မပီပြင်တဲ့အနာဂတ်တစ်ခုမှာ
အချစ်ဆိုတာကို ပုံဖော်ဖို့ခက်တယ်
ကိုယ့်နားရောက်ဖို့အတွက်
အကြီးမားဆုံးအခက်အခဲက
နင့်ရဲ့အလေးမြတ်ထားဆုံးအရာဆိုတော့လဲ
ငါ နားလည်ပါတယ် ….
ကိုယ်ချင်းလဲစာပါတယ် …
ငါကိုယ်တိုင်က နင့်ကိုဒုတိယနေရာပဲပေးနိုင်ခဲ့တာလေ ….
ဘာပြောရမလဲ … ဘာလုပ်ရမလဲ ….
ဘာလုပ်သင့်သလဲဆိုတာငါ သိပါတယ် …
မပီပြင်တော့တဲ့ မျှော်လင့်ချက်တစ်ခုနဲ့
ခရီးမဆက်ချင်တော့ပေမယ့်
မပြောရက်ဘူး ချစ်သူ
ပြောမထွက်ပါဘူး
ငါတို့လမ်းခွဲကြစို့ လို့ပေါ့ ….
နင်ငါ့အတွက်မစဉ်းစားပေးပေမယ့်
ငါနင့်အတွက်စဉ်းစားပေးတယ်
ဒီအချိန်မှာ နင်စိတ်မညစ်စေဖို့တော့
ငါနိုင်သလောက်ကြိုးစားမှာပါ ….
ငါတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်
နင်က “စိတ်မကောင်းဘူး” တဲ့လား …
ငါလဲ နင်နဲ့ထပ်တူပါပဲ ….
ငါ့တို့နှစ်ယောက်ရဲ့ အနာဂတ်မဲ့တဲ့ဒီနေ့
ငါတစ်သက်မမေ့ဘူးကွယ် ….
အချစ်ဆိုတာကို မကိုးကွယ်ပေမယ့်
ခုချိန်မှာ နင့်ဘေးကငါထွက်မသွားပါဘူး ….
ဖူးစာမပါလို့ မဆုံဖြစ်ကြတော့ရင်
နင်ရော ငါရော ၀မ်းမနည်းဖြစ်အောင်
ပြင်ဆင်ထားကြစို့ရဲ့ ……
Cherry Blossom in Central Park
-
၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time
Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ
မ...
3 days ago
14 Comments:
နံပါတ် ၁ နော် အရင်ဆုံးမန့်လိုက်မယ်။
ကဗျာလေးကကောင်းလှချည်လား
မပီပြင်တဲ့အနာဂတ်တစ်ခုမှာ
အချစ်ဆိုတာကို ပုံဖော်ဖို့ခက်တယ် ဆိုပဲနော်။ အားပေးလျက်ပါနော် ပျော်ရွှင်အဆင်ပြေပါစေနော်။ စီဗောက်ကလည်း ကွန်ကြောင့်နည်းနည်းကျနေလို့ စီဗောက်မှာ မအော်ခဲ့တော့ဘူးနော်။ ဒီကနေပဲရေးလိုက်တော့တယ်နော်။
ခင်မင်လျက်
ကိုတိုးလေး
မတွေ့တာကြာပေါ့
လာမယ့်လာတော့လည်းအလွမ်းကဗျာနဲ့ပါလား?
ခံစားချက်စစ်စစ်ပဲလား?
စပ်စုတာမဟုတ်ပါဘူးဗျာ သိချင်တာပါ ဟဲဟဲ :P
မကြီး လွမ်းနေတာလားဗျ...အဆင်ပြေ
ပျော်ရွှင်ပါစေဗျာ
အဲ...အဲ
အင်းးးးးးးးးးးးးးးးးးးး ၀ူးးးးးးးးး
လတ်တလောအခြေအနေလား...
စိတ်မကောင်းစရာပဲ...
ကြိုးစားပြီး လျှောက်လှမ်းနေတဲ့သူတွေအတွက် မျှော်လင်ချက်ပြည့်မြောက်တဲ့ တနေ့နေ့ဆိုတာ မလွဲမသွေရောက်လာဦးမှာပါ...
အားမလျော့နဲ့... စိတ်မပျော့နဲ့... ဆက်သာလုပ်
ကဗျာလေးကကောင်းလိုက်တာ
ကြယ်ပြာရေ..အဆင်ပြေ ပျော်နေတာပဲ မြင်ချင်ပါတယ်လို့ပဲ ပြောပါရစေတော့နော်။
တကယ်စိတ်မကောင်းဖြစ်မိပါတယ်...
ကူညီနိုင်တာရှိရင် ပြောလေ...
ဘာလုပ်ပေးရမလဲ...
ခင်တဲ့
ကိုလူထွေး
ကြယ်ပြာလေးရေ..
ဘယ်လိုတွေဖြစ်နေပြန်ပြီလဲ။ လွမ်းဆွေးစရာတွေလား။
ကဗျာမှာ ပေါ်လွင်နေတယ်။ အဆင်မပြေဘူးထင်တယ်။
အဆင်ပြေပါစေလို့ဘဲ အကိုဆုတောင်းပါတယ်။
ခင်တဲ့
ကိုကိုမောင်
တကယ်မဖြစ်နိုင်တော့ဘူး ဆိုရင်တော့ ပြင်ဆင်ထားတာ အကောင်းဆုံးပါ ကြယ်ပြာလေး
သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ် .... စိတ်တွေလေနေတာကို အလုပ်တွေဖိလုပ်နေပါတယ် ...
သိပ်မကြာလောက်ပါဘူး ပုံမှန်ဖြစ်သွားမှာပါ ...
ဟုတ်တယ်။
ပုံမှန်ဖြစ်သွားမှာပါ။
အားလုံးအဆင်ပြေပါစေ ညီမ။
ခံစားချက်လေးကို ဖတ်သွားတယ်...မကြာခင်အဆင်ပြေ
မှာပါ..အကောင်းဆုံးကိုတွေးရင် လက်ရှိအချိန် စိတ် သက်သာတယ်လေ
ချစ်တဲ့သူနဲ့ အဆင်ပြေပါစေ...
ခံစားချက်လေးတွေကို ခံစားသွားပါတယ်၊
ပျော်ရွှင်ပါစေ..........
ဂျစ်
Post a Comment