Saturday, May 9, 2009

ကျွန်မနှင့် အင်တာဗျူးများ


ကျွန်မချစ်သော ကျွန်မရဲ့သူငယ်ချင်းတွေက ဖုန်းနဲ့တစ်မျိုး၊ မေးလ်နဲ့တစ်ဖုံ၊ အက်စ်အမ်အက်စ်နဲ့တစ်လီ၊ စီဘောက်စ်က တစ်သွယ်နဲ့ ဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ၊ အခြေအနေဘယ်လိုလဲလို့ မေးကြပါတယ် ....
ကျွန်မ ခုတလော အင်တာဗျူးတွေနဲ့ နဘမ်းသတ်နေရလို့ ပို့စ်လဲ ကောင်းကောင်းမတင်နိုင်ပါဘူး … ခုတော့ ကျွန်မရဲ့အင်တာဗျူးကိစ္စတွေပြီးသွားပြီမို့လို့ အချိန်ရရင် ရသလိုပို့စ်ပြန်တင်ပါတော့မယ် …

ကျွန်မတို့ အလုပ်ကနေ စာချုပ်သက်တမ်းပြည့်တော့ သက်တမ်းထပ်မတိုးတော့ဘူးလို့ခေါ်ပြောတဲ့နေ့က ကျွန်မစိတ်အတော်ညစ်သွားပါတယ် … ခုချိန်မှာ အလုပ်ပြန်ရှာရတာ တော်တော်လေးခက်မယ်ဆိုတာ ကျွန်မသိနေလို့ပါ … နောက်ပြီး အင်တာဗျူးတွေဝင်ရတာ သူများတွေတော့ မသိဘူး ကျွန်မတော့ တော်တော်လေးစိတ်ညစ်ပါတယ် … အရင်ဆို အလုပ်ရှာရတာ သိပ်မခက်ခဲတဲ့အပြင် အင်တာဗျူးလေး နှစ်ခု သုံးခုဝင်လိုက်တာနဲ့ အလုပ်က ချက်ခြင်းရတတ်ပါတယ် …ခုတော့ ကုမ္ပဏီ တစ်ခုကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေနဲ့ ၀င်လိုက်ရတဲ့ အင်တာဗျူးတွေဆိုတာ မနည်းပါဘူး … အလုပ်သစ်ကို နှစ်လလောက်ပြန်ရှာလိုက်ရပြီး Last minute မှာ အလုပ်ပြန်ရသွားပါတယ် …Last minute ဆိုတာကလဲ အလုပ်သာပြန်မရခဲ့ရင် ကျွန်မ ဒီနေ့ ရန်ကုန်ပြန်ရတော့မှာပါ …မနေ့က MOM မှာ နေထိုင်ခွင့် သက်တမ်းသွားတိုးတာ နှစ်ပတ်ထပ်ရခဲ့ပါတယ် … နောက်အပတ်ထဲ Pass က Approve ဖြစ်မယ်ဆိုရင်တော့ နောက်အပတ်ထဲ အလုပ်စဆင်းရတော့မှာပါ ….

ကျွန်မတွေ့ခဲ့တဲ့ အင်တာဗျူးတွေမှာ လူတွေ့၊ စက်ဖြေ (သို့) လူတွေ့၊ ရေးဖြေ (သို့) မေးလ်တွေ့၊ ဖုန်းတွေ့၊ လူတွေ့ စသဖြင့်တွေပါပါတယ် … ကျွန်မ မကြိုက်ဆုံးက စာရွက်ပေါ်မှာ Coding တွေချရေးခိုင်းတာပါပဲ … ကျွန်မက Syntax တွေအားလုံးအလွတ်မရတော့ အခက်အခဲဖြစ်ရပါတယ် …

ပထမဆုံးဝင်တဲ့ကုမ္ပဏီက System Analyst လျှောက်တာကို Java Question တွေဖြေခိုင်းပါတယ် … ကျွန်မက C#.Net နဲ့ပြောင်းဖြေခဲ့ပါတယ် … ကျွန်မကို လူတွေ့မေးမယ့် မန်နေဂျာက အရေးကြီးကိစ္စနဲ့ အပြင်သွားတာ အချိန်မှီပြန်မရောက်လို့ ကျွန်မ လူတွေ့မဖြေခဲ့ရတဲ့အပြင်ဖုန်းပြန်ဆက်ဆိုလို့ ဆက်ပြန်တော့ ကောင်းကောင်းမဖြေပဲ ဖုန်းချသွားပါတယ် …

ဒုတိယတစ်ခုကတော့ ကျွန်မ J2ME ရတယ်ဆိုလို့ စိတ်ဝင်စားလို့ခေါ်တာပါ … သူတို့ သုံးတာက Highest Technologies တွေတဲ့ ကျွန်မက အကုန်တော့လဲ ဘယ်သိပါ့မလဲ … သူမေးတဲ့ မေးခွန်းတော်တော်များများကိုမဖြေနိုင်ခဲ့လို့ မရပါဘူး …

သုံးခုမြောက်က ကျွန်မ နှုတ်ဖြေအကုန်ရပြီး ရေးဖြေအကုန်မရခဲ့ပါဘူး ..

လေးခုမြောက်ကကျတော့ သူတို့လိုချင်တာ Analyst Role ကိုနိုင်မယ့်သူ … ကျွန်မက Developer ဘက်ကို အားသန်သူဆိုတော့ မရပြန်ပါဘူး .. အဲ့ဒီမှာတော့ ရေးဖြေဖြေရတယ် .. ကျွန်မ ၈၀% လောက်တော့ဖြေနိုင်တယ်လို့ ကိုယ့်ကိုကိုယ်ထင်တာပါပဲ …
မေးခွန်းသုံးမျက်နှာထဲက တစ်ခုက Big Large Objects (BLOBs) ကိုသုံးပြီး Stored Procedure တစ်ခုရေးခိုင်းတာပါ .. အဲ့လိုမျိုး တခါမှမသုံးဖူးတော့ ကျွန်မလဲ ဖြေရမယ့်နေရာမှာ ငါ မသုံးဖူးလို့ မရေးတတ်ဘူး .. ငါ့ကို Help ပေးဖတ်ရင်တော့ ငါကောင်းကောင်းရေးနိုင်ပါတယ်လို့ ရေးခဲ့တယ် … ကျွန်မစိတ်ပေါက်လာရင် အဲ့လိုဖြေဖြေပစ်တယ် …း)

ငါးခုမြောက်ကကျတော့ ကျွန်မစိတ်တို ရတဲ့ အင်တာဗျူးပါ … အဲ့ဒီကိုသွားဖို့ ကျွန်မမှာ ၁ နာရီခွဲလောက်အိမ်ကကြိုထွက်ရတယ် … ပြီးတော့ ဟိုရောက်တော့ ကျွန်မရှေ့မှာ တစ်ယောက်ကို ဗျူးနေတယ် … ပြီးတော့ ကျွန်မ အလှည့်လဲရောက်ရော ၁၅ မိနစ်လောက်ပဲ ပါစင်နယ်နည်းနည်းမေးတယ် .. ပြီးတော့ ကျွန်မကို Business Intelligent သုံးဖူးလားဆိုတော့ ကျွန်မလဲ သုံးဖူးတယ် ပေါ့ .. ပြီးတော့ Analyzing Service ကိုသုံးပြီး Cube ဆောက်ဖူးလားတဲ့ .. ကျွန်မလဲ ဆောက်ဖူးပါတယ်ပေါ့ … ပြီးတော့ အဲ့ဒီ Cube ကို Box ထဲထည့်လားတဲ့ …. ကျွန်မကြောင်သွားတယ် … ဘာမေးပါလိမ့်ပေါ့ .. ငါသိတဲ့ထဲမှာ Cube ကို Box ထဲထည့်တာမပါပါဘူးပေါ့လေ …. ကျွန်မက BI ကို ခဏတာပဲသုံးဖူးတာ အရမ်းအတွင်းကျကျလဲ မသိဘူး .. မသိတာတွေမှအများကြီးရယ် …. ရှိများ ရှိသလားတောင် ထင်သွားတယ် …နောက်တော့ မေးတဲ့သူက ထရယ်ရော … ကျွန်မကို စတာတဲ့ … သူ့ကြည့်တော့ လူကြီးလူကောင်းရုပ်နဲ့ ကျွန်မကိုများ သူစ စရာကျလို့ အဲ့ဒါပြီးတော့ ဘာမှထပ်မမေးတော့ပဲ နောက်ကျရင် ပြန်ဆက်သွယ်မယ်ဆိုပြီး ပြန်ခိုင်းလိုက်လို့ ကျွန်မ စိတ်တိုပြီး ပြန်ခဲ့ရတဲ့ အင်တာဗျူးပေါ့ … ပြီးတော့ ပြန်လဲမဆက်သွယ်ပါဘူး …

ခြောက်ခုမြောက်ကကျတော့ ကျွန်မကို အေးဂျင့်က ညွှန်တဲ့လိပ်စာက မှားနေတော့ ကျွန်မမှာ ကာကီဘူကစ်ထဲ ပတ်ချာကိုလည်လို့ ... နောက်ဆုံးတော့ တွေ့ပါတယ် … သို့ပေမယ့် သူကလဲ ကျွန်မ မကျွမ်းကျင်တဲ့အပိုင်းတွေချည်းပဲမေးလို့ ကျွန်မ သိပ်မဖြေနိုင်ခဲ့ဘူး … အဲ့ဒါလဲမရပါဘူး …

ခုနှစ်ခုမြောက်က ကျတော့ ကျွန်မဆီကို မေးလ်နဲ့ မေးခွန်းခြောက်ခု အရင်ဖြေခိုင်းတယ် … အဲ့ဒါကို သဘောကျရင် သူတို့က ဖုန်းအင်တာဗျူးခေါ်မယ်တဲ့ … ကျွန်မဖြေပြီးတော့ သူတို့က သဘောကျလို့ ဖုန်းအင်တာဗျူးခေါ်ပါတယ် … ဖုန်းအင်တာဗျူးမှာ အဆင်ပြေရင် သဘောကျရင် လူတွေ့ခေါ်မယ်တဲ့ …. အိုခေပေါ့ … ကျွန်မ ဖုန်းအင်တာဗျုးဖြေတယ် … နောက်နေ့ချက်ခြင်း လူတွေ့ခေါ်တယ် …. ကျွန်မကတော့ အလုပ်ရတော့မယ်ပေါ့ .. နှစ်ဆင့်အောင်သွားပြီဆိုတော့ … နောက် လူတွေ့မှာလဲ အင်တာဗျူးတဲ့သူက သဘောကျတယ် ဒါပေမယ့် သူက မေလကုန်ကျရင် နောက်ဆုံးအင်တာဗျူးရှိသတဲ့ …
သူတို့ ကုမ္ပဏီက ဂျာမနီဘေ့စ်ဆိုတော့ ဟိုက ဂျာမန်တွေက Technical ထပ်ဗျူးပါမယ်တဲ့ … ဆိုတော့ ခုထိ Pending ကြီးနဲ့ဒီအတိုင်းကျန်နေတယ် …

ရှစ်ခုမြောက်က အင်တာဗျူးကတော့ ကျွန်မအားအရဆုံးတစ်ခုပါ …မေးခွန်းပေါင်း ၁၁ ခုရယ် Test Plan တစ်ခုရယ် ရေးခိုင်းတာပါ … ကျွန်မ အကုန်လုံးမှန်အောင်ဖြေဆိုနိုင်ပါတယ် … နောက်ဆုံးတော့ အေးဂျင့်က ကွန်ဖန်းပဲစောင့်နေတာ အိုခေတယ်ပြောပြီး နောက်ထပ်လူတစ်ယောက်ထပ်ထည့်ထားသေးတယ်တဲ့ … လစာအဆင်ပြေတဲ့သူယူမယ်ပြောပြီး ကျွန်မကျန်ခဲ့ပါတယ် …

ကိုးခုမြောက်ကတော့ Monster မှာတင်ထားတဲ့ ကျွန်မရဲ့ Resume ကို တွေ့လို့တဲ့ လာဆက်သွယ်တာပါ … ကျွန်မက .Net သမား … တကယ်လဲသွားရော Coldfusion ရယ် အက်ဆေးအတိုနှစ်ပုဒ်ရယ် ဖြေရမယ်တဲ့ … ကျွန်မက ဒေါ့နက်အတွက်လျှောက်တာဆိုတော့ သူတို့က ဒေါ့နက်ခေါ်တာမဟုတ်ဘူးတဲ့လေ… ကျွန်မက ထိုင်ရမလို ထရမလိုနဲ့ ပြန်ရင်ကောင်းမလားစဉ်းစားနေတုန်း ကျွန်မကို စာမေးပွဲဖြေသွားပါ လုပ်ရော … ဒီတော့ ကျွန်မလဲ မထူးဘူးဆိုပြီး Coldfusion ၈ ပုဒ်လောက်ကို C# နဲ့ဖြေခဲ့လိုက်တယ် … ပြီးတော့ Analyst Questions သုံးမျက်နှာစာကို Viva ဖြေခဲ့ရတယ် .....

ဆယ်ခုမြောက်ကလဲ ကိုယ်ကနည်းနည်းသိရင် သူတို့က နက်နက်ဆင်းမေးတယ် … နောက်တော့ ဖြေရမှာတောင် ကြောက်လာတာနဲ့ မသိရင် မသိဘူးပဲ ပြောလိုက်တော့တယ် .. အဲ့ဒီတော့ မရဘူးပေါ့ ဟဲ ဟဲ …

ဆယ့်တစ်ခုမြောက်ကတော့ ကျွန်မရသွားတဲ့အလုပ်ပါ … Technical Questions တွေကို ဖုန်းနဲ့ဗျူးပါတယ် … ကျွန်မမှာ ကွန်ပျူတာရှေ့ငုတ်တုတ်ထိုင်ပြီး ဂူတောင်မဂယ်နိုင်အောင် ဆက်တိုက်မေးပါတယ် … နာရီဝက်တိတိပါ … အဲ့ဒါ အောင်သွားတော့ နောက်နေ့မှာ ဒုတိယအကြိမ်ကို နောက်တစ်ယောက်က နာရီဝက်တိတိပါပဲ ဖုန်းနဲ့ဗျူးပြန်ပါတယ် …အဲ့ဒါအောင်သွားပြန်ပါတယ် … နောက်ဆုံးအကြိမ်အဖြစ်လူတွေ့ခေါ်ပါတယ် … စာအနည်းငယ်မေးတယ် .. နောက်တော့ ဖိအားများရင်လုပ်နိုင်သလား … အိုတီဆင်းနိုင်လား … တစ်ယောက်တည်းဆိုရင် လုပ်နိုင်လား .. အဖွဲ့နဲ့ရောလုပ်နိုင်သလား .. စသဖြင့် ပုံမှန် အင်တာဗျူးမေးခွန်းတွေနဲ့ အဆုံးသတ်ပြီးသကာလ အလုပ်ရသွားပါတယ် …

ကျွန်မ၀င်ခဲ့တဲ့ ကုမ္ပဏီတွေက Hutcabb, Phillip Securities, Lanworks , NLB, SingHealth, ADC Technologies, Invers Asia, Chartered Semiconductor, Recruitment Asia Pacific Regional Office, Hewlett Packard, STATS Chip PAC တို့ဖြစ်ပါတယ် ..
ကျွန်မ၀င်ခဲ့ဘူးတဲ့ ကုမ္ပဏီတွေက အင်တာဗျူးတွေရခဲ့ရင် ကြိုပြီးပြင်ဆင်ချင်တယ်ဆိုရင် ကျွန်မကိုပြောပါ .. ကျွန်မ မှတ်မိသလောက် အကုန်ပြန်ပြောပြပါမယ် … ဘာလို့ဒီလိုပြောသလဲဆိုတော့ အင်တာဗျူးတွေဆိုတာ တချို့အတွက် သိပ်လွယ်ကူတတ်ပေမယ့် တချို့တွေအတွက်သိပ်ခက်ခဲတတ်ပါတယ် .. အသိရှိရင် ရှိသလိုလဲ အလုပ်ရသွားတတ်ပါတယ် … ကျွန်မလို အသိမရှိ၊ စာပုံမှန်မလုပ်ဖြစ်သောသူများ ကျွန်မလို စိတ်မညစ်ရအောင် ကျွန်မ ပြန်မျှဝေချင်တဲ့သဘောပါ … အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေရှင် ….

15 Comments:

Anonymous said...

အဆင်ပြေသွားပြီဆိုတော့ အကြွေး ဆပ်လို့ရပြီပေါ့နော်..။မေ့နေပြီလား အကြွေးဆပ်ရဦးမယ်ဆိုတာလေ :P
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ကြယ်ပြာ said...

မမေ့ပါဘူး ... နဖူးခြောက်ချက်ရယ် ... မုန့်သုံးပွဲရယ် ... မှတ်မိပါတယ် ... အေးဆေးပေါ့ ... နော ... :P

ကိုလူထွေး said...

ဝေးးးး

ရွှီးးးး ရွှီးးးး ရွှီးးးးး

ဖြောင်းဖြောင်းဖြောင်းးးးး

အလုပ်အသစ်ပြန်ရတယ်ဆိုလို့  ကောင်းချီးပေးတာ။

လခရရင် အကြွေးတွေပြန်ဆပ်တော့...
(အဲ... လက်လွန်သွားပြီ။ လူတွေသိကုန်ပြီထင်တယ်)

ကိုလူထွေး said...

ပျော်နေတယ်ပေါ့..
မုန့် ဝယ်ကျွေးအုန်း

ကောင်းကင်ပြာ said...

ဝမ်းသာစွာ လာဖတ်သွားတယ် ညီမလေးရေ၊

မိုးစက်အိမ် said...

အလုပ်ရသွားတဲ. အတွက် အမရဲ.
အရည်အချင်းကို ဂုဏ်ယူဝမ်းသာပါကြောင်း...

သားကြီး said...

congratuation ပါအစ်မရေ
postတွေများများပြန်တင်နိုင်ပါစေလို့...
မျှော်နေမယ်အမြဲ :)

အိုက်ခီလောက် said...

အင်းအမရေ အနော့လည်းဝမ်းသာပါတယ်
ခုလို အဆင်ပြေပြေလေးတွေ့ ရတော့ဝမ်းသာတယ်
အမက ဇွဲရှိလို့ ပေါ့ ဒီလိုတွေးထားပါတယ်

flowerpoem said...

အလုပ်အသစ်ရလို့ ၀မ်းသာပါတယ် မကြယ်ပြာ
မုန့်ကျွေးပါ..

သူကြီးမင်း (တုံးဖလား) said...

ညီမက အင်တာဗျူးတွေ အများကြီးဖြေခဲ့ရတော့ စိတ်မောလူမော ဖြစ်နေရောပေါ့။ ဘာဘဲဖြစ်ဖြစ် နောက်ဆုံးမှာ အလုပ်အဆင်ပြေသွားတယ်ဆိုလို့ ၀မ်းသာပါတယ်။

ပျော်ရွှင်ပါစေ။

ကြယ်ပြာ said...

ဝမ်းသာပေးတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးပါ ....
မုန့်ကျွေးပါဆိုတဲ့သူငယ်ချင်းများကို တကယ်မုန့်ကျွေးချင်တာပါ .... တကယ်ကြီးနော် .... ကြုံများကြုံခဲ့ရင် တကယ်ကျွေးပါမယ် ....

mgngal said...

ကွန်ဂရက် ကျူလေးရှင်းပါ အစ်မ ။ အားလုံး အဆင်ပြေပါစေ ။း)

Melody said...

ဝမ်းသာတယ်ဗျို့ ။ (အလုပ်ရပြီဆိုလို့ ) ဖုန်းဆက်လို့ လည်း မမေးဖြစ်ဘူး။ (ပြန်ရတော့မယ်ဆိုရင် အားနာလို့ ) blog လည်း မဖတ်ဖြစ်ဘူး ဆိုတော့ ကာ ခုမှပဲ သိရတာ မရယ်။

ကိုရဲ said...

အဆင်ပြေရင် Tag ကြွေးတွေ စတင်ပေးပါတော့မယ် ။ အယ်ဟယ်ဟယ် ။ စိတ်လေလို့ ဘာမှမလုပ်တာကနေ ခုအသစ်ကပြန်စနေပါတရ် ။ ပျော်ရွှင်နိုင်မှာပါ ။

(မင်းရဲကျော်စွာနဲ့ လားလားမျှမသက်ဆိုင်သော မောင်လေး ငရဲ ငှဲငှဲငှဲ )

nu-san said...

ညီမလေးရေ.. အခုလောက်ဆို အလုပ်သစ်စနေပြီပေါ့.. အလုပ်အင်တာဗျူးတွေအကြောင်း ရေးထားတာဖတ်ရင်း လန့်တောင် လန့်မိတယ်... အများကြီးပဲ မေးတာနော်.. အလုပ်ရဖို့ကလည်း မလွယ်ဘူးပဲ။ ဘာပဲဖြစ်ဖြစ် အစစအရာရာ အဆင်ပြေသွားတော့ ၀မ်းလည်းသာတယ်.. ပျော်လည်းပျော်တယ်.. :) Congratulations!!!