Tuesday, May 19, 2009

ကြယ်ပြာရဲ့အလွဲ


လွန်ခဲ့သော နှစ်ရဲ့နေ့လေးတစ်နေ့ကပေါ့ကွယ် ….. ပုံပြောမလို့မဟုတ်ဘူးနော် ….
တကယ့်ဖြစ်ရပ်မှန်ပြောပြမလို့ …. ဖတ်ပြီးတော့ မရယ်ကြနဲ့ဦး ….

ဆက်ရမယ်ဆိုရင် …. အဲ့ဒီနေ့လေးတစ်နေ့ကပေါ့ … ကြယ်ပြာတစ်ယောက် သူငယ်ချင်းအစ်ကိုကြီးတစ်ယောက်နဲ့ ရထားစီးဖို့အလာမှာ ဘူတာကို ဆင်းတဲ့ စက်လှေကားအရှည်ကြီးတစ်စင်းကနေ ဆင်းလာရောဆိုပါတော့ … ဘူတာနာမည်တော့ မမှတ်မိတော့ဘူးရယ် … ကြယ်ပြာက ဘိနပ်ပါးပါးလေးစီးထားတယ် … ပါးပါးလေးမှ တကယ့်ပါးပါးလေး ….

စက်လှေကားအဆုံးမှာ စက်လှေကားပျက်ရင် ဖွင့်ပြင်ရတဲ့ အံဖုံးလေးတွေရှိတယ်လေ …. အဲ့ဒီအံဖုံးလေးတွေမှာ အဖုံးဖွင့်ဖို့ထားတဲ့ အပေါက်ရှည်မျောမျော သေးသေးလေးတွေနှစ်ခုတောင်ရှိတယ် …. အဲ့ပေါ်ရောက်လဲရောက်ရော ဘယ်ကနေ ဘယ်လို အဲ့အပေါက်လေးထဲကို ဘိနပ်ထိပ်ဦးက ၀င်သွားလဲမသိပါဘူး … ခြေထောက်ကို ဆောင့်ဆွဲလိုက်သလို တုံ့ကနဲဖြစ်သွားပြီး … ဘိုင်းကနဲပစ်လဲပါလေရော …. “အား ……. ” လို့တောင် မအော်နိုင်ဘူး … အွတ်ခနဲတော့မြည်သွားသလိုလိုပဲ … တော်တော်ရင်နာသွားတယ် … မှောက်လျက်ကြီးလဲလို့လေ …. ဟီး ဟီး … အနားကလူတွေကတော့ အုန်းကနဲ အသံကြီးကြားတော့ လန့်ဖြတ်ပြီး လှည့်ကြည့်ကြတာပေါ့ … ကိုယ်ကတော့ ရှက်တာရော ချက်ခြင်းမထနိုင်တာရောပေါင်းပြီး ကြမ်းပြင်မှာ မှောက်လျက်ကြီး ခဏမှိန်းနေပစ်လိုက်တယ် …. အိပ်လို့တော့ အကောင်းသား … :P

ဘေးက အစ်ကိုကြီးကတော့ ကိုယ်လဲတဲ့ပုံရော ပေပြီးမှောက်လျက်ကြီးကမထတာကိုရော ကြည့်ပြီး ထရမလို ထူရမလို ထိုင်ရမလိုနဲ့ နောက်ဆုံးတော့ တဟားဟား နဲ့ရယ်ပါလေရောလေ …. မထူနေပေါ့ ကိုယ်ဘာသာကိုယ်ထမယ်ဆိုပြီး ထတော့ ဒူကကွေးမရဘူးနာနေတာနဲ့ … ဟီး အဲ့တိုင်းထလိုက်တာ မသိရင် အမ်အာတီလာပြီး ဒိုက်ထိုးနေတယ်တောင် ထင်ကြဦးမယ် …. ဘယ်သူတွေများမြင်သွားမလဲဆိုပြီး နောက်လှည့်ကြည့်တော့ … လှေကားပေါ်မှာ ကုလားအုပ် …. ၁၀ ယောက်လောက်ရှိမယ် … အိုး … ရှက်လိုက်တာ ဆိုပြီးရှေ့တည့်တည့်ကို ကြည့်လိုက်တော့ ပိုဆိုးသွားတယ် .. စစ်ကျူရတီကင်မရာကြီးက ကိုယ့်တည့်တည့်ချိန်ရက်သားကြီး ….. ဒီလိုမှန်းသိ လဲလဲခြင်းချက်ခြင်းထပါတယ် …. ခုတော့ မှတ်တမ်းတောင်ဝင်သွားသေးတယ် …

13 Comments:

သားကြီး said...

အဲဒီမှတ်တမ်းကင်မရာ youtubeကနေကြည့်လို့ရရင်မိုက်မယ်
မမကြယ်ပြာ“ဘိုင်း”ကနဲပစ်လဲကျတာကိုကြည့်ချင်နေလို့... :P

မိုးစက်အိမ် said...

မကြယ်တို.ကတော.လေ လုပ်လိုက်ရင်
တွတ်ပီ နဲ.ဘာတော်လဲ မသိဘူး...
ဒီနေ.ကံမကောင်းပါလား ဆိုတာကြီးဘဲ
အဟက် အဟက် ( ရီသံ ) :P

မငုံ said...

:) ဖြစ်ရလေ။ " ဘိုင်း" ဆိုပြီး ပစ်လဲပုံလေး အီစလံဝေနေနတဲ့ မျက်နှာလေးနဲ့ မှောက်ရက်ဖြစ်နေတဲ့ ပုံကို မြင်ယောင်တယ်။။

ကောင်းကင်ပြာ said...

ဒီ အလွဲကတော့ သိပ်မကောင်းဘူးညီမလေး ၊ အန္တရယ်များတယ်၊ နောက် သတိထားနော်

ကိုလူထွေး said...

မြို့ ထဲမှာလဲ ကုလားအုပ်တွေ ရှိတာပဲလားးး
ကြည့်ရတာ ဆာဟာရနားမှာ နေတယ်ထင်တယ်...

mgnge said...

ကင်မရာနဲ့ ရိုက်ခံရတာ နည်းသလား...။
:P

သူကြီးမင်း (တုံးဖလား) said...

ကြယ်ပြာရဲ့  အလွဲ ဟုတ်ဘူး။ ကြယ်ပြာလေးရဲ့  အလဲပါ။
ဟဲ ဟဲ။ လဲတာမှ မှောက်ရက်ကြီးတဲ့။
မျက်စိထဲ မြင်ယောင်မိသေးတယ်။ စီစီတီဗီ မှတ်တမ်းလေးကို ကြည့်လို့ရရင် ကြည့်လိုက်ချင်စမ်းပါဘိ။

ပျော်ရွှင်ပါစေ။

တလနွန် said...

အမ တော့ လုပ်ပြန်ပြီး။“ နည်းနည်းလေးတော့ လွဲနေတယ်...လွဲလွဲလေးလည်း ကောင်းပါတယ်”
သီချင်းထဲက သရုပ်ဆောင်ထားတဲ့ မင်းအုပ်စိုးအတိုင်းပဲ။
ပျော်ရွင်ပါစေဂျာ

ခင်မင်ခြင်းနှင့်
တလနွန်

ကိုရဲ said...

း( လွဲတတ်ပါ့ပေ့ ငါ့အစ်မရယ် ။ တော်သေးတာပေါ့ ကင်မရောရှေ့မို့ ။ ဟီးးးးး ။ ဒီလိုမှတ်တမ်းမျိုးကရှားပါတရ် ။ နောက်ရက်လည်း များများပါနိုင်အောင်ကြိုးစားနော် မကြီး ။

(ကိုရဲ)

flowerpoem said...

မှတ်တမ်းဝင်တာနည်းတဲ့ အရည်အချင်းမဟုတ်ဘူး ကြယ်ပြာရေ .. နောက်ဆို လှ၂လေး လဲနော် ချော်လဲရင် ဟီး

မြစ်ကျိုးအင်း said...

မှတ်တမ်းတင်ခံရတယ်ဆိုလို့....ဂုဏ်ယူပါတယ်...။
ခဏခဏတော့...မှတ်တမ်းတင်မခံပါနဲ့နော်..။
ဒီပို့စ်လေးဖတ်ရတာ အကျိုးရှိတယ်ဗျ။ MRT မှာလဲခဲ့ရင်
မြန်မြန်ထရမယ်...အပေါ်မှာ ကင်မရာ ရှိ၏

mgngal said...

မတွေးရဲ စရာပဲ ။ ဟီး
ဂရုစိုက်ပါ အစ်မရေ ။

သက်ထား said...

har har :) my lovely sis