မနေ့က
ကျွန်မရဲ့မြို့လေးပေါ်
တိမ်တစ်အုပ်ဖြတ်ပျံသွားတယ် ….
ခဏလေးပါပဲ …
တကယ့်ကိုခဏလေးပါပဲ ….
ခဏလောက်မှိုင်းညို့သွားတဲ့အချိန်မှာ
မြို့လေးကတိတ်ဆိတ်လို့ကြေကွဲနေတာ
တိမ်တစ်အုပ်ကတော့ သိမယ်မထင်ဘူး …
မြို့လေးရေ
မင်းအပေါ်ကဖြတ်တဲ့ခဏမှာ
မင်းသဏာန်ကိုကြည့်ပြီး
ဝမ်းနည်းနေမယ်ဆိုတာ ငါမှန်းဆလို့ရပါရဲ့ ..
ငါကရော
ငွေ့ရည်တွေဖွဲ့နေလိမ့်မယ်လို့
မင်းနည်းနည်းလေးမှ မထင်ဘူးလားဟင် ….
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
0 Comments:
Post a Comment