Wednesday, May 6, 2009

ဝန်ခံခြင်း

နာကျင်စေတော့ရယ်လို့ မရည်ရွယ်ခဲ့ပါဘူး
ပိုင်ဆိုင်တာဆိုလို့ စကားလုံးတွေပဲရှိတာမို့
ရိုးသားစွာ ကြဲချလိုက်မိတာပါ ….
ပါသွားတာဆိုလို့
စကားလုံးတွေမှာ စွန်းပေနေတဲ့
ချစ်ခြင်းရဲ့ အရိပ်တွေပဲရှိမယ်ထင်ပါရဲ့ ….

တကယ်ပါ
ခံစားရပါစေတော့ရယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး
အယူခံဝင်ပေးဖို့လိုမယ်ဆိုရင် အချိန်မရွေးပြောလိုက်ပါ
ငါ့နှလုံးသားကို ချခင်း မင်းနင်းဖို့အတွက်ဆိုရင်
ငါ့နှလုံးသွေးနဲ့ ပန်းတစ်ခင်းဖန်ဆင်းပေးနိုင်ပါတယ် …

12 Comments:

သားကြီး said...

စကားလုံးတွေမှာ စွန်းပေနေတဲ့
ချစ်ခြင်းရဲ့အရိပ်တွေပဲရှိပါတယ် ဟုတ်ပါတယ်
သဘောပေါက်တယ် ခံစားရပါသည်ဗျို့ :)

ကိုလူထွေး said...

အပြတ်ခံစား ထားတာဆိုတော့လဲ
နောက်ပြောင်ပြီး မရေးတော့ပါဘူး...

ထပ်တူခံစားရပါတယ် ဘာညာဆိုလိုက်တော့
ရေးရတဲ့သူ ဖီးမငုပ်တော့ဘူးပေါ့...

ဆက်လုပ် ရဲဘော်

းဝ)

Anonymous said...

ယုံကြည်ပါတယ်ဗျာ၊အဲဒီလောက်ထိချစ်တယ်ဆိုတာ
အဆင်ပြေပျော်ရွှင်ပါစေ

ကိုလူထွေး said...

"ငါ့နှလုံးသားကို ချခင်း မင်းနင်းဖို့အတွက်ဆိုရင်
ငါ့နှလုံးသွေးနဲ့ ပန်းတစ်ခင်းဖန်ဆင်းပေးနိုင်ပါတယ်"

အဖွဲ့ အနွဲ့ က တကယ်ထိမိတာပါ...

နောက်ချင်နေတဲ့ အားများသွားလို့ :P

မငုံ said...

ကောင်းလိုက်တဲ့ ကဗျာလေး။။
ထပ်တူခံစားသွားပါတယ်။

တလနွန် said...

ကဗျာလေးက ချိုမြိန်ပါတရ်။ ခံစားချက်တွေနဲ့  ကြဲထားတဲ့ ကဗျာ အပိုင်းအစလေးတွေကို လာခံစားသွားပါတရ် အမရေ...

ခင်မင်ခြင်းနှင့်
တလနွန်

Unknown said...

ကောင်းလိုက်တဲ. ကဗျာလေးဗျာ...

mgnge said...

ကဗျာကောင်းလေး ပဲဗျာ

အိုက်ခီလောက် said...

အမရေ ကြိုက်တယ်

စကားလုံးတွေမှာ စွန်းပေနေတဲ့
ချစ်ခြင်းရဲ့ အရိပ်တွေပဲရှိမယ်ထင်ပါရဲ့ ….

ဒါလေးတော့ကြိုက်တယ်အမရ
ခံစားသွားပါတယ်ဗျာ
အဆင်ပြေပါစေလို့ 

ကိုရဲ said...

ဖတ်သွားပါတရ် ။ ကျေနပ်ပျော်ရွှင်နိုင်ပါစေ ။

(ကိုရဲ)

the su said...

မရေ ကဗျာလေးကကောင်းလိုက်တာ

ဇော်မင်းထွန်း said...

ကောင်းလိုက်တာဗျာ.....