ဖေကြီးရေ ..... မနက်ဖြန်ဖေကြီးမွေးနေ့ဆိုတာ သမီး မမေ့ပါဘူး ... ဘာလိုလိုနဲ့ဖေကြီးတောင် အသက်(၆၅) ရှိသွားပြီနော် ....သမီးက အဲ့လောက်တောင်ရှိနေပြီမထင်ဘူးဖေကြီးရ ..... သမီးမျက်စိထဲမှာတော့ သမီးငယ်ငယ်ကတည်း ခုချိန်ထိဖေကြီးမျက်နှာက ဒီအတိုင်းပဲမြင်နေတာ ... ဒီနေ့ မွေးနေ့အထူးမို့လို့ဆိုပြီး မကန်တော့တော့ပါဘူး .. ဘာလို့လဲဆိုတော့ သမီးကနေ့တိုင်းမပျက်မကွက်ကန်တော့နေကျမို့လို့လေ ... ဒီနေ့မှာထူးပြီးကန်တော့ဖို့မလိုတော့ဘူးပေါ့ ... ဟုတ်တယ်ဟုတ် ... ဖေကြီးနဲ့ ခုနက ဖုန်းပြောတော့ သမီး ဖေ့မွေးနေ့အတွက် စာရေးမယ်လို့ မပြောလိုက်ရဘူး ... ဖေကြီးရေ ဖေ့မွေးနေ့မှာ သမီးတို့မိသားစု ဘုရားတူတူသွားချင်တယ် ... သမီးပြန်လာတော့ အငယ်ကောင်ကပြန်လို့မရ ... သူပြန်သွားပြန်တော့ သမီးကပြန်လို့မရနဲ့ မိသားစု(၅)ယောက် တူတူဆုံဖို့ဆိုတာလဲ မလွယ်လိုက်တာဖေကြီးရာ .... ဘာပဲဖြစ်ဖြစ်ပါလေ သမီးတို့စကားပြောနေခွင့်တော့ရှိနေသေးတာပဲ ... အဓိကက ဖေနဲ့မေ သက်ရှိထင်ရှား ရှိနေဖို့ပါပဲ ....
မိသားစုအပေါ် သိပ်ချစ်တတ်ပြီး အရာရာ စိတ်ရှည်တတ်တဲ့ ဖေကြီး ... မိသားစုတစ်ခုလုံးပေါ် အပင်ပန်းခံပြီးတာဝန်ကျေခဲ့တဲ့ဖေကြီး ...
သားသမီးကို ရိုက်တာထက် ပါးစပ်နဲ့ထိရောက်အောင် ဆုံးမတတ်တဲ့ဖေကြီး .... စကားသိပ်များလွန်းတဲ့သမီးစကားတွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးတဲ့ဖေကြီး .... သမီးရဲ့အောင်မြင်မှု့တွေကို ချီးကျူးပေးတတ်ပြီး သမီးစိတ်ဓာတ်ကျတိုင်း အားပေးတတ်တဲ့ဖေကြီး ..... အဖေလိုတစ်မျိုး သူငယ်ချင်းလိုတစ်သွယ်နဲ့နေပေးတတ်တဲ့ ဖေကြီး .... သမီးလေ ဖေကြီးကို ကျန်းမာစွာနဲ့ အသက်ရှည်စေချင်သေးတယ် ... တရားဘာဝနာပွားစီးပြီး အေးအေးချမ်းချမ်းလေး ကျေနပ်စွာနဲ့ ဘ၀ရဲ့အချိန်တွေကို ကုန်လွန်စေချင်သေးတယ် ... ပြီးတော့ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးပေါင်းများစွာကို နိုင်သလောက်အစွမ်းကုန်ဆပ်ခွင့်လေးလဲရချင်သေးတယ် ....
ဖေကြီးမွေးနေ့တွေ တစ်နှစ်ပြီးတစ်နှစ်ကျန်းမာစွာကျော်ဖြတ်နိုင်ပါစေ .......
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
11 Comments:
ပေးတဲ့ဆုနဲ့ တလုံးတဝကြီး ပြည့်ပါစေ သမီးလေးရေ..........................
လိမ္မာတဲ့သမီး မွေးရကျိုးနပ်တဲ့သမီး....
မိဘကို သိတတ်လွန်းတဲ့သမီး...........
အောင်မြင်ကြီးပွားပါစေကွယ်............
းဝ)
(တကယ် လိမ္မာ.. မလိမ္မာတော့ သေချာမသိပါဘူး... ကိုယ့်သူငယ်ချင်းဆိုတော့ မျက်စိမှိတ်ပြီး အမွှန်းတင်ပစ်လိုက်တယ်....)
မကြယ်ပြာရေ အမရဲ့မဖေမွေးနေ့လေးမှာပျော်ရွှင်ပါစေဗျာ။ တကယ်လိမာတဲ့သမီးလေးပဲတဲ့နော်သူများတွေပြောလို့လိုက်ပြေတာ အမျိုးမထင်နဲ့နော်။ အမရဲ့အဖေ မွေးနေ့မှာသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ့အတူရှိနေနိုင်ပါစေလို့ဆိုတောင်းပေးပါတယ်နော်။
တစ်နေ့နေ့မှာ မိသားစုငါးယောက်လုံး ပျော်ရွှင်စွာ ဆုံဆည်းခွင့်ရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကြယ်ပြာရဲ့  အဖေလဲ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာ သားသမီးတွေရဲ့ တုန့်ပြန်မေတ္တာစစ်တွေကို ခံယူနိုင်ပါစေလို့ တောင်းဆု ပြုလိုက်ပါတယ်။
ကြယ်ပြာ့ ဖေဖေ မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သက်ရာကျော်ရှည်ပြီး ချစ်တဲ့ သားသမီးတွေနဲ့ သာသနာအကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။
ကြယ်ပြာလဲ.မိသားစု ငါးယောက် မြန်မြန်ဆုံပါစေနော်။
လိမ်မာတဲ့ အမ ကို ကြည့်ပြီး အမတို့ အဖေက ဝမ်းသာ
မှာပါ။ အမတို့ အဖေလည်း မွေးနေ့ မှစပြီး နောင်လာမဲ့
နေ့ ရက်တွေ ဘေးဘယာကင်းပြီး စိတ်နှလုံးရွင်ပြုံးပါစေဗျာ။ လူကြီးအတွက်လည်း အဲဒီလို
ဆုတောင်းပေးလို့ ရပါ့တယ်နော်။ :)
ခင်မင်ခြင်းနှင့်
တလနွန်
အမ ရဲ့ အဖေ အမြဲတန်း စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီး
ပျော်ရွှင်သော မိသားစု ဘ၀လေးကို အမြဲတန်းပိုင်ဆိုင်နိုင်ပါစေဗျာ
ဒီလိုပါဘဲ သားသမီးတွေ အရွယ်ရောက်လို့အလုပ်ကိုင်ကိုယ်စီ ရလာကျရင် ငယ်ငယ်တုန်းက မိသားစုထမင်းဝိုင်းလေးကို ပြန်ရဖို့ဆိုတာ မလွယ်တော့ဘူး...
အဆင်ပြေပျော်ရွှင်ပါစေဗျာ
မမ..ဖေဖေဒီ မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သက်ရာကျော်ရှည်ပြီး ချစ်တဲ့ သားသမီးတွေနဲ့ သာသနာအကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
မကြယ်ပြာရေ
အဖေ အမေ သက်ရှိထင်ရှားရှိနေတုန်း ကျေးဇူးဆပ်ရတာ ဂုဏ်ယူစရာဗျ
မကြယ်ပြာတို့ ပျော်စရာကောင်းသော မိသားစုလေး ဆုံဆည်းနိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
လိုအင်ဆန္ဒတွေပြည့်စုံနိုင်ပါစေ မ ရေ ။ ... အမြဲပျော်ရွှင်နေပါစေ ။
ဇော်လတ်
သမီးလိမ်မာလေးရဲဖေဖေကျန်းကျန်းမာမာနဲ.သက်တော်
ရာကျော်ထိ ဒီမီသားစုလေးနဲ.ပျော်ရွှင်ရွှင်နေနိုင်ပါစေ....
ဆုမွန်ချွေလျှက်.....
လာရောက်လည်ပတ်ဖို.ဖိတ်ခေါ်ပါတယ်....
http://chitloonthu83.blogspot.com/
ကျေးဇူးတင်လျှက်။။။။။။။။
Post a Comment