မနက် မနက် အလုပ်သွားတိုင်း
ခြံလေးတစ်ခုရှေ့ ကဖြတ်သွားရတယ် …
အဲ့ဒီ ခြံလေးရှေ့ရောက်တိုင်းလဲ
ခြံဝကနေ ခြံပြင်ကို မျှော်နေတဲ့ အဘိုးအိုတစ်ယောက်ကို
နေ့တိုင်းတွေ့ရတယ် ….
လက်နှစ်ဘက်နောက်ပစ်ပြီးရပ်နေတဲ့
အဘိုးရဲ့ ကိုယ်ဟန်က ဖြူဖျော့ဖျော့
အဘိုးရဲ့ မျက်လုံးက ဝေသီသီ
ဘယ်ဆီကိုမျှော်နေမှန်းမသိတဲ့ အကြည့်တွေနဲ့
သူ့မနက်ခင်းတွေကို ဒီလိုပဲ ဖြတ်ကျော်နေခဲ့တယ်ထင်ပါရဲ့ ….
အဘိုးစိတ်ထဲမှာ ငယ်ဘ၀ကိုပဲလွမ်းနေသလား ….
အနာဂတ်ကိုပဲ ပုံဖော်နေသလား ….
ပျင်းစရာကောင်းတဲ့ နေ့ရက်တွေကိုပဲရေတွက်နေသလား …… ဆိုတာ
အဘိုးကိုယ်တိုင်ကလွဲလို့ ဘယ်သူသိနိုင်မှာလဲ …….
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
0 Comments:
Post a Comment