မြေကျင်းကို နက်နက်တူး
အုတ်မြစ်ကို အချိန်ယူချပြီး
သေချာတည်ဆောက်လာတဲ့
ငါရဲ့ ယုံကြည်မှု့အိမ်ကို
အချိန်ပိုင်းလေးအတွင်းမှာ
စကားလုံးအချို့နဲ့
ဖြိုချလိုက်နိုင်တာ နင်တော်လို့နေမှာပါ ….
အချစ်တွေကို သံမှိုတွေလို
ငါ့နှလုံးသားထဲရိုက်ထည့်
အနာကျက် အသားသေလောက်တော့မှ
အသည်းကိုဖြဲပြီး ပြန်ဆွဲထုတ်ရက်တာ
ငါ့ကံကိုက ကောင်းဖို့ပါမလာလို့နေမှာပါ …
လောကကြီးရေ ..
ဆုတောင်းခွင့်ရှိမယ်ဆိုရင်
မျှော်လင့်ချက်တွေ တသီကြီးနဲ့
ငါ့အိပ်မက်တွေကို
အကောင်အထည်ဖော်ခွင့်လေးတော့ ရချင်မိပါရဲ့ …
တူတော်မောင် ..
-
March 20, 2025. တူတော်မောင်က ဆုရရင် ဓာတ်ပုံတွေပို့ပြီး ကြွားတယ်..ကြီးတော်က
ဖေ့ဘွတ်ပေါ်တင်ပြီး ကြွားတယ်..ငယ်ငယ်တုန်းက သားသားတော်တာ ဘယ်သူနဲ့တူလို့
တော်တာလဲ...
2 days ago
0 Comments:
Post a Comment