ကျမ အခုရေးမည့် အကြောင်းအရာသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာဖြစ်သည်ဆိုတာကို ပထမဦးစွာပြောလိုပါတယ်။
ဆရာဆိုသည်မှာ အစိုးရကျောင်းမှ ဆရာပဲဖြစ်စေ၊ ကျူရှင်သာပြသည့် အပြင်မှ ဆရာပဲဖြစ်စေ ဆရာကျင့်ဝတ်နှင့်ညီသင့်သည်ဟု ကျမထင်မြင်မိပါတယ်။ တပည့်များ မကောင်းလျှင်တောင် ပဲ့ပြင်ဆုံးမရမည့်ဆရာက ကိုယ်တိုင်မကောင်းဖြစ်နေလျှင် မည်သူက ဆုံးမမည်ဆိုတာကိုတော့ သူကျူးလွန်ခဲ့သည့် အပြစ်ပေါ်မူတည်မည်ဟုထင်ပါသည်။
ကျမ ဆွေမျိုးထဲမှ အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသားလေးသည် (၅)ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားတာ့ KMC ဆိုသည့် ကျူရှင်ကျောင်းတွင် တက်ရောက်နေပါသည်။ ထိုကျောင်းကို ဦးစီးဖွင့်သူမှာ ဦးကျော်မင်းချို ဖြစ်ပါသည်။
ထိုကလေးသည် ရိုးရိုးအေးအေးသာနေတတ်ပြီး အနည်းငယ်လဲ ကြောက်တတ်ပါသည်။ စာအလွန်ကျက်ပြီး ပညာကိုလိုလိုချင်ချင်ရှိသောကလေးက ဇွန် ၁၃ ရက်နေ့မှာ ကျူရှင်မသွားချင်ဟုပြောတော့ ကလေးအမေက ရိုက်နှက်ပြီး အတင်းသွားခိုင်းပါသည်။ ကလေးက ငိုယိုသာနေပြီး ကျူရှင်မသွားချင်ဟု ပေကပ်ကာအရိုက်ခံပါသည်။ နောက်မှ ဘာဖြစ်လို့လဲဟုချော့မော့မေးတော့မှ အဖြစ်မှန်ကိုသိရပါသည်။
အဖြစ်က ဒီလိုပါ။ ကျမရှင်းရှင်းဘွင်းဘွင်းသာရေးပါမည်။ ရင့်သီးသွားလျှင်သည်းခံပေးပါရန် ကြိုတောင်းပန်ပါသည်။
ဇွန် ၁၂ ရက်နေ့။
ကလေးက ထုံးစံအတိုင်းကျူရှင်သွားပါသည်။ ကျူရှင်ပြီးတော့ ဆရာကျော်မင်းချိုက ကလေးအား အပေါ်သို့ခဏတက်ခဲ့ရန်ခေါ်ခဲ့ပါသည်။ ကလေးက အပေါ်တက်သွားသောအခါ သူက အခန်းတံခါးကို ကလန့်ထိုးလိုက်ပြီး ကလေးကို ချုပ်ပြီး မျက်နှာတွေ လည်ပင်းတွေကို လျှာနဲ့လျက်ပါသည်။ ကလေးအားလည်း သူ့အားပြန်လျက်ပေးခိုင်းပါသည်။ ထို့နောက် သူ့ယောက်ျားအင်္ဂါပစ္စည်းအား အတင်းကိုင်ခိုင်းပါသည်။ ကလေးကို ပိုက်ဆံပေးမည်၊ သည်အဖြစ်ကို ဘယ်သူ့မှ မပြောရ ပြောလျှင် ပြန်မလွှတ်ပေးဟု ဆိုပါသည်။ ကလေးက ဘယ်သူ့မှ ပြန်မပြောပါဟု ကတိပေးတော့မှ ပြန်လွှတ်ပေးပါသည်။
နောက်မှသိရသည်မှာ သည်ဆရာသည် နာမည်အနည်းငယ်ရှိပြီး ဒီကလေးအပြင် အရင် ကလေး ၃ ယောက် ၄ ယောက်ကိုလည်း လက်တည့်စမ်းဖူးကြောင်းကြားရပါသည်။ မည်သူမျှမတိုင်သဖြင့် သူသည် ဆရာဂုဏ်ကိုမျှမထောက် ဒီလိုဆက်သောင်းကျန်းနေခြင်းဖြစ်ပါသည်။
သည်ကိစ္စကိုသိတော့ ကျမဆွေမျိုးများက ကျူရှင်ကျောင်းဆီ လိုက်သွားခဲ့ပြီး ဆရာကျော်မင်းချိုနဲ့ စကားပြောဆိုခဲ့ပါသည်။ ပထမသူမလုပ်ကြောင်း ငြင်းနေရင်း ကလေးကပါ သူ့ရှေ့မှာတင် သူ့ကိုလုပ်ခဲ့တာတွေ ငိုယိုပြောပြတော့မှ “သူ စိတ်အနည်းငယ် ယိုင်သွားလို့ မှားသွားမိပါကြောင်း၊ အားလုံးကျေနပ်အောင်လုပ်ပေးပါမည်ဖြစ်ကြောင်း” တောင်းတောင်းပန်ပန်ပြောပါသည်။
ကျမတို့ဘက်မှ ရပ်ကွက်ရုံးသို့သွားမည်ဟုဆိုကာ တိုင်စာရေးပြီးရပ်ကွက်ရုံးသို့သွားခဲ့ပါသည်။
ရပ်ကွက်ရုံးစာရေးမှ ကျမတို့တိုင်စာကို စာပြန်စီပြီး ကျမတို့ကို စစ်စေပါသည်။ စာအချောသတ်ပြီးတော့ သူ(ဦးကျော်မင်းချို) ကိုယ်တိုင် လုပ်မိကြောင်းဝန်ခံလက်မှတ်ထိုးခဲ့ပါသည်။ ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးတင်မြင့်ဆိုသူနှင့် KMC မှ အခြားဘာသာရပ်သင် ဆရာမများလည်း အသိသက်သေအဖြစ်လက်မှတ်ရေးထိုးပါသည်။ ကျမတို့က စာမိတ္တူတောင်းသောအခါတွင် ဦးတင်မြင့်ဆိုသူမှ ဆရာမ ၅ ယောက် စာသင်သည်ဖြစ်ရွေ့ ယခု ဆရာမ(၃)ယောက်သာ လက်မှတ်ထိုးရသေးပြီး ဆရာမ(၂) ယောက် လက်မှတ်ထိုးဖို့ ကြံသေးကြောင်းနှင့် စာမိတ္တူကို စနေနေ့မှ ယူဖို့ပြောပါသည်။
ကျမတို့ဘက်မှ စနေနေ့သွားတောင်းသောအခါ ဦးတင်မြင့်မှ စာမိတ္တူကို မပေးနိုင်ဟုပြောပါသည်။ ကြိုက်သည့်နေရာတိုင်ဟုပြောပြီး ပြစ်မှုကျူးလွန်သူ ဦးကျော်မင်းချို ၏ ဦးလေးမှာ ရထားပို့ဆောင်ရေး ၀န်ကြီးတစ်ယောက်ဖြစ်ကြောင်း၊ သူက သူ့တူကို ရှမ်းပြည်မှာ ကျောင်းအုပ်လုပ်ဖို့ခေါ်သွားကြောင်း၊ ခရီးသွားမည်ဟုခွင့်တောင်းရွေ့ ခရီးသွားခွင့်ပေးလိုက်ကြောင်း မဆိုင်တာတွေပြောပါသည်။ ကျမတို့ဘက်မှ ဦးကျော်မင်းချို ကိုယ်တိုင်ဝန်ခံထားသော စာရွက်ကို ဓါတ်ပုံသာရိုက်ခဲ့ရပါသည်။
ဒီပို့စ်ကို တင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်မှာ သုံးခုဖြစ်ပါသည်။
ပထမတစ်ခုက ကျောင်းသားမိဘများအား သမီးမှမဟုတ် သားများတွင်လည်း အန္တရာယ်ရှိကြောင်း သတိပေးချင်တာပါ။
နောက်တစ်ခုက ဆရာမပီသသော ဆရာအား သူ့အပြစ်အတွက် ဒီစာကို ဖတ်မိလျှင်ဖြစ်စေ၊ သူကိုယ်တိုင်မဖတ်မိလျှင်တောင် သူ့ပတ်ဝန်းကျင်မှလူများ ဖတ်မိစေရန်ရည်ရွယ်ပါသည်။
နောက်ဆုံးတစ်ခုကတော့ ပြစ်မှုကျူးလွန်သည်ကို သိပါလျက် ဘယ်သူ့အမျိုးဟုကြောက်လို့ဖြစ်စေ၊ လာဘ်လာဘယူထားလို့ဖြစ်စေ အမှန်ကို မသိကျိုးကျွံပြုသော ဦးတင်မြင့်လို လူမျိုးများအား သတိထားမိစေရန်နှင့် သည်လိုလူမျိုးများကြောင့် ကိုယ့်သားသမီးများ ထိခိုက်နစ်နာတတ်စေသည်ကို သတိထားမိစေရန်ရည်ရွယ်ပါသည်။
ကျမထပ်ပြောပါမည်။ ဒီစာသည် ဦးကျော်မင်းချိုအား သိက္ခာချသောစာ လုံးဝမဟုတ်ရပါ။
သူသည် ၀န်ကြီးတူ မကလို့ သားပဲဖြစ်စေဦးတော့ ကျူးလွန်ခြင်းက ကျူးလွန်ခြင်းသာဖြစ်ပါသည်။ ဦးကျော်မင်းချိုလို ဆ၇ာမျိုးများအား ကျောင်းသားမိဘများ၊ ကျောင်းသားများရှောင်ကြဉ်နိုင်စေရန် ရေးသားရခြင်းဖြစ်ပါကြောင်းဖြင့် နိဂုံးချုပ်ပါသည်။
Saturday, June 16, 2012
ဆရာက ကျောင်းသားကို အခြောက်ဇာတ်သွင်းသည်ဆိုလျှင် သင်ယုံပါသလား?
Posted by ကြယ်ပြာ at 11:28 AM
Subscribe to:
Post Comments (Atom)
8 Comments:
အယ် ဘယ်လိုပါလိမ့်နော်..
အမတို့နိုင်ငံတွေမှာလည်း ကြားဖူးတယ်..
နှစ်ဖက်ချွန်တွေပေါ့.. ကြောက်စရာပဲ
ဆိုးပါ့ဗျာ့
ပြောတောင် မပြောတတ်တော့ဘူး
ဒါမျိုးလူတွေ တောက်!!!
တော်ပြီဗျာ့
ဟုတ်တယ် ... တော်တော် ကြောက်စရာကောင်းတယ်။ သားယောက်ျားလေး မွေးထားတာ ထောင်အပြင် တန်းမရှိပါဘူး ဆိုတာ အရင်ခေတ်တုန်းကတော့ မှန်တယ်။ ခုခေတ်တော့ မှားသွားပြီ။
ခက်လိုက်တာ..။ တော်သေးတယ် ကလေးက ပြန်ပြောပြပေလို့
ဖတ်ရင်းနဲ့ ဒေါကန်လာတယ်...ကိုယ်တိုင်လည်း ဆရာတစ်ယောက်ဖြစ်နေပြန်တော့ အနှီဆရာကို နရင်းပြေးအုပ်ချင်စိတ်တောင် ပေါက်လာပါရော...ဒီလိုလူမျိုးကို ဆရာလို့တောင် မခေါ်သင့်ဘူးလို့ပဲ ကောက်ချက်ချလိုက်ပါရဲ့...
အင်း...တော်တော်မကောင်းတဲ့လူပဲ
ဒီလိုအကျင့်ရှိတဲ့လူက...နောက်ထပ်လည်းဒီလိုလုပ်နေဥိးမှာပဲ..
ဟုတ်တယ် ပျိုးရေ ... ကလေးက ပြန်ပြောလို့သာပေါ့ ...
ဦးဟန်ကြည်ရေ ... အဲ့လို ငခုံးမတွေကြောင့် ဆရာတွေ နာမည်ပျက်ရတယ်။
မင်းမုန်းတဲ့သူ .. ခုလဲ အဲ့ကလေးက ပထမဆုံးမဟုတ်ဘူး။ သူ့ရှေ့မှာကလေးတွေ ရှိသေးတယ်။ ဒါပေမယ့် ဘယ်သူမှ ပြန်မပြောကြဘူးတဲ့ ... အဲ့ဒီဆရာက နာမည်နည်းနည်းထွက်နေပေမယ့် ဘယ်သူမှ မတိုင်တော့ ဆက်လုပ်နေတာလေ။
အော်... ဘာတွေဖြစ်ကုန်တာလဲ။ အသိတွေ မဲ့ကုန်ပြီ.
တဏှာလောဘ.. အဟင့်.. မကြားဖူး မကြားကောင်း တွေ။ ဆရာဟန်ရဲ့ ကောက်ချက်ကို ထောက်ခံ လက်မှတ်ထိုး အားပေးခဲ့တယ်။
ခင်မင်တဲ့
မကြီးလွမ်း
Post a Comment