Sunday, May 24, 2009

ရေးချင်လွန်းလို့


ကျွန်မကို မောင်လေးတလနွန်ရယ်၊ မောင်လေးကိုရဲရယ်က ခေါင်းစဉ်တစ်ခုစီနဲ့တဂ်ထားတာပါ ... သူတို့နှစ်ယောက်လုံးအတွက် ပို့စ်ရေးချင်နေပေမယ့် အလုပ်ကြောင့် အာရုံတွေနောက်နေလို့ ရေးဖို့ ဘယ်လိုဈာန်မ၀င်ဘူးဖြစ်နေတာ ... ခုတော့ တဂ်ပို့စ် နှစ်ခုလုံးကို ပို့စ်တစ်ခုတည်းမှာပဲပေါင်းရေးလိုက်ပါတယ်နော ....

“ထားခဲ့ဖူးသောရည်းစားများ (တဂ်ပို့စ်)”

ဒီခေါင်းစဉ်ကို ခင်မင်ရသော မောင်လေး တလနွန်က တဂ်ထားတာပါ … ရေးဖို့စဉ်းစားတိုင်း ဘယ်လိုရေးရမလဲဆိုတာပြန်ပြန်တွေးနေတာနဲ့ပဲ မရေးဖြစ်ဘူးဖြစ်နေတာ …

ခုချိန်ထိရည်းစားမထားဖူးဘူးဆိုရင်လည်း ယုံကြမယ်မထင်သလို၊ ကျွန်မကလဲ အဲ့လိုမညာချင်ဘူးရယ် … ဒါပေမယ့် ရည်းစားတော့ တကယ်မထားဖူးဘူး … ချစ်သူတော့ထားဖူးတယ် …း) ချစ်သူနဲ့ရည်းစားဘာကွာလို့လဲဆိုရင်တော့ ကျွန်မသတ်မှတ်ထားတဲ့ ကွာခြားချက်က ရည်းစားဆိုတာ အပျော်၊ ချစ်သူဆိုတာအတည် … အတည်တော့ထားခဲ့တာပါပဲ … ဒါပေမယ့် အကြောင်းမသင့်တော့လဲ မပေါင်းဖြစ်ဘူးပေါ့ … ဘယ်နှစ်ယောက်ထားဖူးလဲဆိုတာထက် ကျွန်မဘ၀မှာ မှတ်မှတ်ထင်ထင်ဖြစ်ဘူးတဲ့ ယောက်ျားနှစ်ယောက်ရှိခဲ့ပါတယ် …

ပထမဆုံးတစ်ယောက်က ကျွန်မထက် အသက်နှစ်နှစ်ကြီးသော ကျွန်မရဲ့သူငယ်ချင်းပါ …
သူကကျွန်မကို သိပ်ချစ်တယ်လို့ခံစားလာရတဲ့အချိန်မှာ သူ့ကိုလဲကျွန်မ နှစ်နှစ်ကာကာပြန်ချစ်သွားပါတယ် .. ကျွန်မထားခဲ့ဖူးတဲ့အထဲမှာ ချစ်သူသက်တမ်းအကြာဆုံးသူတစ်ယောက်ပါ … သူကစိတ်ကောင်းဝင်ရင် ကျွန်မကို “ကလေး” လို့ခေါ်လေ့ရှိပြီး .. များသောအားဖြင့်တော့ နာမည်ရှေ့မှာ “ဒေါ်” တပ်ပြီးခေါ်လေ့ရှိပါတယ် … သူနဲ့ကျွန်မနဲ့အကြောင်းကို ဒီမှာ ရေးဖူးပါတယ် …

ဒုတိယတစ်ယောက်က ကျွန်မထက် တစ်လသာကြီးသော သူငယ်ချင်းတစ်ယောက်ပါပဲ … ချစ်သူမကျ၊ သူငယ်ချင်းမကလို့ပြောရမယ်ထင်ပါရဲ့ …. ကျွန်မကို သိပ်နားလည်လွန်းသော၊ ကျွန်မဘ၀မှာ မမေ့နိုင်သော၊ ကျွန်မအချစ်ရဆုံးသော ယောက်ျားတစ်ယောက်ကိုပြပါဆိုရင် သူ့ကိုပဲပြရမှာပါ …. သူကတော့ ကျွန်မကို “ဖိုးအိလေး” လို့ခေါ်လေ့ရှိတယ် … သူနဲ့အကြောင်းကိုတော့ ၀တ္ထုတစ်ပုဒ်လိုရေးသားခဲ့ဖူးပါတယ် …

မှတ်ချက်။ ။ ဒီ “ထားခဲ့ဖူးသောရည်းစားများ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပဲ မောင်လေးကိုရဲကိုရေးပေးဖို့တောင်းဆိုပါတယ် ...

“အတွေ့ချင်ဆုံးသော(၁၀)ယောက် (တဂ်ပို့စ်)”

၁။ ကျွန်မကိုတဂ်ထားသော မောင်လေးကိုရဲ
ကျွန်မနဲ့သူနဲ့က ဘလော့ပေါ်မရောက်ခင်ကတည်းက ning ဆိုဒ်တစ်ခုမှာရင်းနှီးခဲ့တာပါ … ကျွန်မကို တခါတလေ အလွန်နားလည်ပေးတတ်ပေမယ့်၊ တခါတရံ ဂျစ်ကန်ကန် ဘုကျကျတွေဆက်ဆံတတ်သော ကျွန်မသိပ်ခင်တဲ့မောင်လေး တစ်ယောက်မို့ပါ ….

၂။ ဆိုးသွမ်း
တစ်နေ့မှာ “ငါတို့တိုင်းပြည်လေးမှာ” ဆိုတဲ့ကဗျာလေး တစ်ပုဒ်ပါတဲ့မေးလ်တစ်စောင် ကျွန်မစာတိုက်ပုံးထဲကို ၀င်လာပါတယ် … ဒီကဗျာလေးကို ဖတ်မိတော့ ကျွန်မအရမ်းသဘောကျသွားပြီး လင့်ခ်လေးလဲပါတော့ သူရေးတဲ့ကဗျာတွေ ဘာတွေများရှိဦးမလဲဆိုပြီး ဖတ်ချင်လာတာနဲ့ လိုက်သွားပါတယ် .. ကျွန်မ ပထမဆုံးဖတ်ဖြစ်တဲ့ဘလော့က ဆိုးသွမ်းရဲ့ဘလော့ပါ … တစ်နေ့ကို အနည်းဆုံးတစ်ခေါက်လောက်မှ ဒီဘလော့ကိုမကြည့်ရရင် မနေနိုင်အောင်ကိုဖတ်ဖြစ်တဲ့ ဘလော့လေးတစ်ခုပါ … သူရေးတဲ့စာတွေကိုဖတ်ပြီး သူ့ကိုတွေ့ချင်မိပါတယ် …

၃။ ကိုဝင်းဇော်နေမင်းသံစဉ်မောင်မျိုး
ကျွန်မစာတွေစရေးတဲ့အချိန်မှာ ကျွန်မဘလော့ကို အမြဲလာဖတ်ပြီး ကျွန်မအတွက် ကွန်မန့်တွေပေးခြင်းဖြင့် အသစ်တွေရေးဖို့ အားအင်တွေပေးတဲ့ အမြဲတမ်းစာဖတ်ပရိတ်သတ်တွေ ဖြစ်ခဲ့လို့ သူတို့ကိုလဲ တွေ့ချင်မိပါတယ် …

၎။ မိုးမြင့်တိမ်
ကျွန်မက ကဗျာတွေကို ချစ်တဲ့သူတစ်ယောက်မို့လို့ ကဗျာရေးတဲ့ဘလော့တော်တော်များများကိုလဲ လည်ပြီးဖတ်ဖြစ်ပါတယ် … ဘ၀ကဗျာတွေရေးတဲ့နေရာမှာရယ် .. ကဗျာထဲက စကားလုံးသုံးတဲ့နေရာမှာရယ် သိပ်ကောင်းလွန်းလို့ ခဏခဏ မွှေနှောက်ဖတ်မိတဲ့ဘလော့လေးတစ်ခုပါ … ကျွန်မနှစ်သက်သောကဗျာဆရာမို့တွေ့ချင်မိပါတယ် …

၅။ ဇော်ထက်
ကျွန်မ အွန်လိုင်းပြန်စသုံးတဲ့အချိန်မှာ ပထမဆုံးခင်ခဲ့တဲ့ သူငယ်ချင်းလေးပါ …. နောက်တော့ သူ့မှာလဲ ဘလော့လေးရှိတယ် လာဖတ်ဆိုတာနဲ့ အသစ်တင်တိုင်းသွားဖတ်ဖြစ်ပါတယ် … သူနဲ့ကတော့ မကြာမကြာလဲ စကားများ ရန်ဖြစ်လေ့ရှိပါတယ် …

၆။ နေမင်းညို
သီချင်းအဆိုကောင်းသော၊ သည်းခံတတ်လွန်းသော ကျွန်မရဲ့သူငယ်ချင်းလေးပါ …. သူ့ကိုလဲ ဘလော့စမလုပ်ခင်ကတည်းကခင်ခဲ့တာပါ … ခုတော့ သူလဲ ဘလော့မရေးဖြစ်တာကြာပါပြီ ….

၇။ တလနွန်
Ning ဆိုဒ်တစ်ခုမှာ ကျွန်မရေးတဲ့ပို့စ်လေးကို ကွန်မန့်ပေးရာကနေစခင်ခဲ့ တာပါ … ခုချိန်ထိလဲ ဆက်လက်ခင်မင်နေဆဲ စာရေးကောင်းတဲ့ သူငယ်ချင်းလေးတစ်ယောက်မို့တွေ့ချင်မိပါတယ် ….

၈ - ၁၀ ။ မချစ်ရကောင်းကင်ပြာမငုံ
မချစ်ရနဲ့တော့ ရန်ကုန်ပြန်တုန်းက သွားတွေ့ပြီးပါပြီ … ပွင့်လင်းသွက်လက်ပြီး ခင်ဖို့ကောင်းတဲ့သူလေးပါ …
မကောင်းကင်ပြာနဲ့ မငုံကိုတော့ စာရေးဟန်လေးတွေက ပွင့်လင်းရိုးသားပြီး စိတ်ထဲကလဲ အလိုလိုကိုခင်မိလို့မို့ အခွင့်ရမယ်ဆိုရင် တွေ့ချင်မိပါတယ် ….

14 Comments:

မိုးစက်အိမ် said...

မကြယ်ပြာ ရေ အပျိုကြီးတော. မလုပ်နဲ.နော်
အမ ရေ... အထီးကျန်တယ်ဗျ...ဟီးးးးးးး
စတာနော် စိတ်ဆိုးနဲ. .......

Anonymous said...

တွေ့ချင်တဲ့ ထဲမှာ ထည့်ပေးထားတဲ့အတွက် ကျေးဇူးပါဘဲဗျာ။
အဆင်ပြေပျော်ရွှင်ပါစေ

ကိုရဲ said...

ငါ့အစ်မရေ ။ ရောက်လာတရ်နော် ။ ခုလိုရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတရ် ။ တွေ့မယ်လို့ယုံကြည်နေမိပါတရ် ။

(ကိုရဲ)

တလနွန် said...

ကျွန်တော် တဂ်တဲ့ပိုစ့်ကို နည်းနည်းပဲရေးပေးတရ် မကျေနပ်ဘူးးးးးးးးးး
ကျွန်တော့်ကို တွေ့ ချင်တဲ့ဆယ်ယောက်မှာ ထဲ့ပေးတဲ့
အတွက် ရှဲရှဲ ....တွေ့ ရင် မုန့် ဝယ်ကျွေး (သူများ
ဘလော့အိမ် လာပြီး ငတ်ကြီးကျနေတာ အဟတ်)
“တစ်စုံတစ်ယောက် ကိုယ့်ကို ခင်မင်တယ်ဆိုတာ
တန်ဖိုးမဖြတ်နိုင်တဲ့ လောကလက်ဆောင်လို့ 
ကျွန်တော် ယုံကြည်တယ်”
ဒါကြောင့် အားလုံးအတွက် တကယ် ကျေးဇူးတင်ပါတယ်......

ခင်မင်ခြင်းနှင့်
တလနွန်

ကောင်းကင်ပြာ said...

တို့တွေလဲ တွေ့ချင်ပါတယ် ညီမရေ၊ တနေ့နေ့ပေါ့

ကိုလူထွေး said...

ဖတ်ချင်လွန်းလို့ ...

ကိုလူထွေး said...

ဖတ်ချင်လွန်းလို့ လာတာ ဖတ်သွားတာပေါ့...
နှစ်ပုဒ်လုံး...

ကိုလူထွေး said...

ဖွက်ထားတဲ့ "ဒီမှာ" ဆိုတဲ့ ပိုစ့်ကို ဖတ်ပြီး မန့် ခဲ့တယ်။

ကိုလူထွေး said...

ဒုတိယ ဝတ္ထုကိုလဲ အထင်တကြီးနဲ့  ဖတ်သွားတယ်... မန့် လည်းမန့် ခဲ့တယ်။

ဘာလို့ အဲဒါမျိုးတွေ ထပ်မရေးတာလဲ...
စိတ်ကူးယဉ်ဇာတ်လမ်းလေးမျိုး ဖြစ်ဖြစ်ပေါ့...

ကြယ်ပြာ said...

ကိုလူထွေးရေ .. စိတ်ကူးယဉ်ပြီးရေးချင်တာပေါ့ ... မရေးတတ်လို့ပါ ... ဖွက်ထားတာလေးတွေအကုန်ဖတ်သွားလို့ ကျေးဇူးပါ ...

ကိုလူထွေး said...

ဒါဆိုလဲ ချစ်သူတစ်ယောက်လောက် ထားလိုက်ပေါ့...

မငုံ said...

ကြယ်ပြာရေ..တွေ့ချင်တဲ့ စာရင်းလေးမှာ မြင်လိုက်ရလို့ ၀မ်းသာရပါတယ်။ တို့ညီအမတွေ တွေ့ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကြယ်ပြာလိုပဲ စကတည်းက စိတ်ထဲကနေ ခင်မင်နေတာပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

flowerpoem said...

မကြယ်ပြာတွေ့ချင်သူများနှင့် အမြန်ဆုံးဆုံတွေ့နိုင်ပါစေရှင် . . .

အိုက်ခီလောက် said...

အမ် တွေ့ ချင်တဲ့အထဲမှာ အနော့ပါဖူးပေါ့
အဟင့် ဝမ်းနည်းသွားတာပဲ
စလုံးရောက်ရင် လာမတွေ့ တော့ဘူး
မျက်နှာလိုက်တယ် ကိုရဲတော့တွေ့ ချင်တယ်
အနော့ကသူ့ နဲ့ လိုက်ခဲ့မှာ