ကျွန်မတို့ရန်ကုန်မှာ လူချမ်းသာတွေကလွဲရင် ကျန်လူတန်းစားတွေက လိုင်းကားကို အဓိကထားကြရတာလူတိုင်းအသိပါ … ဆိုတော့ မိန်းခလေးတွေအတွက် လိုင်းကားစီးရတာ အန္တရာယ်များပါတယ် … ကားပေါ်မှာ အသားယူလိုတဲ့ သကောင့်သားတွေကလဲ အများသားမဟုတ်လား(မြင်ဖူးသလောက်ကတော့ သက်ကြီးပိုင်းတွေများပါတယ်) … တချို့ကလဲ မသိမသာ၊ တချို့ကလဲ သိသိသာသာမို့ ကိုယ့်ဘာသာအဆင်ပြေသလိုလေးကြည့်ရှောင်ကြရပါတယ် … ကျွန်မလဲ လူချမ်းသာတစ်ယောက်မဟုတ်ရလေတော့ လိုင်းကားပဲတိုးစီးရတာပေါ့ရှင် ....
တစ်နေ့မှာ ကျွန်မက (၃၄)ဒတ်ဆန်းကားအပုလေးကိုစီးပြီး မြို့ထဲသွားပါတယ် … အဲ့ဒီကားသေးသေးလေးတွေက တစ်ဘက်ကို လူ(၆)ယောက်ထိုင်စေပါတယ် … မထိုင်ရင် စပါယ်ယာတွေ အပေါက်ဆိုးသံကို နားမခံသာအောင်ကြားရလေ့ရှိတယ် … လူ(၆)ယောက်ဆိုတော့ သိတဲ့အတိုင်း တစ်ယောက်က အပြင်နည်းနည်းထွက်နေတယ် … ပြီးတော့ အလယ်ကခုံတွေလဲ ရှိသေးတော့်ထွက်နေတဲ့သူက ဘယ်လိုမှထိုင်ရအဆင်မပြေဘူးပေါ့ … အရပ်ရှည်ရင် သာဆိုးသေး … ကျွန်မကတော့ ကားခေါင်းနဲ့ကပ်လျက် ထိပ်ဆုံးမှာ လွယ်အိတ်လေးပေါင်ပေါ်တင်ပြီး ခပ်ကုပ်ကုပ်လေးထိုင်နေတာပေါ့ … ကျွန်မဘေးမှာ အစ်ကိုကြီးတစ်ယောက်ထိုင်တယ် … သူက ဘေးမှာ မိန်းခလေးရှိတော့ အားနာတယ်ထင်ပါရဲ့ ထိုင်တာ ကျံုံ့ကျုံလေးရယ် ဆိုပြီး ကျွန်မက စိတ်ထဲက ချီးကျူးနေတာ … နောက် ကားလဲစထွက်ရော သူက တတွန့်တွန့်ဖြစ်လာရော …. ကားလှုပ်လေ တွန့်လေဆိုတော့ ဒီလူဘာဖြစ်နေလဲဆိုပြီး မသင်္ကာဖြစ်လာမိတယ် … ပြီးတော့ သူက ကျွန်မကိုလဲ တစ်ခုခုပြောချင်သလိုလို လှမ်းလှမ်းကြည့်တယ်လေ .. ကျွန်မပုံစံကလဲ ၀တုတ်တုတ် ပါးဖောင်းဖောင်းနဲ့ဆိုတော့ အမြဲ အစခံရတော့ ငါ့ကိုများစမလို့လားဆိုပြီး မျက်နှာကိုတင်းထားလိုက်တာပေါ့ … ဟွန်း … ဘယ်ရမလဲ ကြယ်ပြာပဲနော့ ….
နောက်တော့ သူက ကျွန်မကို စကားစပြောပါလေရော …
အစ်ကိုကြီး - “ညီမ … ညီမ”
ကြယ်ပြာ - “ဘာလဲ ….” (စူပုပ်ပုပ်မျက်နှာထားဖြင့်)
သူက နည်းနည်းရှိန်သွားတဲ့ပုံဖြစ်သွားတယ် .. ဒါပေမယ့် ဆက်ပြောတယ် …
အစ်ကိုကြီး - “ ဟိုလေ …. ညီမလေးအိတ်က စူးတယ် .. ”
ကြယ်ပြာ - “ ဟမ် … ဘာစူးတာလဲ … ဘာမှမလုပ်ဘူး ” (ဇဝေဇ၀ါမျက်နှာထားဖြင့်)
အစ်ကိုကြီး - “ဒီမှာလေ ညီမရယ် … ဒီမှာ .. .အစ်ကိုလဲ အောင့်ခံပါသေးတယ် … ခုက နာလွန်းလို့ပါ ” တဲ့ဆိုပြီး ကျွန်မအိတ်နဲ့ သူ့ဒူးခေါင်းထိနေတဲ့ နေရာကို ကိုင်ပြလိုက်မှ ကြယ်ပြာတို့သဘောပေါက်တော့တယ် …
ကျွန်မက အဲ့ဒီနေ့မှ အိတ်ထဲမယ် ထောက်ချွန်ထည့်လာမိတာ … သူ့ခမျာ တော်တော်လေးနာသွားရှာမယ် ….
“အစ်ကိုကြီးရယ် ဆောရီးပါ … ညီမလဲ သတိမထားလိုက်မိလို့ပါ” ဆိုပြီး အားနာနာနဲ့ တောင်းပန်ခဲ့ရတယ် …. ဟီး ….
Mero Yatra နီပေါသွား တောလား - ၆
-
၂၀၂၄ နိုဝင်ဘာ ၁၆ Kurintar မှာတည်းတဲ့ Summit River Lodge ဘေးမှာ Trishuli
မြစ်လေး စီးဆင်းနေတယ်။ တောင်ခိုးတွေနဲ့ မှုန်ရီမှိုင်းပြီး
နေပျောက်မထိုးနိုင်ဘူး လွ...
6 days ago
11 Comments:
မကြယ် ကတော. ဖြစ်ရမယ်...ဟီးးးးးးးးးးးးး
ရယ်ရတယ်အမရေ....ကားပေါ်က ဟာသ(၁) ဆိုတော့
နောက်ဆက်မဲ့ (၂)(၃)ကိုလည်း မျှော်နေပါမယ်
ခင်မင်ခြင်းနှင့်
တလနွန်
ကြယ်ပြာလေးရယ်။ ဖတ်ရင်းနဲ့ ရင်မောလိုက်တာ။ အဆုံးသတ်ကောင်းလို့ တော်သေးတာပေါ့။
ကြယ်ပြာလေးရဲ့  အတွေးလဲ မဆိုးဘူးနော်။ စာဖတ်တဲ့သူတွေကို လှည့်စားနိုင်စွမ်းရှိတယ်။
ကြယ်ပြာလေးရော ကြယ်ပြာ့အမေရော မိသားစုအားလုံးရော ကျန်းမာပျော်ရွှင်နိုင်ပါစေ။
ခင်မင်လျက်။
အော
မမကြယ်ပြာက သူများကို ခံစားရအောင် သွားလုပ်သကိုး။ :D
ရယ်ရတယ်အစ်မရေ
နောက်ဆက်တွဲကိုမျှော်နေလျှက် :)
တော်သေးတာပေါ့ ဒူးရင်းသီး မထည့်လာလို့
သြော... သူ ကျုံ့ ထိုင်နေတာ ဒါ့ကြောင့်ကိုး...
အတော်နောက်တဲ့ ကြယ်ပြာ
ကြိုတင် ကြံစဉ်မှုပဲ ဖြစ်ရမယ် ။ :P
နောက်ဆက်တွဲများ မျှော်ရင် ........
ဟိုလူတော့ တော်၂စူးသွားမယ် ဟား၂
ဟားဟားဟား .. ရီရတယ် .. :D
အင်း ငြိမ်းချမ်းတို့ပြောတာမှတ်မိသေး ။ မိန်းခလေးတွေ ကားပေါ်တက်ရင် အပ်ကိုဆောင်ထား ။ နောက်ကနေဘာဖြစ်ရင် ဘာလုပ်ဆိုလား ။ အဲဒါကြောင့် ငါ့အစ်မက သေချာအောင်ကိုထောက်ဆူးထည့်ထားတာကိုး ။ မှတ်သားလောက်ပါပေရဲ့  ။
(ငရဲ) အိပ်ချင်မူးတူးမန့်ချိန်
Post a Comment