အိပ်မက်တွေကို ဖမ်းဆုပ်ဖို့
တိတ်တဆိတ်ကြိုးစားနေတုန်း
မရေရာတဲ့ ကံကြမာရယ်
ငါ့ရဲ့မျှော်လင့်ချက်တွေကို
အရောင်တောက်ခွင့်ပေးပါ …
ငါ့အိပ်မက်တွေ ငါဆေးခြယ်
ငါ့ဇာတ်ညွှန်း ငါရေး
ငါကိုယ်တိုင်ဒါရိုက်တာ
ငါကိုယ်တိုင်မင်းသမီး
စိတ်ကူးနဲ့ရူးခွင့်တော့ပေးပါ …
ဘာဆိုဘာမှမသိတဲ့
နှလုံးသားတစ်စုံပါလို့
မကြေငြာရဲပေမယ့်
ရင်ထဲမှာ အမှတ်တရရှိသွားတာတော့
ငါ့ကိုယ်ငါ အသိဆုံးပါ …..
အကြိမ်ကြိမ်အခါခါ
ရှုံးနိမ့်ခဲ့တဲ့ ငါ့နှလုံးသား
မင်းဆီမှာ ထပ်ရှုံးရမယ်ဆိုရင်လည်း
ကျေနပ်စွာနဲ့ အရှုံခံဦးမှာပါ …..
Cherry Blossom in Central Park - 2
-
၂၀၂၆ ဧပြီ ၁၂ တနင်္ဂနွေနေ Central Park ထဲလမ်းသွားလျှောက်တယ်။ ချယ်ရီပန်း၊
ပန်းတွေပွင့်နေတာ အရမ်းလှတယ်။
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၂၆။
1 week ago
0 Comments:
Post a Comment