ခုတလော အလုပ်များနေတာမို့ အွန်လိုင်းသိပ်မတက်နိုင်ဘူးဖြစ်နေတာ .....
ခုလေးတင် ဘလော့ကိုဝင်ကြည့်မိတော့ မောင်လေးတလနွန်က အစ်မရေ တဂ်ထားတယ်တဲ့ ....
အဲ့ဒါနဲ့ဘာများလဲလို့ ၀င်ကြည့်မိတော့ မေးခွန်းလေးတွေက ဖြေချင်စရာလေးတွေဖြစ်နေလို့ ဖြေကြည့်လိုက်တယ်နော် ...
မောင်လေး တလနွန် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် .....
တွေးနေမိတာက
အပြောင်းအလဲများလွန်းတဲ့စိတ်အကြောင်း
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
ငါလဲ တော်တော်အပြောင်းအလဲများပါလားလို့
ကျန်းမာရေး
လူကကောင်းတယ် ... စိတ်ကမကောင်းဘူး .... ရူးတော့မရူးသေးပါဘူး ...
ဖတ်ဖြစ်တဲ့ စာအုပ်တွေက
စာအုပ်တွေတော့မဖတ်ဖြစ်ဘူး ... ကဗျာလေးတွေပဲဖတ်ဖြစ်တယ် ...
ရောက်နေဖြစ်တာက
ဘယ်မှကိုမရောက်ဖြစ်ဘူး ....
ရေးဖြစ်နေတာက
ပရိုဂရမ်တွေ
နားထောင်ဖြစ်နေတာက
တစ်စုံတစ်ယောက်ရဲ့ကိုယ်တိုင်တီး ကိုယ်တိုင်ဆို သီချင်းလေးတွေ
ရွတ်နေမိတဲ့ ကဗျာက
တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ကဗျာလေးတွေ
ဖြစ်ချင်နေတာက
စိတ်မပူပင်တတ်တဲ့သူ
စားဖြစ်နေတတ်တာက
အလုပ် ကန်တင်းက ထမင်းနဲ့ဟင်း
သနားနေမိတာက
ဖြစ်ချင်တာဖြစ်ခွင့်မရသူတိုင်းကို သနားတယ် ... ကိုယ်ကိုယ်တိုင်လဲပါတယ် ...
လွမ်းနေမိတာက
ဖေနဲ့မေ
မေ့လျော့ပစ်မိနေတာက
အတိတ်တွေ
ခါးသက်နေမိတာက
ဆန္ဒရှိသလောက်မစွမ်းနိုင်တာတွေပေါ့ ...
တမ်းတနေမိတာက
ပန်းပင်လေးတွေနဲ့ခြံလေးတစ်ခြံ
ကြိတ်ပြီးချီးကျူးနေမိတာက
မိဘအပေါ်သိတတ်တဲ့သူတွေ
ကြိတ်ပြီးအထင်သေးနေမိတာက
သူများခေါင်းပေါ်နင်းပြီးတိုးတက်ရာ တိုးတက်ကြောင်းရှာတတ်သူတွေ
ဆန္ဒမရှိတဲ့နေရာ
ပူပြင်းခြောက်သွေ့လွန်းတဲ့နေရာ
ဆန္ဒရှိနေတဲ့ ကိစ္စ
ပိုက်ဆံစုချင်တယ်
ချစ်နေတာက
တစ်စုံတစ်ယောက်
စိတ်ပျက်နေမိတာက
ချစ်တဲ့သူတွေနဲ့ဝေးနေရတာ
စွဲလန်းနေမိတာက
တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုတွေ
လိုအပ်နေတာက
ငွေ
တောင်းနေမိတဲ့ဆု
မိဘကိုရာသက်ပန်အလုပ်အကျွေးပြုနိုင်တဲ့သူ
ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
များလိုက်တဲ့အလုပ်တွေကွာ ....
ဝန်ခံချင်တာက
အပျင်းကြီးတာ မဖျောက်နိုင်သေးဘူး .....
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
4 Comments:
ဒီခုတလော ထဲမှာ အများဆုံးပါတဲ့ စကားလုံးက တစ်စုံတစ်ယောက်တဲ့ :) နောက်ပြီး စိတ်ပျက်နေတာက
လည်း အဲဒီ တစ်စုံတစ်ယောက်နဲ့ ဝေးနေတာဆိုတော့
အမြန်ဆုံးအတူတူနေနိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်နော်အစ်မ။ ကျန်းမာရေးက ကိုယ်စိတ်နှလုံး ရွင်ပြုံးနိုင်ပါစေ။
အခုလို မအားမလပ်တဲ့ကြားက ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
P.s ခရီးသွားခဲ့တဲ့အတွေ့ အကြုံလည်း ရေးပါအုံး။
ခင်မင်ခြင်းနှင့်
တလနွန်
မလာတော့လည်း မလာလို့...
လာပြန်တော့လဲ စိမ်းကားလှချည်လား...း)
အပျင်းကြီးတယ်ဆိုတာ သက်သေတည်လိုက်တာများလား...
းဝ)
ပျောက်လှချည်းလားဗျာ
ခဏနေဦး
တဂ်လေးဖတ်လိုက်ဦးမယ်
တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ကဗျာလေးတွေ
တစ်စုံတစ်ယောက်ရဲ့ ကိုယ်တိုင် အတီးအဆိုတွေ
တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုတွေ
တစ်စုံတစ်ယောက်ကလည်း စိုးမိုးလှချည်လားဗျာ
တစ်စုံတစ်ယောက်ရဲ့ ကဗျာ တင်ပါလားဟင်
ဖတ်ကြည့်ချင်တာပေါ့ :)
Post a Comment