
သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ပုံပါ... Strictly NO Myanmar လို့ဘာကြောင့်ရေးသလဲတော့ကျွန်မ မသိပေမယ့် စိတ်ထဲမကျေမနပ်ဖြစ်မိတယ် ... ဘယ်မြန်မာတစ်ယောက်က ဘယ်လိုအမှားမျိုးများလုပ်မိလို့ ဒီလိုမြန်မာနဲ့ချီပြီးရေးသလဲဆိုတာသိချင်မိတယ် ... အိုင်တီမှာ မြန်မာတွေမညံ့ကြဘူးလို့ထင်ပါတယ် ... တစ်နေရာက တစ်နေရာ ခုန်တာများတာတော့ရှိပါတယ် .... အများစုကတော့ လစာနှိမ်လို့ (သို့) ပိုရတဲ့နေရာပြောင်းချင်လို့ပါ ... နှစ်ဘက်စလုံးမှားတာရှိနိုင်ပေမယ့် ဒီလိုကြောငြာခံရခြင်းဟာ Company ဘက်ကယူဆတဲ့ မကောင်းတဲ့သူတစ်ယောက်အတွက်နဲ့ မြန်မာအများစုထိခိုက်၊နစ်နာတယ်လို့မြင်ပါတယ်။
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
3 Comments:
သယ်ရင်း မြင်သလိုပဲ မြင်မိပါတယ်။
ဒီလို ကြော်ငြာမျိုး တခါမှ မဖတ်ဖူးလို့ တော်တော် အံ့သြသွားတယ်.. IT မှာ မြန်မာတွေ မညံ့တဲ့အပြင် အားလုံးနဲ့ ယှဉ်ပြီး လုပ်နိုင်ကြပါတယ်... ညီမလေး ပြောသလိုပဲ ဘာအကြောင်းများ ရှိလို့ပါလိမ့်.. အမလည်းသိချင်တယ်..
အစ်မရေ … သမီးအဲ့ကြော်ငြာရဲ့မူရင်းစာမျက်နှာကိုလိုက်ရှာလိုက်ဦးမယ်အစ်မ ..
တွေ့ရင်မေးကြည့်မလို့တော့စိတ်ကူးရှိတယ်… တကယ်လို့မေးဖြစ်တယ်ဆိုရင် သိရရင်ပြန်ပြောပြမယ် … ဒါပေမယ့် ကြော်ငြာတဲ့ Company က အေးဂျင့်ဆိုတော့ သူတို့လဲသိမှာမဟုတ်လောက်ဘူးအစ်မ။ Client ကတင်ခိုင်းတဲ့အတိုင်းတင်ပုံပါပဲ …
Post a Comment