
မိုးမလင်းသေးပါဘု အပျင်းရယ်မကြီးရဲတာမို့
လင်းကြက်တောင် တွန်သံမကျူးခင်
မျှဉ်းလို့ထိုင် အမေအိုမနိုးအောင်
သာအယာ ခြေဖွနင်းပါလို့
ရေကပြင်ထက်နားဆီ လျှောက်ခဲ့ရပြန်။
တိုးလို့ချွေတာ မိုးကမရွာ
ရေတစ်ထမ်း ရာဂဏန်းရယ်မို့
ရေတစ်စွတ်နဲ့သာ ရွှေမျက်နှာ လန်းရတယ်
အမှန်လေ သဘာဝပေမို့ မလွှဲသာ တွေးမလွမ်းနိုင်ဘု
သနပ်ခါးသာ ဘယ်ညာကူရတယ်။
အမေအိုရင်ကျပ်သည်တွက်
လျက်ဆား ဆေးတစ်ခွက်ရယ်နဲ့
ရေနွေးဖြူ အဆူမြန်စေဖို့ရေး
ပါးနှစ်ဖက်မှာ ချွေးစက်ရာ ဗရပွထင်တဲ့ထိ
ခါးချိုးကာ မီး မှုတ်ရပြန်။
ထမင်းကြမ်းခဲ နတ်သုဒ္ဓါကို
ဆီကြွင်းရယ် ဆား အနည်းငယ်ဖြူးပါလို့
တဖဲ့တရွဲ့ အကြော်ကျန်နဲ့
တမနက်တာ ၀မ်းတောင့်စေဖို့
ကုန်းလွေးရပြန်။
ရောင်နီငယ် ပြူမထွက်ခင်
ကိုယ်ပိုင်ရာ အကြော်နန်းဆီသို့ ဗရုတ်ဗရက်သုတ်ခြေတင်
စားပွဲငယ်တစ်ချပ်ခင်းပါလို့ ဗူး၊ဖယုံ၊ သီးနှံအစုံ ပုံလို့တင်
မုန့်နှစ်ပြင်၊ ထင်းမီးဖိုနှင့် ဆီအိုးရယ်က အသင့်ပြင်
ကြော်မဟဲ့ ပူနွေးတဲ့ အကြော်စုံ
ဆင်းရဲသူတွေ ၀မ်းစာတောင့်စေဖို့
တစ်ခုမှ ၁၀၀ကျပ်ရယ်နဲ့ လှိုင်လှိုင်သာ ၀ယ်ကြစမ်းပါ
ဟော့ဒီက ကြွပ်ရွတဲ့ အကြော်စုံ။ ။
ရေးသားသူ။ ။ ဖြိုးဇာနည်၊ ကြယ်ပြာ
မှတ်ချက်။ ။ ပုံလေးကို ကျောက်ပန်းတောင်း.org ကနေယူထားပါတယ်။
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
11 Comments:
ရေသည်ပြဇာတ်ဖတ်လိုက်ရသလိုဘဲ....မျက်စိထဲကို မြင်သွားစေတယ်.....ဒီလို ကဗျာမျိုးရှားသွားပြီ....ငါလည်းရေးတတ်ဘူး....ကောင်း၏
ကောင်းလိုက်တဲ့ ကဗျာလေးပါဗျို့.. မောင်ငယ်နဲ့ညီမငယ် လက်စွမ်းထက်ပါဘိ..အော် ... အာဇာနည်နဲ့ ဖြိုးကြီးရဲ့ ညီဝမ်းကွဲက ကဗျာဆရာ ဖြစ်နေတာကိုး။
ကြယ်ပြာလေး ပျော်ရွှင်ပါစေလို့ ကြယ်နီဆေးလိပ်ခုံက မကြီးလွမ်း ဆုတောင်းပေးလိုက်တယ်။ အဟဲ
ခင်မင်တဲ့
မကြီးလွမ်း
အဟားဟားးးးး လန်းတယ်ကအကြော်စားချင်စိတ်ပေါက်လာပြီ
နောက်ရက်ဆို အဝဝယ်စားလို့ရပြီကွ့
အပြန်ကျ ပါဆယ်ထုတ်ခဲ့မယ့်
ရင်ဆူး ပြောသလိုပဲ ရေသည်ပြဇတ်လိုမျိုး
ကွင်းကွင်းကွက်ကွက်ပဲ ငါ့မကြီးတော်လိုက်လေခြင်း
ဒီကဗျာလေးကို ကြယ်ပြာလဲ တော်တော်လေး သဘောကျမိတယ်။ ရင်ဆူးနဲ့ မကြီးလွမ်းကိုလဲ ကျေးဇူးနော် ... သူငယ်ချင်းတွေ ကွန်မန့်ဖတ်ပြီးတော့ ပါးစပ်ကြီးဖြီးနေတာ နားရွက်တက်ချိတ်တော့မယ် ... ဟီး ဟီး .... မောင်ငယ် ကိုဖြိုးလေးကိုလဲကျေးဇူးပါ ...
နှစ်ယောက်ပေါင်းတစ်ကဗျာပေါ့
အကြော်တောင်စားချင်လာပြီရေးတတ်တော့
ပြေးမြင်မိတယ်..
ကျွန်တော့ကိုလည်းအကြော်ရောင်းပါဦး..ဟက်ဟက်
ကဗျာလေးကောင်းတယ်ခင်ဗျ။ အကြော်သည်လေးကိုမျက်စိထဲမြင်ရောင်လာအောင်ရေးတက်တယ်။
ကောင်းလိုက်တဲ့ အရေး အသားဗျာ။ လာလည်ရင်းဖတ်သွားပါတယ်ခင်ဗျာ။
အမယ် အကြော်သည်ကြီးရေ...:)
ကဗျာလေး တော်တော်ကောင်းတယ်။ ရှင်းရှင်းလေးနဲ့ တကယ့်ဖြစ်တတ်တာလေးကို ရေးထားတယ်။
တအားသတိရနေတယ်ဆိုလို့. အပြေးလာတာနော့. အကြော်လေးတောင် မကျွေးဘူး
မငုံရေ ... စားသွား ... စားသွား ... အ၀သာစားသွား ....း)
၉တန်း ၊ ၁၀တန်း ပြန်ရောက်သွားသလိုပဲဗျ...:P
အကြော်သည်ကဗျာကိုဖတ်ရတာ စောဘွဲ့မှူးရဲ့ သီချင်းကို နားထောင်ရသလိုပဲ ဇာတ်လမ်းလေးကို မျက်စိထဲမှာတောင် မြင်လာတယ်...
စကားမစပ် ပုံထဲမှာပါတဲ့ မတ်ပဲဘယာကြော် အကွင်းလေးတွေကို လွမ်းလိုက်တာနော်...မစားရတာ ဆယ်နှစ်ရှိပြီကော...
Post a Comment