြန်ရောက်လာခဲ့မှန်းတောင်မသိပါဘူး …..
ဂျပန်သွား တောလား - ၄
-
Day 9 - Takachiho Gorge, Miyazaki Prefecture, Kyushu Island
It is known for its crystal-clear mountain waters.
March 29, 2025.
Happy Traveling!
စန်းထွန...
20 hours ago
9 Comments:
တော်သေးတာပေါ့ ကြယ်ပြာလေး ပူးပြီး ၀င်မကလို့။ အဟေဟေး.. စတာနော်
အမယ် …. ၀င်ပူးချင်ယောင်ဆောင်ပြီး ဆိုင်းကို ခေတ်ပေါ်ပြောင်းတီးခိုင်း မလို့စိတ်ကူးသေးတယ် … ရှက်လို့ မလုပ်ရဲလို့ …. သိလား
နတ်ကနားပွဲသွားတယ်ဆိုတော့ တော်သေးတာပေါ့နော်နတ်ဝင်မပူးလို့လေ...................း)ဆိုင်းမှာကလည်းခေတ်ပေါ်တေးရှိသေးတယ်လားဗျာ အနော်တော့မသိပါဘူးနော်။
ရှိတာပေါ့ … Hip Hop, Rap, Rock အကုန်ရှိတယ် … သေချာတော့မရှင်းပြတတ်ဘူး .. လူရွှင်တော်ဟောင်းကြီးတွေ ပြောတာ အခွေထဲမှာကြည့်ဖူးတယ် …
အမတို့ ငယ်ငယ်ကတော့ အိမ်နားမှာ တစ်နှစ်တစ်ခါလောက် နတ်ကနားပေးတဲ့ အိမ်ရှိတယ်.. ငယ်ငယ်က ဘာမသိ ညာမသိဆိုတော့ သူများသွားကြည့်ရင် လိုက်ကြည့်လိုက်တာပဲ.. သူတို့ ၀တ်ထားတာတွေရယ် ပြီးတော့ ပြောတာ ဆိုတာတွေရယ် ဆိုင်းတီးပြီး ကနေကြတာတွေက ကိုယ်တွေအတွက်တော့ အထူးအဆန်းချည်းပဲကိုး.. အသက်ကြီးမှတော့ အပြင်မှာ သိပ်မတွေ့ဖူးဘူး.. အင်း.. ဘယ်လို ဖြေရမှန်းတောင် မသိဘူးနော်.. ဧကနတော့ နတ်ကလည်း လူရွေးတယ် ထင်တယ်.. :D
ငယ်ငယ်တုန်းကတော့ ကနားပွဲတခါမှ အနီးကပ်မကြည့်ဖူးဘူး အစ်မရေ ... ခုမှ ကြည့်ဖူးတာ ... ဒါပေမယ့် နတ်ဝင်တယ်ဆိုပြီး ရှေ့ဖြစ် နောက်ဖြစ်ဟောတာတွေတော့မြင်ဖူးတယ် .... နောက်မှ ပို့စ်အဖြစ်အသွင်ပြောင်းမယ် အစ်မ .....
ပွဲကြည့်ခဲ့တဲ့သူက မေးခွန်းပြန်ထုတ်နေပြန်ပြီ။
တစ်ခါတည်းမေးခဲ့ရောပေါ့...
မေးခွန်းပေါင်းများစွာနဲ့ ကြယ်ပြာ......
မေးချင်တာပေါ့ ... ဒါပေမယ့် သူများကိုစိတ်အနှောက်အယှက်ပေးရာကျမယ်လေ. .. ပြီးတော့ကိုယ့်နယ်လဲမဟုတ်ဘူးလေ ... တော်ကြာပြေးပေါက်မှားနေဦးမယ် ... ဟီး
ဟားဟား။ ကျွန်တော့် အဖေတော့ ငယ်ငယ်တုန်းက ရွှတ်နောက်နောက် နဲ့ ဝင်ပူးချင်ယောင် ဆောင်ဖူးတယ်တဲ့ဗျ။
Post a Comment