Monday, August 17, 2009

နှစ်ကိုယ်တူအလွမ်း


ကြယ်စင်ခါးတွေလင်းလက်
အရိပ်မဲ့တဲ့ညမှာ
ပါးလျှတဲ့လတစ်စင်းရဲ့အပြုံးကိုငေး
အဝေးဆုံးကနင့်ဆီ
အလွမ်းတွေတေးသီရင်း
ညည့်ငှက်ကို မိတ်ဖွဲ့
လေညှင်းကိုလက်ဆက်လို့
မပျက်ကွက်တဲ့သတိရခြင်း
ငါနင့်ဆီအပ်နှင်းပါတယ်..

အဝေးဆုံးက အနီးဆုံးသူတွေအဖြစ်
ရင်ထဲမှာတမ်းတ လွမ်းမ၀တဲ့တို့တွေ
ဖြူစင်ခြင်းနဲ့အမြစ်တွယ် မပျက်ပြယ်သံစဉ်တေး
သံယောဇဉ်ရင်ငွေ့လေးနဲ့
တိမ်တွေပေါ်တံတားဆောက်
သက်တန့်လမ်းလဲဖောက်ခဲ့မယ်…

Tuesday, August 11, 2009

ခုတလော .....


ခုတလော အလုပ်များနေတာမို့ အွန်လိုင်းသိပ်မတက်နိုင်ဘူးဖြစ်နေတာ .....
ခုလေးတင် ဘလော့ကိုဝင်ကြည့်မိတော့ မောင်လေးတလနွန်က အစ်မရေ တဂ်ထားတယ်တဲ့ ....
အဲ့ဒါနဲ့ဘာများလဲလို့ ၀င်ကြည့်မိတော့ မေးခွန်းလေးတွေက ဖြေချင်စရာလေးတွေဖြစ်နေလို့ ဖြေကြည့်လိုက်တယ်နော် ...
မောင်လေး တလနွန် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် .....

တွေးနေမိတာက
အပြောင်းအလဲများလွန်းတဲ့စိတ်အကြောင်း

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
ငါလဲ တော်တော်အပြောင်းအလဲများပါလားလို့

ကျန်းမာရေး
လူကကောင်းတယ် ... စိတ်ကမကောင်းဘူး .... ရူးတော့မရူးသေးပါဘူး ...

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
စာအုပ်တွေတော့မဖတ်ဖြစ်ဘူး ... ကဗျာလေးတွေပဲဖတ်ဖြစ်တယ် ...

ရောက်နေဖြစ်တာက
ဘယ်မှကိုမရောက်ဖြစ်ဘူး ....

ရေးဖြစ်နေတာက
ပရိုဂရမ်တွေ

နားထောင်ဖြစ်နေတာက
တစ်စုံတစ်ယောက်ရဲ့ကိုယ်တိုင်တီး ကိုယ်တိုင်ဆို သီချင်းလေးတွေ

ရွတ်နေမိတဲ့ ကဗျာက
တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ကဗျာလေးတွေ

ဖြစ်ချင်နေတာက
စိတ်မပူပင်တတ်တဲ့သူ

စားဖြစ်နေတတ်တာက
အလုပ် ကန်တင်းက ထမင်းနဲ့ဟင်း

သနားနေမိတာက
ဖြစ်ချင်တာဖြစ်ခွင့်မရသူတိုင်းကို သနားတယ် ... ကိုယ်ကိုယ်တိုင်လဲပါတယ် ...

လွမ်းနေမိတာက
ဖေနဲ့မေ

မေ့လျော့ပစ်မိနေတာက
အတိတ်တွေ

ခါးသက်နေမိတာက
ဆန္ဒရှိသလောက်မစွမ်းနိုင်တာတွေပေါ့ ...

တမ်းတနေမိတာက
ပန်းပင်လေးတွေနဲ့ခြံလေးတစ်ခြံ

ကြိတ်ပြီးချီးကျူးနေမိတာက
မိဘအပေါ်သိတတ်တဲ့သူတွေ

ကြိတ်ပြီးအထင်သေးနေမိတာက
သူများခေါင်းပေါ်နင်းပြီးတိုးတက်ရာ တိုးတက်ကြောင်းရှာတတ်သူတွေ

ဆန္ဒမရှိတဲ့နေရာ
ပူပြင်းခြောက်သွေ့လွန်းတဲ့နေရာ

ဆန္ဒရှိနေတဲ့ ကိစ္စ
ပိုက်ဆံစုချင်တယ်

ချစ်နေတာက
တစ်စုံတစ်ယောက်

စိတ်ပျက်နေမိတာက
ချစ်တဲ့သူတွေနဲ့ဝေးနေရတာ

စွဲလန်းနေမိတာက
တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုတွေ

လိုအပ်နေတာက
ငွေ

တောင်းနေမိတဲ့ဆု
မိဘကိုရာသက်ပန်အလုပ်အကျွေးပြုနိုင်တဲ့သူ

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
များလိုက်တဲ့အလုပ်တွေကွာ ....

ဝန်ခံချင်တာက
အပျင်းကြီးတာ မဖျောက်နိုင်သေးဘူး .....

Thursday, July 23, 2009

၃၁ မိုး (၂၄ ဇူလိုင်)

အော် .... ဘာလိုလိုနဲ့အသက်တစ်နှစ်ကြီးသွားပြန်ပြီ .... တိုးလာတဲ့အသက်နဲ့ညီမျှတဲ့ရင့်ကျက်မှုမျိုးရှိပြီလားလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိတယ် ... အနည်းငယ်ပိုရင့်ကျက်သွားတာတော့ အသေအချာပါပဲ ... လိုနေတာတွေလည်းအများကြီးကျန်သေးတယ်ဆိုတာကိုလဲ သတိချပ်မိတယ် ... မွေးနေ့မို့လို့ဆိုပြီး ပို့စ်တင်တာကလွဲရင် ထွေထွေထူးထူးတော့ဘာမှမလုပ်ဖြစ်ပါဘူး ... မွေးပြီးရင် သေတဲ့နေ့ပဲရှိတယ် ဆိုတဲ့ မေကြီးစကားကိုလဲ ကြားယောင်မိသား .... ဒီနေ့လေးအတွက် ထူးခြားတာက မွေးနေ့အမှတ်တရ ကဗျာလေးရတာပါ ....ဒီကဗျာလေးအတွက် ကိုကြီးကိုအရမ်းကျေးဇူးတင်ပါတယ် ...

မြခွာညိုသပြေလမ်းက ၀ါဆိုပန်းနဲ့လှမ်းတော်မှု
ဆယ်ယူလေ ခတ္တာပျိုနဲ့ ရေစိုစိုနံနက်ခင်းမှာ
အာရုဏ်နီ ရောင်ခြည်ဖြာလို့
ပန်းကမ္ဗလာမှာအချင်းဆေး
အဆင်းကလေးနဲ့ ပွင့်တဲ့ပန်း..

အမြင့်လမ်းထိ တင့်ဆန်းလို့ယဉ်စေ့ချင်
နွယ်ယှက်ခါ အထက်နန်းထိ
ပင်ထက်မှာလန်း
လေအထက်မှာ ပွင့်တဲ့ပန်းမို့
လွင့်ဝဲကာ မကြွေစေနဲ့
ရနံ့စုံ ရဂုံထဲမှာလှ
လမ်းကြုံသူ ရှုတိုင်းမွှေး
ရင်ငြိမ်းအေးသော ပန်းဖြစ်စေ...

မိုးမဆန်း ညှိုးနွမ်းလို့ရေမ၀င်ရင်
နေသခင်အထက်နားဆီက လက်တားလို့ကာလိုက်ချင်ရဲ့
နေမသာ လရောင်ဖြူးလို့
ရွက်ဖူးပျိုနဲ့ နုသစ်စေ...

ရာသီဒါဏ် နေသင့်ရင်
ပင်မြင့်မှာ စိုးတော်မူနဲ့
လေ၀င့်ကာ ချွေခါချလည်း
မြညှာတန် ခိုင်ခိုင်မြဲ ကျိုးပျက်လေနဲ့...


“မျိုးဦးဥာဏ်”