ကြယ်စင်ခါးတွေလင်းလက်
အရိပ်မဲ့တဲ့ညမှာ
ပါးလျှတဲ့လတစ်စင်းရဲ့အပြုံးကိုငေး
အဝေးဆုံးကနင့်ဆီ
အလွမ်းတွေတေးသီရင်း
ညည့်ငှက်ကို မိတ်ဖွဲ့
လေညှင်းကိုလက်ဆက်လို့
မပျက်ကွက်တဲ့သတိရခြင်း
ငါနင့်ဆီအပ်နှင်းပါတယ်..
အဝေးဆုံးက အနီးဆုံးသူတွေအဖြစ်
ရင်ထဲမှာတမ်းတ လွမ်းမ၀တဲ့တို့တွေ
ဖြူစင်ခြင်းနဲ့အမြစ်တွယ် မပျက်ပြယ်သံစဉ်တေး
သံယောဇဉ်ရင်ငွေ့လေးနဲ့
တိမ်တွေပေါ်တံတားဆောက်
သက်တန့်လမ်းလဲဖောက်ခဲ့မယ်…
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
2 days ago
15 Comments:
တို့အမလည်း လွမ်းတတ်နေပြီပေါ့။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
တစ်စုံတစ်ယောက်ရေးထားတဲ့ကဗျာကလည်း
လန်းနေတာပဲကိုး
ဒါကြောင့် ကျနော့်အစ်မ ကြွေတာဖြစ်ရမယ်
ဟုတ်တယ်ဟုတ် :)
သက်တန့်လမ်းလေးဖေါက်နိုင်ပါစေ :)
ကဗျာဖတ်ပြီးငိုတောင်ငိုချင်သွားတယ်.....အဟင့်....ဟင့်
အလွမ်းတွေဖော်ကြူး
မပျှော်မြူးခဲ့ပါဘူး
ရင်မှာကနာကျင်ချင်း
တွေပြည့်လျှံတက်
အန်ထွက်ခဲ့ပါပြီး........
ဆက်ရေးလိုက်တော့နော်......
ကြယ်ပြာရဲ့ ကဗျာတွေက အမြဲ ဖတ်လို့ကောင်းတယ်... ကဗျာတွေ နောက်ထပ် ရှိသေးရင် တင်ပေးပါဦး...
းဝ)
မကြီးရေနေကောင်းတယ်ဟုတ်။ မကြီးတောင်လွမ်းတတ်လာပြီနော် ကဗျာလေးတော်တော်လေးဖတ်လို့ကောင်းတယ်နော်။ အဆင်ပြေပါစေအမရေ။
ကိုတိုးလေး
လွမ်းနေချိန်ရေးတဲ့ ကဗျာ များလား
အဖွဲ့အနွဲ့တွေက ကောင်းတယ်..။
ကဗျာက ကြယ်ပြာရေးထားတာ မဟုတ်ဘူး ... တစ်စုံတစ်ယောက်ရဲ့ကဗျာလို့ စာညွှန်းတပ်ထားတယ်လေ ...း) ....
တစ်စုံတစ်ယောက်က မကြယ်ပြာကို ပေးသော ကဗျာကောင်း၏....
ကဗျာလေးက မိုက်တယ်...
ညက်နေတာပဲနော..
ဆက်လက်အောင်မြင်ပါစေ
ကိုထွေးမ ပြာပါဘူး...
ကြယ်ပြာတို့ ကောင်းကင်ပြာတို့သာ ပြာကြတာမဟုတ်လား...းD
ကြယ်ပြာရော... ဘယ့်နှယ်လဲ မိချိုကို အားကျနေသလား...
းဝ)
တစ်စုံတစ်ယောက်ရဲ့ ကဗျာလေးကိုလာဖတ်ပါတရ် ။ C box ဘာလို့ဖြုတ်လိုက်တာလည်း ။ ပျော်ရွှင်နေမယ်ထင်ပါတရ် ။ အားရင်လိုင်းပေါ်တက်ခဲ့ပါဦး ။ ငါ့အစ်မနဲ့ပြောရအောင်လို့း)
ကော်မန့်ပေးတာမရတာ မရတာလားပဲ မတက်ဘူးနော်။
အဆင်ပြေလား star blue :P
ကဗျာလေးဖတ်သွားပါတယ်
ဂွတ်ညပါ။
window ပြန်တင်လိုက်တာ ဖုန်းနံပါတ်ပျောက်သွားပြီ ... HELP MEEEE
Post a Comment