“ဘ၀” တဲ့
ကဗျာဆရာတွေက စကားလုံးလှလှတွေနဲ့ ဖွဲ့သီကြတယ် …
စာရေးဆရာတွေက စကားပြေလှလှတွေနဲ့ ရေးစပ်ကြတယ် …
ဒါပေမယ့် ဘ၀တွေကတော့ မလှရှာကြပါဘူး …
လက်လုပ်လက်စား၊ ပညာတတ်လူတန်းစား
ခေါင်းရွက်ဗျက်ထိုး၊ အစိုးရ၀န်ထမ်း
သူ့အလွှာနဲ့သူ သူ့အထွာနဲ့သူ
ရုန်းကန်လိုက်ကြရတာများ
တခါတခါ လူဆိုတာတောင် မေ့မေ့သွားတယ် ….
(၂၁)ရာစုမှာ လူတွေကစက်ရုပ်ဖြစ်
ခံစားချက်တွေမျိုးတုန်း အကြင်နာတွေဆိတ်သုဉ်းကုန်ကြတာ
တိုးတက်လာတာလား ဆုတ်ယုတ်သွားတာလားဆိုတာ
စဉ်းစားဖို့တောင် ဦးနှောက်တွေက အားမရှိကြတော့ဘူး …
အလုပ်ပြီး အလုပ်
အလုပ်ပြီး အလုပ်
အလုပ်ပြီး အလုပ် ……..
စားဝတ်နေရေး ဒီအရေး(၃)ခု ပြေလည်ဖို့ကလွဲရင်
ကျန်တာတွေ ဘာမှမသိတော့တဲ့ဘ၀တွေ ……
နင်းပြားဖြစ်နေတဲ့ဘ၀တွေ ……
မော်မကြည့်ရဲတဲ့ဘ၀တွေ …..
ခံစားချက်မဲ့ဘ၀တွေ …..
အနှိမ်ခံဘ၀တွေ ……
ဘ၀ ဘ၀ချင်းဝါးစားခံရတဲ့ဘ၀တွေ …..
အသားမာတက်နေလိုက်ကြတာဆိုတာမှ
နာလို့နာနေမှန်းတောင် မသိကြတော့ဘူးလေ ……
ကဲ …. ဒီထက်ဝမ်းနည်းစရာကောင်းတာ ဘာရှိဦးမှာလဲ ……
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
10 Comments:
ကောင်းလိုက်တဲ့အတွေး...
ကောင်းလိုက်တဲ့အရေး...
မိုက်တယ်...
ကြိုက်တယ်...
မကြယ်ပြာရေ..
ဘ၀တွေ လှအောင် ဘယ်လိုလုပ်ရပါ့နော်..
်ခင်မင်စွာဖြင့်
သီဟသစ်
အခုအစ်မတင်တဲ့postကစကားလုံးတိုင်း အလုံးတိုင်းကို ကျနော်ကြိုက်တယ်
နာလို့နာမှန်းလည်းတကယ်မသိတော့ဘူးအစ်မရေ နင်းပြားဖြစ်နေရတာ
ကြားဖူးတာတော့ ကံကောင်းလို့လူဖြစ်ခွင့်ရကြတာတဲ့..??
ဟုတ်ကော ဟုတ်ရဲ့လားမသိ..?
ကျနော်တော့ သံသယတွေဝင်ချင်နေပြီ....
စကားလုံးတွေက ထိတယ် အမရေ
ဟုတ်တယ်နာလို့နာမှန်းမသိတော့ဘူး....
အစ်မရဲ့ စာသားလေးတွေ မိုက်တရ်။ တကယ်ကို
ထိသွားပြီး။ ဘဝ ...ဘဝ
ခင်မင်ခြင်းနှင့်
တလနွန်
စကားလုံးလေးတွေက တော်တော်လေးကောင်းတယ် ကောင်းလိုက်တဲ့အတွေးနဲ့ အရေးပါလားနော်။
ကြယ်ပြာရေ ကဗျာကောင်းလို့ နောက်တစ်ခေါက် ထပ်လာဖတ်တယ်... နောက်ကျရင် စာအုပ် စုထုတ်ကြမယ်လေ...
ရေးသူနဲ့ အတူ ခံစားသွားတယ် ညီမလေး
အော်... ဘ၀.. ဘ၀.. ဘဝ
ဒီလိုဘဲ မလှမပ ဖြစ်နေကြတာတွေ အရမ်းများနေပါလား။
ရုန်းကန်လှုပ်ရှားလို့လဲ ပြီးနိုင်မယ်မထင်တော့ပါဘူး။
သံဝေဂရစရာပါဘဲ ကြယ်ပြာလေးရေ။ ။
Post a Comment